Sales Hotline : 09448001653       Download App



ပိတ်ရက်တွေမှာ အခမဲ့တတ်ရောက်လို့ရမယ့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ

ပိတ်ရက်တွေမှာ အခမဲ့တတ်ရောက်လို့ရမယ့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ

ပညာရေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ပြီး အခြား လူမှုရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့စည်း တစ်ခုလည်း ဖြစ်ပါတယ်။ ရောင်စုံပန်းလက် အဖွဲ့ (MZ Foundation) သည်​ 30 - Star Diverse Education Center ဌာနခွဲတစ်​ခုကို ဖွင့်​လှစ်​ပြီး ​အောက်​ပါ သင်​တန်း ၃ မျိုး ကို အခမဲ့ သင်​ကြား​ပေး​တော့မှာ ဖြစ်​ပါတယ်​။ပါဝင်​တဲ့ သင်​တန်းများက​တော့

 

1.Sunday Class 

2.Saturday Class

3.Friday Class တို့ ဖြစ်​ပါတယ်​။

 

1."SUNDAY ClASS " for youths

30 - Star Diverse Education Center မှ SUNDAY Class  တစ်ခုကို ၂၁ . ၄ . ၂၀၁၉ (တနင်္ဂနွေ) နေ့ စတင်ပြီး ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ SUNDAY ClASS  ၏ သင်တန်းကာလမှာ ၃ လကြာမြင့်မှာဖြစ်ပြီး တနင်္ဂနွေ နေ့တိုင်း ​နေ့လည်​ ၁ နာရီခွဲ မှ ၃ နာရီခွဲထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်မည့် ဘာသာရပ်များကတော့

 

1. English 4 skills

2. Basic IT Course

3. Social Science   တို့ ပါဝင်မှာ ဖြစ်ပါတယ်။ 

ဘာသာရပ်များကို နယ်ပယ်အလိုက် ကျွမ်းကျင်ဆရာများက သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ပညာအရည်အချင်း ၁၀ တန်း နှင့် အထက် မည်​သူမဆို တက်​​ရောက်​ နိုင်​ပါတယ်​။

 

2. Saturday Class

တစ်​နှစ်​ပတ်​လုံး ပုံမှန်​သင်​ကြား​ပေး​နေတဲ့ အ​ခြေခံပညာ​ကျောင်းသားများအဆင့်​ Saturday Class တွင်​လည်း Basic Computer Course နှင့်​ English four skills သင်​​ပေး​နေပါတယ်​။


3. Friday club for elder education

Friday club for elder education မှာဆိုရင် မူလတန်းနှင့် အလယ်တန်းများအတွက် English Grammar , English 4 skill  ဘာသာရပ်များကို ​သောကြာ​နေ့တိုင်း ​နေ့လည်​ ၂ နာရီမှ ည​နေ ၃ နာရီခွဲ ထိ သင်​ကြားပို့ချ​ပေးမှာ ဖြစ်​ပါတယ်​။ စိတ်ဝင်စားသူ မည်သူမဆို ကျား/မ မရွေး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

လိပ်စာ - အမှတ် ၃၁ (၆ လွှာ ၊ ယာ) ၊ ၁၁၈ လမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်​ ၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် - 09-457167072 , 09-974780206

Email - [email protected]

Facebook Page - MZ Foundation Myanmar

News Read 3642 times