Sales Hotline : 09448001653       Download App



၎နှစ်သင် စတင်တော့မည့် ပညာရေး ဒီဂရီကောလိပ် ပညာရေး

၎နှစ်သင် စတင်တော့မည့် ပညာရေး ဒီဂရီကောလိပ် ပညာရေး

၂၀၁၉ ဒီဇင်ဘာတွင် ပညာရေးကောလိပ် ၂၅ ခု အားလုံးတို့သည် B.A (Education), B.Sc (Education)ဘွဲ့ပေးမည့် ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြင့် ရောက်ရှိမည်။

မြန်မာနိုင်ငံ ပညာရေးနယ်ပယ်၏ အသွင်ထူးခြားသော တိုးတက်ကောင်းမွန်မှုတစ်ရပ် ဖြစ်သည်။ 

ပညာရေး ဒီဂရီ ကောလိပ်ဖြစ်သွားသည့်အခါ ယခင်က ၂ နှစ်သင် ပညာရေးအစား ၄ နှစ်တက်ရောက်ရမည့် ပညာရေး ဘွဲ့သင်တန်းများ ဖွင့်လှစ်သင် ကြားမည်။

ပညာရေးဒီဂရီကောလိပ်များတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အစီအစဉ်သစ်၏ ပထမနှစ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပါ က ပညာရေးဒီဂရီကောလိပ် တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ထို့အတွက် အနည်းဆုံး ရမှတ် သတ်မှတ်ချက် မရှိပါ။ ပြီးခဲ့သည့်နှစ်က ၂ နှစ်သင်ဒီပလိုမာအတွက်တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်များတွင် တက်ရောက်သူဝင်ခွင့်ရဦးရေ ၇၀၀၀ ၀န်းကျင် ရှိခဲ့သည်။ ယခုနှစ်တွင် ၄ နှစ်သင်အဖြစ်သို့ ပြောင်းလဲကျင့်သုံးတော့မည် ဖြစ်သဖြင့် နေရာအခက်အခဲကြောင့် ၀င်ခွင့်ကို ထက်ဝက် လျော့ကျရဖွယ်ရှိပေရာ ၃၀၀၀ ဦး ၀န်းကျင်ကို လက်ခံနိုင်မည် ဖြစ်သည်။

လက်ရှိပညာရေး ကောလိပ်များမှ လုပ်ငန်းခွင်ကြို ဆရာ အတတ်ပညာလက်မှတ် (D.TEd)ရရှိထားသူများအား စာ ပေးစာယူသင်တန်းပုံစံဖြင့် B.A (Education), B.Sc (Education) ဘွဲ့ပေးရန် စီစဉ်မည်။

ဆရာအတတ်ပညာသင်တန်းကို ၂ နှစ်သာ ပို့ချသဖြင့် နိုင်ငံတကာနှင့် အာဆီယံတွင်း နိုင်ငံများ၏ ဆရာအတတ်သင်တန်း ပို့ချမှုကာလနှင့် နှိုင်းယှဉ်ပါက တိုတောင်းခြင်းကြောင့် ပို့ချမှု ကာလနှင့် ဒီပလို မာ ပေးအပ်မှု အစီအစဉ်ကို ပြင်ဆင်၍ လေးနှစ် သင်ပညာရေးဒီဂရီကောလိပ်များ အဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ် သည်ဟု ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းထားသည့် လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဒေါက်တာအောင်အောင်မင်း ၏ စာတမ်းတွင် ဖော်ပြထားသည်။


သင်ရိုးညွှန်း တမ်းအသစ်များကို UNESCO Stem Project (Strengthening Pre-Service Teacher Education in Myanmar)နှင့် ပညာရေး တက္ကသိုလ်၊ ပညာရေးကောလိပ် များရှိ ပညာရှင်များပူးပေါင်းပြီး ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် ကို အခြေခံရေးဆွဲထားသည်။
(၄)နှစ်သင် ပညာရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၊ ဖွဲ့စည်းဆောင်ရွက် ခဲ့သည်။

သင်ရိုးညွှန်းတမ်းတွင် ဘာသာရပ်နယ်ပယ်များကို အတူတကွ ဆက်စပ်ပေးနိုင်သော ချဉ်းကပ်နည်းတစ်ခုအဖြစ် Integrated Approach ကို နိုင်ငံတကာ အသုံးပြု နေသော နည်းလမ်းတစ်ခုအဖြစ် အသုံးပြုထားသည်။
Educational Studies ဘာသာရပ်တွင် ပညာရေး သဘောတရားနှင့် ပညာရေးစိတ်ပညာ ဘာသာရပ်များ၏ Key Concepts နှင့် Principles in Education များကို ပေါင်းစပ်ထည့်သွင်း ဖွဲ့စည်းထားသည်။


