Sales Hotline : 09448001653       Download App



တက္ကသိုလ်တစ်ခု နိုင်ငံတကာ အဆင့်မီစေမယ့် နည်းလမ်း ၂၀

တက္ကသိုလ်တစ်ခု နိုင်ငံတကာ အဆင့်မီစေမယ့် နည်းလမ်း ၂၀

1. To change a university, you need to change people’s incentives

ဝန်ထမ်းတွေရဲ့ ခံယူချက်ကို ပြောင်းမှ တက္ကသိုလ် လည်း တိုးတက်နိုင်မယ်။

2. To attract the best faculty, you need the best leaders

တက္ကသိုလ် ရဲ့ ပညာရေး အရည်အသွေး academic quality မြင့်တက်ဘို့ ဆိုတာ အကောင်းဆုံး ဆရာတွေရှိဘို့ လိုတယ်။ အကောင်းဆုံးဆရာ ရှိဘို့ဆိုတာ ခေါင်းဆောင်ကောင်းတွေ ရှိရမယ်။

တနည်းအားဖြင့် လူတော်တွေဟာ သူတို့ အထင်မကြီးတဲ့ မလေးစားလောက်တဲ့ သူတွေရဲ့ ဦးဆောင်မှု အောက်ကို ဝင်မလာပါဘူး။

ဥပမာ နိုင်ငံတကာ တန်းဝင်သူဆရာ တယောက်ဟာ Mickey Mouse ခေါင်းဆောင်တယောက် လက်အောက်မှာ ဘယ်တော့မှ ဝင်လုပ်မှာ မဟုတ်ပါဘူး။

3. Control quality through hiring panels.

တက္ကသိုလ်ရဲ့ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့မှာ အရည်အသွေး ထိန်းသိမ်းတဲ့ စနစ်ကောင်းတခု ရှိဘို့ လိုပါတယ်။

ဗဟို ဝန်ထမ်း တက္ကသိုလ်လို ဝန်ထမ်ရွေးချယ် လေ့ကျင့်ရေး အဖွဲ့ လို ယေဘုယျ ရွေးချယ်ရေး စနစ် နဲ့ တက္ကသိုလ် ပါမောက္ခတွေကို ရွေးချယ်ခြင်းဟာ မှားယွင်းတယ် လို့ ဆိုချင်ပါတယ်။

နောက်တခုက တက္ကသိုလ် ပါမောက္ခ ဆိုတာ ဟာ ဘာသာရပ် တခုမှာ လုံလောက်တဲ့ သုတေသန အတွေ့အကြုံ ရှိလာလို့ သက်ဆိုင်ရာ သုတေသန အသိုင်းအဝိုင်းကနေ ချီးမြှင့်ပေးတဲ့ နိုင်ငံတကာ အဆင့်မီ ရာထူး တခု ဖြစ်ပါတယ်။

တက္ကသိုလ် ပါမောက္ခ ဆိုတာ နည်းပြ သရုပ်ပြ တွေကနေ အချိန်ကြာလို့ ရာထူးတိုးလာတာ မဟုတ်ပါဘူး။

ဒါကြောင့် ပါမောက္ခ အမည်ခံပြီး သုတေသန အတွေ့အကြုံ လုံလောက်အောင် မရှိတဲ့ သူတွေဟာ အမည်ခံ ပါမောက္ခသာ ဖြစ်လာမှာ ဖြစ်ပြီး နိုင်ငံတကာ သုတေသန အသိုင်းအဝိုင်းက အသိအမှတ်ပြု မှာ မဟုတ်တဲ့ အတွက် တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

4. Hire the best

ဝင်ရောက် ယှဉ်ပြိုင်သူများ အနက်မှာ အတော်ဆုံးကို ရွေးချယ်ပါ။ ဘက်လိုက်မှု အဂတိတရား ကင်းပါစေ။

ဒီလို ဖြစ်လာဘို့ ဆိုရင် တက္ကသိုလ်ရဲ့ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့ဟာ ပညာရေး မူဝါဒနဲ့ သဘောတရား အကြောင်းကို နားလည်သူ တွေရယ် သက်ဆိုင်ရာ ဘာသာရပ်ကို ကျွမ်းကျင်သူတွေ ရယ်နဲ့ သာ ဖွဲ့စည်းသင့်တဲ့ အဖွဲ့ တခု ဖြစ်ပါတယ်။

5. Know the talent list and congratulate people

အောင်မြင်မှု တခုကို ရရှိလာရင် အဲဒီအောင်မြင်မှုကို အမှန်တကယ် ဖန်တီးသူ တွေကို သိရှိပါ။ သူတို့အားလုံးကို ထိုက်တန်စွာ ဂုဏ်ပြုပါ။

တနည်းအားဖြင့် အနားပြာတွေ မြှောက်ထိုးပင့်ကော်တွေ စားဖားတွေကို ရှောင်ပြီး တကယ် အလုပ်လုပ်သူတွေကို နေရာပေးပါ ဂုဏ်ပြုပါ။

6. No pain, no gain

အပြောင်းအလဲ လုပ်တယ်ဆိုတာ ခက်ခဲပါတယ်။ အနစ်နာခံဘို့ လိုပါတယ်။ အနာခံမှ အသာစံရမယ့် သဘောပါ။

7. Too much change, no gain

ဒါပေမယ့် အချိန်တို အတွင်း အပြောင်းအလဲများစွာကို တပြိုင်နက်တည်း လုပ်မယ်ဆို ရင်တော့ မအောင်မြင်နိုင်ပါဘူး။

