Sales Hotline : 09448001653       Download App



မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်

မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်

ယခုပညာသင်နှစ်၏ အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးကျင်းပမည်ဖြစ် ပြီး ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များလည်း ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ အခြေခံပညာ အဆင့်မြန်မာစာ စွမ်းရည်ပြိုင်ပွဲကို မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပမည်ဖြစ်ရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ဟူ၍ အဆင့် သုံးဆင့်ဖြင့် ကျင်းပမည်ဖြစ်သည်။

ဗဟိုအဆင့်တွင် အထက်တန်းနှင့် အလယ်တန်းအဆင့် နှစ်ဆင့်သာ ကျင်းပမည်ဖြစ်ကြောင်း ယင်းအတွက် မိမိတို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် စာမေးပွဲများကို ကျင်းပရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“ကိုယ်ပိုင်ကျောင်းတွေ၊ ဘကကျောင်းတွေက ကျောင်းသား ကျောင်းသူတွေလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ မနှစ်ကလည်း ကိုယ်ပိုင်ကျောင်းသား/သူ တွေထဲက  ဆုရသွားတဲ့သူတွေလည်း ရှိပါတယ်၊ အဓိကက မြန်မာစာကို မြတ်နိုးပြီး ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိဖို့ပါပဲ" ဟု ပြောသည်။

မြန်မာစာစွမ်းရည်ပြိုင်ပွဲကို မြန်မာစကားပြောဆိုရာတွင်လည်း ကောင်း၊ မြန်မာစာရေးသားရာတွင် လည်းကောင်း မိမိဆိုလိုရင်းကို မှန်ကန်တိကျစွာ ပြောဆိုရေး သား တတ်စေရန် မြန်မာစာရေးသားရာ တွင် မြန်မာဗျည်း၊ သရ၊ အက္ခရာ၊ စာလုံးပေါင်းသတ်ပုံ၊ အနက်၊ အဓိပ္ပာယ်၊ အသံထွက်များကို ရေးသားသုံးစွဲတတ်စေရန်၊ မြန်မာ စာပေကို ထိန်းသိမ်းအပ်သော အမျိုးသားရေး လက္ခဏာတစ်ရပ်အဖြစ် စောင့်ရှောက်နိုင် စေရန်နှင့် မြန်မာစာပေကို တန်ဖိုးထားလေ့လာ လိုက်စားလိုသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။

ယခုနှစ်၏ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာလ တတိယအပတ်တွင် ဗဟိုအဆင့် ပြိုင်ပွဲကျင်းပမည် ဖြစ်ပြီး ကျောင်းအဆင့် မှစတင်ပြီး အဆင့်လိုက် မြန်မာစာ အမှတ်အများဆုံး ရရှိသူ သုံးဦးစီ ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။


source: democracy

News Read 2410 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176