Sales Hotline : 09448001653       Download App



၈ တန်းအောင်ပြီးသူများ တက်ရောက်နိုင်တဲ့ CVT Myanmar ၏ သက်မွေးသင်တန်းကျောင်း

၈ တန်းအောင်ပြီးသူများ တက်ရောက်နိုင်တဲ့ CVT Myanmar ၏ သက်မွေးသင်တန်းကျောင်း

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် CVT Myanmar ၏ သက်မွေးသင်တန်းများ ၀င်ခွင့်လျှောက်လွှာခေါ်ယူနေပြီး ဖြစ်ကြောင်း သတင်းကောင်း ပေးလိုက်ရပါသည်။

လူငယ် လူရွယ်များအတွက် အလုပ်လုပ်ရင်း ၀င်ငွေရှာနိုင်သည့် တစ်နှစ်တစ်ကြိမ်သာ ခေါ်ယူသော သင်တန်းများဖြစ်သည့်အတွက် စိတ်ဝင်စားသူများ အမြန်လျှောက်ထားနိုင်ပြီ ဖြစ်သည်။

CVT Myanmar သည် ၂၀၀၂ ခုနှစ်မှစတင်ကာ ဆွတ်ဇာလန်မှ အလုပ်သင်ပညာရေးပုံစံကို အခြေခံပြီး မြန်မာနိုင်ငံရှိ လူငယ်များနှင့် ကိုက်ညီမည့် အောက်ဖော်ပြပါ အသက်မွေး သင်တန်းများအား သင်ကြားပေးလျက် ရှိသည်။

ယခုအခါတွင် ဆရာ/မ ၀န်ထမ်းဦးရေ (၆၀) ကျော်၊ သင်တန်းခန်းပေါင်း (၃၀)၊ သင်တန်းသား (၅၀၀) ကျော်နှင့် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာသော အသက်မွေးပညာ သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင် "အလုပ်သမား လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန" မှ အသိအမှတ်ပြုသော သက်မွေးပညာ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းအဖြစ် မှတ်တမ်းတင်ခြင်း ခံရသည့်အပြင် "အမျိုးသား ကျွမ်းကျင်စံနှုန်း သတ်မှတ်ရေးအဖွဲ့" ၏ နိုင်ငံတော်အဆင့် ကျွမ်းကျင် မှု စစ်ဆေးရေးဌာနတစ်ခု ဖြစ်ပါသည်။

သင်တန်းဝင်ခွင့် လျှောက်လွှာခေါ်ယူလျက်ရှိသော သင်တန်းများ -

၁။ စီးပွားရေးပညာ အထောက်အကူပြုသင်တန်း (Commerical Assistant (CA)) - ၇၅ ဦး

၂။ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း (Electrical (EL)) - ၇၅ ဦး

၃။ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း (Cabinet Maker (CM)) - ၂၅ ဦး

၎။ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှု ဆိုင်ရာ အတတ်ပညာသင်တန်း (Hotel & Gastronomy Assistant (HG) - ၇၅ ဦး

၅။ သတ္ထုပစ္စည်း ထုတ်လုပ်မှု အတတ်ပညာသင်တန်း (Metal Worker (MW)) - ၂၅ ဦး

ကုမ္ပဏီများမှ စေလွှတ်ခြင်းခံရသော အလုပ်သင်သင်တန်းသားများသည် တစ်ပတ်လျှင် တစ်ရက်သာ CVT ကျောင်းတွင် စာတွေ့သင်ကြားရမည် ဖြစ်သည်။

ကျန် (၄) ရက်မှ (၅) ရက်တွင် မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် လက်တွေ့သင်ကြား လေ့လာကြရမည်ဖြစ်သည်။

ထို့ကြောင့် သင်တန်းလျှောက်ထားလိုသူ လူငယ်များသည် မိမိတို့ တက်ရောက်လိုသည့် သင်တန်းနှင့် ဆက်နွှယ်သော လုပ်ငန်းများမှ လက်ရှိ အလုပ်သင်ဝန်ထမ်း ဖြစ်နေရန် လိုအပ်ပြီး မိမိကုမ္ပဏီမှ သဘောတူညီမှု ရယူပြီး ဖြစ်ရမည်။

သင်တန်းကာလ (၃) နှစ် အပြီးတွင် Final Exam (စာတွေ့၊ လက်တွေ့) ကို အောင်မြင်အောင် ဖြေဆိုနိုင်ရမည် ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများအတွက် အားထားရလောက်သော မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံအသင်းအဖွဲ့များမှ အသိအမှတ်ပြုသည့် "Junior Professionals" အဆင့် ကျွမ်းကျင် ၀န်ထမ်းများဖြစ်လာမည် ဖြစ်ပါသည်။

သင်တန်းလျှောက်ထားခွင့် လိုအပ်ချက်များ -

(က) သင်တန်းအမျိုးအစား - CA, HG, EL

ဝင်ခွင့်လိုအပ်ချက်များ -  အနည်းဆုံး အခြေခံအထက်တန်းအဆင့် (၁၇ နှစ်မှ ၂၆ နှစ်)

(ခ) သင်တန်းအမျိုးအစား - CM & MW

ဝင်ခွင့်လိုအပ်ချက်များ - ရှစ်တန်းအောင် (၁၇ နှစ်မှ ၂၆ နှစ်)

မှတ်ချက် -  ကုမ္ပဏီများ၏  တောင်းဆိုမှုများအရ အသက် (၂၉) နှစ်ထိ ခြွင်းချက်အနေဖြင့် လက်ခံနိုင်ပါသည်။

သင်တန်းချိန် - လုပ်ငန်းပိုင်းဆိုင်ရာ ဘာသာရပ်များသင်ယူရန် CVT တွင် တစ်ပတ်လျှင် တစ်ရက် (နံနက် ၀၈း၀၀ နာရီမှ ညနေ ၀၄း၄၅ နာရီထိ)

လက်တွေ့သင်တန်း - လက်တွေ့သင်တန်း (PTC) ကို တစ်နှစ်လျှင် တစ်ကြိမ် (နှစ်ပတ်မှ သုံးပတ်)

လျှောက်လွှာထုတ်ပေးသည့်ရက် - တနင်္လာနေ့မှ သောကြာနေ့ (ရုံးချိန်တွင်း)

လျှောက်လွှာလက်ခံသည့်ရက် - တနင်္လာနေ့မှ သောကြာနေ့ (ရုံးချိန်တွင်း)

လျှောက်လွှာပိတ်သည့်ရက် - ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံး

သင်တန်းဝင်ခွင့်လျှောက်ထားလိုသူများသည် အထက်ဖော်ပြပါ ရုံးချိန်အတွင်းတွင် "CVT မှ သတ်မှတ်ထားသော ကုမ္ပဏီ၏ ထောက်ခံစာနှင့် လျှောက်လွှာ" အား အောက်ဖော်ပြပါရုံးတွင် လာရောက်ထုတ်ယူ၍ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာပေးပို့ရန်နှင့် အသေးစိတ် မေးမြန်းရန် လိပ်စာ -

အမှတ် (၄၂)၊ ကမ်းနားလမ်း၊ တတိယထပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးချုပ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်။

ဖုန်း - ၀၁-၃၈၃၆၇၆၊ ၀၉-၇၃၁၆၆၂၀၆

Email - [email protected],

Website - www.cvt-myanmar.com

News Read 9425 times