တနည်းအားဖြင့် အပြောင်းအလဲဆိုတာ တဆင့်ပြီး တဆင့် အချိန်ပေးတည်ဆောက်မှ ရပါတယ်။

8. Pay a top salary if you want the right department head

ဌာနမှုးကောင်းကောင်းကို လိုချင်ရင် သူတို့နဲ့ ထိုက်တန်တဲ့ လစာကို ပေးနိုင်ရပါမယ်။

ဌာနမှုး ကောင်းကောင်းရှိမှ ဌာနဟာတိုးတက် မှာ ဖြစ်ပြီး တက္ကသိုလ် ရဲ့ ပညာရေး အရည်အသွေး academic quality မြင့်တက်ဘို့ ဆိုတာ ဟာ ဌာနမှုးတွေ ဘယ်လောက် အရည်အချင်းရှိပြီး အမြင် ကျယ် သလဲ ဆိုတာနဲ့ အများကြီး သက်ဆိုင် ပါတယ်။

9. Incentivise raising research money

တက္ကသိုလ် တခုရဲ့ အသက်ဟာ သုတေသန ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဟာ ဌာနတွေမှာ သုတေသန အလုပ်တွေ များများ လုပ်နိုင်ဘို့ ထောက်ပံငွေ များများရအောင် ရှာနိုင် ရပါမယ်။

10. Cut the red tape and reduce the number of committees

ကြိုးနီစနစ်ကို ဖယ်ရှားပြီး ကြားခံ ကော်မတီတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ရပါမယ်။ ပါမောက္ခတွေကို သူတို့ ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် အကောင်းဆုံး စီမံနိုင်အောင် ဗဟိုဦးစီး စနစ်ကို အတတ်နိုင်ဆုံး လျော့ ပေါ့ ပေးရမယ်။

11. As a leader, be accessible

ခေါင်းဆောင် တယောက် အနေနဲ့ အများနဲ့ အောက်ခြေအထိ ထိတွေ့နိုင်အောင် စီစဉ်ထားရပါမယ်။

12. Clarify the relationship between administrative and academic staff

အုပ်ချုပ်ရေး ဘက်က ဝန်ထမ်းတွေနဲ့ သင်ကြားရေး ဝန်ထမ်းတွေအကြား တာဝန် ခွဲဝေမှု တာဝန်ခံမှုကို ရှင်းလင်းအောင် ဆောင်ရွက်ထားရပါမယ်။

administrative ပြသနာတွေကြောင့် သင်ကြားရေး ဝန်ထမ်းကောင်းတွေ ဆုံးရှုံးရ တတ်ပါတယ်။ အုပ်ချုပ်ရေး ဘက်က ဝန်ထမ်းတွေက ဝင်ရောက် စွက်ဖက်ခြင်းကြောင့် တက္ကသိုလ် ရဲ့ ပညာရေး အရည်အသွေး academic quality ကျဆင်းသွား နိုင်တာကို သတိပြုရမယ်။

13. Start to train scholars in management when they are young

ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော်တွေကို အနာဂတ် အုပ်ချုပ်ရေး အပိုင်းအတွက် ခေါင်းဆောင်မှု မျိုးဆက် မပြတ်စေဘို့ အခုကတည်းက စပြီး ပြုစုပျိုးထောင်ထားဘို့ လိုပါတယ်။

14. Pick your board or council members because - and only because - they are good for the university, and then educate them

တက်ကသိုလ် အတွက် အကျိုးဖြစ်စေမယ့် အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင် တွေကို ရွေးချယ်ပြီး သူတို့ကို တက်ကသိုလ် ရှေ့ရေးအတွက် စည်းရုံးပညာပေးပါ။

15. Tell Government ‘No!’

တက္ကသိုလ် အုပ်ချုပ်ရေးအပိုင်း အပေါ် အစိုးရပိုင်းကနေ လွှမ်းမိုးဘို့ ကြိုးစားခြင်းကို လက်မခံပါနဲ့။

16. Give staff food for their tummies as well as thought

ဝန်ထမ်းတွေကို လစာကောင်းကောင်း ပေးသလို အတွေးအခေါ် ကောင်းကောင်း ရစေဘို့လည်း ပျိုးထောင်ပေးပါ။

17. Hire a scholar as leader

ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော်တွေကို ရွေးချယ်ပြီး ခေါင်းဆောင်မှုတာဝန် ကို ပေးပါ။

18. Make sure the leader stays at least five years - and preferably more

အဲဒီ ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော် ခေါင်းဆောင်တွေကို အနည်းဆုံး ၅ နှစ်အထိ တက်ကသိုလ်အတွက် အလုပ်လုပ်ပေးနိုင်အောင် စီမံပါ။

19. Give the leader plenty of power (or don’t bother hiring one)

အလားအလာရှိသူ လူတော်ခေါင်းဆောင် တွေကို ထိန်းချုပ်ဘို့ မကြိုးစားပါနဲ့။ guideline လောက်သာပေးပြီး သူတို့ဘာသာ ဦးဆောင်ပါစေ။

20. Let the leader pick his or her own top team

ငယ်ရွယ်ပြီး အလားအလာရှိသူ လူတော်တွေကို သူတို့ အဖွဲ့ဝင်တွေကို သူတို့လက်အောက်က လူတွေကို သူတို့ စိတ်ကြိုက် ရွေးချယ်ပါစေ။

အထက်က အမိန့်နဲ ထိန်းချုပ်တာမျိုး မလုပ်မိပါစေနဲ့။

#Education
Credit> Henry Cheng

Tips Read 1923 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176