Sales Hotline : 09448001653       Download App



အဝေးသင်ကျောင်းသားများအတွက် အလွန်အရေးကြီးသော ချလန်

အဝေးသင်ကျောင်းသားများအတွက် အလွန်အရေးကြီးသော ချလန်

- အဲ့ချလန်က လုံးဝ (လုံးဝ) ပျက်ဆီး ပျောက်ဆုံး၍ မရပါ။ အရမ်းအရေးကြီးပါတယ်။

ကဲ … ဘာတွေအရေးကြီးလဲဆိုတော့…

၁. အဲ့ ချလန်နောက်မှာ ကိုယ့်ခုံနံပါတ်ပါပါတယ်။

အဲ့ဒီ ခုံနံပါတ်ကို ဖြစ်နိုင်ရင် ချလန်ရတာနဲ့ အလွတ်ကျက်ထားပါ။ အဝေးသင်တွေက နေ့ကျောင်းသားတွေလို ကျောင်းနေ့တိုင်းမတက်ရဘဲ ကျောင်းတက်တဲ့အချိန် အလွန်နည်းပါတယ်။

ဒါကြောင့် မတက်တာကြာတဲ့အခါ မိမိတို့ ခုံနံပါတ်ကို မေ့သွားတတ်ပါတယ်။

ကိုယ့်ခုံနံပါတ်မှ မေ့တတ်တယ်ဆိုရင်တော့ ကိုယ့်ဘွဲ့ကို မလေးစားရာရောက်ပါတယ်။ ဒါကြောင့် ခုံနံပါတ် မမေ့အောင်လုပ်ဖို့ အကြံပေးပါတယ်။

၂. ချလန်နဲ့ ပုံနှိပ်စာအုပ်၊ စာစဉ်၊ ပို့ချချက်ခွေများနှစ်လည်မဂ္ဂဇင်းတွေကို ချလန်နဲ့ ထုတ်ရတာပါ။

တစ်ခါတစ်လေ ကျောင်းအပ်ခါစမှ ပုံနှိပ်စာအုပ်တွေ မရတာရှိတတ်တယ်။ အဲ့ဒီအခါ ကိုယ်က ကျောင်းအပ်တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်တွေမထုတ်သွားဘူး။ နောက်တစ်လနေမှ လာထုတ်တယ်။ ထုတ်တာကလည်း ချလန်မပါဘဲ လာတယ်။ ဒါဆို လုံးဝ မထုတ်ပေးပါဘူး။

READ - အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် သင်တန်းများ မေလ ၁၆ ရက်အထိ ကျောင်းအပ်လက်ခံမည်

၃. စာစဉ် (Assignment) တင်ရင် ချလန်နဲ့ တင်ရပါတယ်။

အဝေးသင်ကျောင်းသားတွေက တစ်နှစ်မှာ စာစဉ် (၂) ခါ လာတင်ရပါတယ်။ Assignment တင်တဲ့ အခါ ချလန်မပါရင် လုံးဝ လက်မခံပါဘူး။

စာစဉ်တင်ရင်လည်း စာစဉ်တင်ဖို့ နောက်ဆုံးရက်ထက် နှစ်ပတ်လောက် ကြိုတင်ပေးပါ။ မနက်ဖြန်က စာစဉ်တင်ဖို့ နောက်ဆုံးရက်ဖြစ်နေပြီ ဒီနေ့မှ စာစဉ်လာတင်တယ်ဆိုရင်တော့ အဆင်မပြေပါဘူး။

စာစဉ်ကို ကျောင်းက ပို့ရတာနဲ့ စစ်ဆေးရတာနဲ့ဆိုတော့ ကြာတတ်ပါတယ်။ ဒါကြောင့် စာစဉ်တင်ရင် ချလန်ယူလာပါ။ ချလန်မပါရင် စာစဉ်တင်လို့ မရပါဘူး။ စာစဉ်မတင်မိရင် စာမေးပွဲကျမှာဖြစ်ပါတယ်။

၎. ချလန်ကို ကျောင်းသားကဒ်အဖြစ်သုံးမယ်။

ဒါက သိပ္ပံသမားတွေပိုသိပါမယ်။ အဝေးသင်တွေက စာမေးပွဲဖြေဆိုခါနီးမှ ကျောင်းသား ကဒ်ကို ရလေ့ရှိပါတယ်။ အဲ့ဒါ ကျောင်းသားကဒ်လိုရင် ကျောင်းသားကဒ်အစား ချလန်ပဲ သုံးရပါတယ်။ လက်တွေ့လုပ်တဲ့အခါမှာလည်း လက်တွေ့ ပစ္စည်းထုတ်ရင် ဆရာမကို မိမိ ချလန် ပေးထားရပါတယ်။ ပြီးတော့ လက်တွေ့ပစ္စည်းတွေ အပ်မှ ချလန် ပြန်ပေးပါတယ်။
ဒါကြောင့် ချလန်ကို ကိုယ်နဲ့မကွာ ဆောင်ထားပါ။

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ချလန်ပျောက်သွားလျှင် ကျောင်းမှာ မိမိခုံနံပါတ် ပြောပြီး ချလန် ပျောက်လာပြန်လျှောက်ရပါမယ်။ ချလန်က အရေးမကြီးဘူးထင်ပြီး ချလန်ပျောက် မလျှောက်ရင်တော့ စာစဉ်တင်လို့ မရပါဘူး။ ချလန်မပါရင် Assignment တင်လို့မရပါဘူး။ ဒါကြောင့် စာမေးပွဲကျမှာပါ။

ဒါကြောင့် အနှစ်ချုပ်ပြောရရင်

- ချလန်မပျောက်ပါစေနဲ့

-ခုံနံပါတ်မမေ့ပါစေနဲ့။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Tips Read 16013 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176