Sales Hotline : 09448001653       Download App



ရိုးရှင်းသည့် မူဝါဒသုံးခုဖြင့်တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းများကို သတ်မှတ်ထားကြောင်း

ရိုးရှင်းသည့် မူဝါဒသုံးခုဖြင့်တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းများကို သတ်မှတ်ထားကြောင်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရိုးရှင်းသည့်မူဝါဒ () ခုဖြင့် တက္ကသိုလ်ဝင်ခွင့် ရာခိုင်နှုန်းများကို သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါသည်။

 

Private High School (323) ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ပတ်သက်ပြီး (323) ခု ရှာရန်နှိပ်ပါ။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရိုးရှင်းသည့်မူဝါဒဖြစ်သော မည်သည့်ခွဲခြားမှုမျှမရှိဘဲ (No Discrimination)၊ တစ်ဦးတစ်ယောက်မျှမချန်ရစ်ထားဘဲ (No One is Left Behind)၊ ကျောင်းထွက်သူလုံးဝမရှိစေရေး (No School Drop Out) မူဝါဒဖြင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိသည့် တက္ကသိုလ်များအနက် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ဝေးလံခေါင်သီ ဒေသရှားပါး စရိတ်ခံစားခွင့်ပြုထားသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်တက္ကသိုလ်တွင် () ရာခိုင်နှုန်းစီဖြင့်လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ဘာသာတွဲ () ခု သိပ္ပံဘာသာတွဲ၊ ၀ိပ္ပံဘာသာတွဲ၊ ၀ိဇ္ဇာဘာသာတွဲအတွက် ဘာသာတွဲတစ်ခုလျှင် () ရာခိုင်နှုန်းစီဖြင့်လည်းကောင်း၊ ပညာရေးကောလိပ်များတွင် () ရာခိုင်နှုန်းစီဖြင့်လည်းကောင်း ၀င်ခွင့်ရာခိုင်နှုန်းများသတ်မှတ်၍ အနိမ့်ဆုံးရှိသင့်သည့် အရည်အချင်းအရလည်း ၀င်ခွင့်ပြုပေးလျက်ရှိကြောင်း” ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းပြောကြားခဲ့ပါသည်။

 

primary school (77) မူလတန်းကျောင်းများနှင့် ပတ်သက်ပြီး (77) ခု ရှာရန်နှိပ်ပါ။

 

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တွေမှာ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှာ တက်ခွင့်ရတဲ့ ဒေသခံကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တက်ရောက်ခွင့်ရရှိရန် စီစဉ်ထားတယ်လို့သိရပါတယ်။

 

Read More:>>> ဆရာ/ဆရာမများ အဝေးသင်တက်ရောက်မည်ဆိုပါက သတင်းပို့ရန်ညွှန်ကြားထား

 

Source: Internet

 

News Read 3952 times