Sales Hotline : 09448001653       Download App



ပညာရေးလုပ်ငန်းကြီးတစ်ခုလုံး၏ အဓိကသော့ချက်သည် ဆရာ၊ ဆရာမများပင်ဖြစ်

ပညာရေးလုပ်ငန်းကြီးတစ်ခုလုံး၏ အဓိကသော့ချက်သည် ဆရာ၊ ဆရာမများပင်ဖြစ်

ပညာရေး အယူအဆ၊ ပညာရေး ရည်မှန်းချက်၊ ပညာရေးလုပ်ငန်းစဉ်များသည် ခေတ်စနစ်နှင့်အတူ လိုက် ပါပြောင်းလဲနေစေကာမူ မည်သည့်အခြေအနေမျိုးတွင်မဆို ပညာရေး လုပ်ငန်းကြီး တစ်ခုလုံး၏ အဓိကသော့ချက်သည် ဆရာ၊ ဆရာမများပင်ဖြစ်ကြောင်း နေပြည်တော် ရုံးအမှတ် (၂၁) ခန်းမတွင် အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့သော ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံအနေဖြင့် ယခုအခါတွင် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ပညာရည်ပြည့်ဝသည့် ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ် ထွန်းလာစေရေးသည် အဓိကကျလှပြီး တိုင်းပြည်၏ လိုအပ် ချက်ဖြစ်သည့် နှလုံးရည်၊ လက်ရုံးရည်နှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းစေရန် ပညာအခွင့် အလမ်းကို ဖန်တီးပေးနိုင်သူများသည် အရည်အချင်း ပြည့်ဝသည့် ဆရာများဖြစ်ကြောင်း၊ ဆရာဆိုသည်မှာ အခြေခံပညာသင်ပေးသည့်ဆရာ၊ အဆင့်မြင့်ပညာသင် ပေးသည့် ဆရာ၊ အသက်မွေးဝမ်းကျောင်း သင်ပေးသည့် ဆရာများအားလုံး အကျုံးဝင်ခြင်းဖြစ်ကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

ဆရာမြတ်၊ ဆရာစစ်ဆိုသည်မှာ အရည်အချင်း ပြည့်ဝရုံသာမက အကျင့်သီလ သမာဓိတို့နှင့် ပြည့်စုံပြီး ချစ် မြတ်နိုးဖွယ်ဖြစ်ခြင်း၊ ဉာဏ်ပညာ အမြော်အမြင်ကြီးမားပြီး ချီးမွမ်းဖွယ်ဖြစ်ခြင်း၊ တပည့်များ၏ စံနမူနာပြုထိုက်သူဖြစ် ခြင်း၊ တပည့်များ၏ဘ၀ကို မြင့်မားတိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခြင်း၊ တပည့်များ၏ ဘက်စုံအရည်အသွေး များကို မြင့်မားတိုးတက်အောင် ပြုစုပျိုးထောင်ပေးနိုင်ခြင်းစသည့် မြန်မာ့လူ့အဖွဲ့အစည်း၏ စံထားအပ်သည့် ဂုဏ်ပုဒ် များနှင့် ပြည့်စုံသူများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အခမ်းအနားတွင် အထက(၂၂) နေပြည်တော် ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်း ဖြင့် ဖျော် ဖြေခြင်း၊၂၀၁၈ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ခွင့်ရက်မပျက် ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ခြင်း၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ ပြိုင်ပွဲများမှ ဆုရရှိသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ချီးမြှင့်ခြင်းများ ထည့် သွင်းကျင်းပခဲ့သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: စံတော်ချိန်

News Read 2888 times