Theory နှင့် Practice ကို မျှတစွာ ဆောင်ရွက် တတ်စေရန် စာပေဘာသာရပ်အတွက် ပြင်ဆင်သင်ကြားပေးမှုကို လျှော့ချပြီး အသက်မွေးဝမ်းကြောင်း အတတ်ပညာတစ်ခုအဖြစ် တတ်မြောက်စေရေးအတွက် ပိုမိုပြင်ဆင်သင်ကြားပေးမည်။
သင်ရိုးညွှန်းတမ်းအသစ်သည် လက်တွေ့သင်ကြားခြင်း (Practicum) ကို အလေးပေးထားသည်။
Practicum ကို သင်ကြားရေးအချိန် ကာလစုစုပေါင်း၏(၂၀)ရာခိုင်နှုန်းကို အသုံးပြုထားသည်။
ဤသို့ သင်ကြားရေး အချိန်ကာလစုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းကို Practicum အတွက် အသုံးပြုခြင်းသည် နိုင်ငံတကာ အသုံးပြုနေသော နည်းလမ်းတစ်ခုဖြစ်သည်။

ပညာရေးတက္ကသိုလ်များနည်းတူ ပညာရေးဌာနကြီး ၄ ခု ဖြစ် ဖွဲ့စည်းမည်။
● ပညာရေးစိတ်ပညာ ၊
●ပညာရေးသဘောတရား ၊
●သင်ပြနည်း ၊
●ကာယ / ကျောင်းကျန်းမာ
● Academic Departments ၉ ခု (နှင့် မြန်မာ ၊ အင်္ဂလိပ် ၊သင်္ချာ ၊ ဓါတု ၊ရူပ ၊ဇီဝ ၊ သမိုင်း ၊ ပထ၀ီ ၊ ဘောဂ )

သင်ကြားမှုအပိုင်းကဏ္ဍများတွင်
●ပညာရေးစိတ်ပညာ နှင့် ပညာရေးသဘောတရားး
●Academic နှင့်သင်ပြနည်း Methodology
● ပညာရေး လက်တွေ့  ဖွံ့ဖြိုးမှု လုပ်ငန်းများ
● လက်တွေ့သင်ကြားခြင်း Practicum ဟူ၍ ရှိမည်။
Practicum အတွက် အချိန်သည် ပထမနှစ်မှာ နည်းပြီး နောက်နှစ်များတွင် ပိုများသွားမည်။

ပညာရေးစိတ်ပညာတွင် Child Psychology and Developmental Psychology များ သင်ယူရမည်။

ပညာရေး ဒီဂရီကောလိပ်အဖြစ်သို့ မြှင်တင်မည့် ပညာရေးကောလိပ်များ

● ကချင်​ပြည်​နယ်​ မြစ်​ကြီးနားပညာ​ရေး​ကောလိပ်

● ကယားပြည်​နယ် လွိုင်​​ကော်​ပညာ​ရေး ​ကောလိပ်

● ကရင်​ပြည်​နယ်​ ဘားအံ ပညာ​ရေး​ကောလိပ်

● ချင်းပြည်​နယ်​ ဟားခါးပညာ​ရေး​ကောလိပ်

● မွန်​ပြည်​နယ်​ ​မော်​လမြိုင်​ ပညာ​ရေး​ကောလိပ်

● ရခိုင်​ပြည်​နယ်​ ​ကျောက်​ဖြူ ပညာ​ရေး​ကောလိပ်

● ရှမ်းပြည်နယ် တောင်​ကြီး ပညာ​ရေး​ကောလိပ်​၊ ကျိုင်းတုံ ပညာ​ရေး​ကောလိပ်​၊ လာရှိုး ပညာ​ရေး​ကောလိပ်

● စစ်​ကိုင်းတိုင်း ဒေသကြီး စစ်​ကိုင်း ပညာ​ရေး​ကောလိပ်​၊ မုံရွာ ပညာ​ရေး​ကောလိပ်

● တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်​ ပညာ​ရေး​ကောလိပ်

● ပဲခူးတိုင်း ဒေသကြီး ​တောင်​ငူ ပညာ​ရေး​ကောလိပ်​၊ ပြည်​ ပညာ​ရေး​ကောလိပ်

● မ​ကွေးတိုင်း ဒေသကြီး မ​ကွေး ပညာ​ရေး​ကောလိပ်​၊ ပခုက္ကူ ပညာ​ရေး​ကောလိပ်

● မန္တ​လေးတိုင်း ဒေသကြီး မန္တ​လေး ပညာ​ရေး​ကောလိပ်​၊ မိတ္ထီလာ ပညာ​ရေး​ကောလိပ်​၊ မုံရွာ ပညာ​ရေး​ကောလိပ်

● ရန်​ကုန်​တိုင်းဒေသကြီး ရန်​ကင်း ပညာ​ရေး​ကောလိပ်​၊ သင်္ဃန်းကျွန်း ပညာ​ရေး​ကောလိပ်​၊ လှည်းကူး ပညာ​ရေး​ကောလိပ်

● ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်​ ပညာ​ရေး​ကောလိပ်​၊ မြောင်းမြ ပညာ​ရေး​ကောလိပ်​၊ ဘိုက လေး ပညာ​ရေး​ကောလိပ်

EDGE.com.mm

 

Tips Read 4579 times