Sales Hotline : 09448001653       Download App



အဖြေလွှာပြန်လည်စစ်ဆေးခြင်း လျှောက်လွှာများကို စတင်လျှောက်ထားနိုင်တော့မည်

အဖြေလွှာပြန်လည်စစ်ဆေးခြင်း လျှောက်လွှာများကို စတင်လျှောက်ထားနိုင်တော့မည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရရှိခဲ့သည့် အမှတ်စာရင်းများနှင့် ပတ်သက်၍ ပြန်လည်စစ်ဆေးလိုသည့် လျှောက်လွှာများကို အမှတ်စာရင်းထုတ်ပေးပြီး နှစ်ပတ် အကြာတွင် လက်ခံဆောင်ရွက်ပေးသွားမည်ဟု သိရပါတယ်။

 

လျှောက်ထားသည့် အခါတွင် ဖြေဆိုသူ၏ ခုံအမှတ်၊ စာစစ်ဌာန၊ လိပ်စာ၊ ဖုန်းနံပါတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းပေးရန် လိုအပ်ပါတယ်။

 

ကျောင်းသားများ ကိုယ်တိုင် လျှောက်ထားနိုင်သကဲ့သို့ မိဘများလည်းလျှောက်ထားနိုင်ပါတယ်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က " ကလေးရဲ့ ခုံအမှတ်၊ ဖြေဆိုသည့် စာစစ်ဌာနလိပ်စာ၊ ဖုန်းနံပါတ်တွေ မှန်မှန်ကန်ကန် ဖြည့်ဖို့လိုအပ်ပါတယ်။" “ ကျောင်းသားကိုယ်တိုင် မဟုတ်ရင်တောင် မိဘအုပ်ထိန်းသူမှ လျှောက်ထားလို့ ရပါတယ်။" အများနဲ့မဟုတ်ပဲ တစ်ဦးတည်းကိုသာ ပြန်လည်စစ်ဆေးပေးတာ ဖြစ်တဲ့အတွက် တိကျတယ်၊ ဘယ်မှာဘယ်လို ဆိုတာ တိတိကျကျ ပြန်ဖြေပေးတယ်" ဟုသိရပါတယ်။

 

ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ရရှိတဲ့အမှတ်စာရင်းအပေါ် စိတ်ကျေနပ်မှုမရှိလို့ အဖြေလွှာကို ပြန်လည်စစ်ဆေးပေးဖို့ လျှောက်ထားမှုအတွက် စစ်ဆေးခကို တစ်ဘာသာလျှင် ငွေကျပ် (၂ သောင်းခွဲ) အဖြစ်တိုးမြှင့် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

 

အဖြေလွှာ ပြန်လည်စစ်ဆေးဖို့ တင်ပြလိုသူတွေ အနေဖြင့် အမှတ်စာရင်းထွက်ရှိပြီး (နှစ်ပတ်) အကြာတွင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

 

Read More: ၂၀၁၉ ခုနှစ် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း

 

လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီဌာန နေပြည်တော် ရုံးအမှတ် (၅၂)(သို့) ရန်ကုန်ရုံးခွဲ (ပါရမီလမ်း၊ လှိုင်မြို့နယ်) တို့တွင် လျှောက်လွှာပုံစံယူ၍ လျှောက်ထားရမည် ဖြစ်ပါတယ်။

 

ကျောင်းသား/သူများက ပြန်လည်ပြင်ဆင်ပေးဖို့ လျှောက်ထားတဲ့ ဘာသာရပ်အဖြေလွှာစာအုပ်တွေမှာ အပုဒ်စေ့ စစ်ဆေးထားခြင်းရှိ/မရှိ၊ အမှတ်ပေး စည်းမျဉ်းနှင့် အညီစစ်ဆေးထားခြင်း ရှိ/မရှိ၊ အမှတ်ပေါင်း မှန်ကန်မှု ရှိ/ မရှိ တို့ကို သက်ဆိုင်ရာ တက္ကသိုလ်များက ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေ၏ စစ်ဆေးမှုတွေအရ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ ကာယကံရှင်ကို မှားယွင်းမှု မရှိကြောင်း စာနှင့် အကြောင်းပြန်ကြားပေးမယ် ဟုသိရှိရပါတယ်။

 

Source: kumudar Journal

 

 

News Read 1374 times