Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းကို အောင်စာရင်းထွက်ပြီး တစ်ပတ်အကြာတွင် စတင်ထုတ်ပေးပါမည်

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းကို အောင်စာရင်းထွက်ပြီး တစ်ပတ်အကြာတွင် စတင်ထုတ်ပေးပါမည်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ)၊ ဇွဲက ပင်ဆောင်နှင့် နေပြည်တော် ရုံး အမှတ် (၅၂) တို့တွင် ဖြေဆိုသူ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား လာရောက် ထုတ်ယူနိုင်ပြီး  အမှတ်စာရင်း တောင်းခံရာ၌ ဖြေ ဆိုသူ အမည်နှင့် ခုံနံပါတ် လိုအပ်သည်။

‘‘စနေနေ့ အောင်စာရင်း ထွက်ပြီးတာနဲ့တစ်ပတ်အတွင်း အမှတ်စာရင်းတွေကို အမြန်ဆုံး ထုတ်ပေးနိုင်ဖို့ပြင်ဆင်နေပါ တယ်။ အမှတ်စာရင်းလာထုတ် တာက တစ်ရက်၊တစ်ရက် အင်အား အရမ်းများတော့ ထုတ်တဲ့ အချိန်မှာ အရင်နှစ်ကထက်ပို အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့ လည်းကြိုးစားထားပါတယ်’’ ဟု ဒေါက်တာသိန်းဇံကပြောသည်။

READ - ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို တက္ကသိုလ် ၁၁ ခုမှ တိုက်ရိုက်ခေါ်ယူမည်

အမှတ်စာရင်း ထုတ်ယူ ရာတွင် အမှတ်စာရင်းတောင်းခံ လွှာနှင့် တံဆိပ်ခေါင်းဖိုး ကျပ် ၄၀၀ ပေးသွင်းရမည်ဖြစ်ကာ ပျမ်းမျှအားဖြင့် တစ်မိနစ်အတွင်း ကျောင်းသားနှစ်ဦး ထုတ်ပေးနိုင် ရန်မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက လျာထားသည်။

ယခင်နှစ်များက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ် နယ်မြေ) တွင် အမှတ်စာရင်းထုတ် ပေးရာ၌ ပွဲစားများအတွက် ဈေးကွက်တစ်ခုပေါ်ပေါက်ခဲ့သည်။

ယခုနှစ်တွင် ရုံးတွင်း ၀န် ထမ်းများက ငွေကြေးရယူကာ အမှတ်စာရင်းထုတ်ယူပေးခြင်း မျိုးမရှိစေရန် စီစဉ်ထားပြီး ပြည်သူများက နိုင်ငံတော်သို့ ကျပ် ၄၀၀ ပေးသွင်း၍ အမှတ်စာရင်း ကိုယ်တိုင်ထုတ်ယူပေးရန် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနကမေတ္တာ ရပ်ခံထားသည်။

ထို့အပြင် အမှတ်စာရင်း ထုတ်ယူသူများ သတင်းအချက် အလက်ပွင့်လင်းမြင်သာစွာ ရရှိ စေရေး အမှတ်စာရင်းထုတ်ယူမှု နှင့် ပတ်သက်သော ကြေညာ ချက်များကို ရုံးအတွင်း ကပ်ထား မည်ဟု ဒေါက်တာသိန်းဇံကပြော ကြားသည်။ ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ရက်အထိ ကျင်းပခဲ့ပြီး အောင်စာရင်းကို ဇွန်လ ၂ရက်တွင်ထုတ်ပြန်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7daysnews

News Read 2307 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176