Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင် ဒီပလိုမာသင်တန်းသား ရွေးချယ်ရေး "မူ”

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင် ဒီပလိုမာသင်တန်းသား ရွေးချယ်ရေး "မူ”

 

() တိုင်းဒေသကြီး/ပြည်နယ် များရှိ မူလတန်းကျောင်းသား စုစုပေါင်းကို မူတည်၍ မြို့နယ်အလိုက် ကျောင်းသားဦးရေနှင့် ပညာရေးကောလိပ်၏ ၀င်ဆံအင်အားအရ မြို့နယ်များအလိုက် သင်တန်းသားများကို ရွေးချယ်ပါမည်။

 

၎င်းမြို့နယ်အတွင်း လျှောက်ထားသူမရှိခဲ့ပါက နီးစပ်ရာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ထိ အဆင့်ဆင့် စဉ်းစား ရွေးချယ်ပါမည်။

 

() မြို့နယ်အတွင်း ဘာသာတွဲအလိုက် လျှောက်ထားသူဦးရေ သတ်မှတ်ရာတွင် သိပ္ပံဘာသာတွဲ ၃၀ ရာခိုင်နှုန်း၊ ၀ိပ္ပံဘာသာတွဲ ၄၀ ရာခိုင်နှုန်း၊ ၀ိဇ္ဇာဘာသာတွဲ ၃၀ ရာခိုင်နှုန်း သတ်မှတ်ရွေးချယ်ပါမည်။

 

၎င်းမြို့နယ်အတွင်း ၀ိဇ္ဇာဘာသာတွဲဦးရေ နည်းနေပါက ၀ိပ္ပံဘာသာတွဲ နှင့် သိပ္ပံဘာသာတွဲတို့မှ သင်တန်းသားများအား ပိုမိုခေါ်ယူပါမည်။

 

READ - ပညာရေးကောလိပ်များမှ လျှောက်လွှာ ခေါ်ပြီဗျို့READ - ပညာရေးကောလိပ်များမှ လျှောက်လွှာ ခေါ်ပြီဗျို့

 

() ပညာရေးကောလိပ်ဝင်ခွင့်လျှောက်ထားရမည့် ၀င်ခွင့်သတ်မှတ်ချက် အရည်အချင်းနှင့် ကိုက်ညီပါက ပညာရေးကောလိပ်များ၏ ၀င်ဆံ့အင်အား၊ ကျား၊ မ အရေအတွက်အရ မြို့နယ်အလိုက် ခွဲတမ်းဖြင့် ၀င်ခွင့်ပြုမည်။

 

() သင်တန်းသားများ၏ တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်း ရမှတ် ကြီးငယ်စဉ်အရ ရွေးချယ်ပါမည်။

 

() ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ၊ ပညာရေးကောလိပ် သင်တန်းဝင်ခွင့် လျှောက်ထားသူဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ သင်တန်းတက်ရောက်ခွင့်ပြုရန် သတ်မှတ်ထားသော လက်ခံသင်ကြားမည့်ဦးရေ၏ ၅ ရာခိုင်နှုန်း လက်ခံမည်။

 

() ပညာရေးကောလိပ် တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်။ ဒီပလိုမာ လက်မှတ်ရရှိပြီး နောက် မူလတန်းပြဆရာအဖြစ် အနည်းဆုံး () နှစ်ကြာ တာဝန်ထမ်းဆောင်ပါမည်ဟု ၀န်ခံကတိ လက်မှတ်ရေးထိုးရမည်။

 

() သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ခြင်းမရှိပါက လျော်ကြေးငွေ ၃၀၀၀၀၀/- (ကျပ်သုံးသိန်းတိတိ) ကို ပေးလျော်ရမည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

source: myanmar alinn

News Read 5853 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176