Sales Hotline : 09448001653       Download App



ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်များမှာ...

ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်များမှာ...

၁။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာတစ်ခုခုနှင့် ရပ်တည်နိုင်ရေးအတွက် ပညာသင်ရသည်။

၂။ လူ့ယဉ်ကျေးမှု ထွန်းကားပြန်ပွားရန် ပညာသင်ရသည်။

၃။ စဉ်စားတွေးခေါ်တတ်စေရန် ပညာသင်ရသည်။

၎။ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုအတွက် ပညာသင်ရသည်။

၅။ ကိုယ်ကျင့်တရား ထိန်းသိမ်းတတ်စေရန် ပညာသင်ရသည်။

သို့ဖြစ်ရာ ထိုပညာများကို လက်ဆင့်ကမ်းရန် ဆရာများလိုအပ်သလို စာအုပ်စာတမ်းကောင်းများ လိုအပ်သည်မှာ ပြောစရာလိုသော ကိစ္စပင်မဟုတ်ပါ။ မိဘတိုင်းသည်လည်း မိမိသား၊သမီးများကို သာမန်ထက် ထူးချွန်စေလိုကြသည်။

သို့သော် အများစုကမရည်ရွယ်ဘဲ မေ့နေ တတ်သည်မှာ မိမိတို့ကလေးငယ်များအတွက် စာအုပ်ကောင်းများ လက်ဆောင်ဝယ်ပေးရန် ဆိုသည်အချက်ဖြစ်သည်။

မြန်မာ့ပညာရေး နိမ့်ကျနေသည်မှာ ထူးဆန်သော အကြောင်းအရာတစ်ခု မဟုတ်ဟု ဆိုချင်လျှင် ဆိုနိုင်သည်။ ထိုသို့ယူဆရန် အကြောင်းရင်းလည်းရှိ ပါသည်။ ထိုအကြောင်းများထဲမှ တစ်​ခုမှာ စာကြည့်တိုက်ဟု နာမည်တပ်လောက်သည့် စာကြည့်တိုက် မရှိသလောက်နည်းပါးခြင်းနှင့် ကလေးစာပေ ထွန်းကားမှု မရှိခြင်းပင် ဖြစ်သည် ။

စာရင်းအရ ကမ္ဘာပေါ်တွင် စာကြည့်တိုက် အများဆုံးရှိသည့် နိုင်ငံတွင် ပါဝင်လောက်သည်။ သိုသော် လူငယ် ပညာတတ်ဟုဆိုသော သူများပင် အမျိုးသားစာကြည့်တိုက် ဘယ်နားရှိလဲ မေးလျှင် မသိသူက များသည်။ ရပ်ကွက်စာကြည့်တိုက် ရောက်ဖူးခြင်းသည်ပင် သူတို့အတွက် ထူးဆန်းနေသော အရာတစ်ခုဖြစ်သည်။ စာကြည့်တိုက်သည် သူတို့အတွက် သူစိမ်းဆန်နေသည်။ ပျော်စရာကောင်းသော နေရာတစ်ခုလည်း ဖြစ်မနေပေ။ ဘယ်သူကို အပြစ်တင် မည်နည်း။

ပညာနှင့် ပတ်သက်ပြီး လူသည် ၃ မျိုးသုံးစားရှိသည်ဟု အကြမ်းဆိုနိုင်သည်။

ပထမ အမျိုးအစားမှာ မည်သူမှ မတိုက်တွန်းဘဲ အလိုလို ပညာကိုငတ်မွတ်ပြီး ကြိုးစားရှာဖွေသူ။ ထိုသူများသည် မည်သည့်နေရာရောက်ရောက် ပညာကို ရအောင် ရှာတတ်သည်။ စာကိုလည်း ရသလိုဖတ်ကြသည်။ ​ခေတ်​ကာလ ၊ အ​ခြေအ​နေ အခက်​အခဲက သူတို့ အတွက်​ အတားအဆီး ဖြစ်​​နေလည်း ထိုး​ဖောက်​ထွက်​နိုင်​ကြသည်​။

နံပါတ် ၂ လူ အမျိုးအစားမှာ လမ်းပြသူရှိလျှင် လုပ်တတ်သည်။ အကူအညီကောင်းများရှိလျှင် အောင်မြင်သွားနိုင်ကြသည်။

နံပါတ်​ ၃ များကတော့ အရာအရာ အားလုံးအဆင်သင့်ရှိလည်း မလုပ်၊ မရှိလည်း ဂရုမစိုက် ။

ထိုနံပါတ် (၁ ) နှင့် နံပါတ် (၃) များမှာ လူနည်းစုဖြစ်သည်။

လူများစုဖြစ်သော လမ်းပြဖို့လိုသော သူများအတွက် အလွယ်တကူ လက်လှမ်းမီသော ပညာရနိုင်မှု နှင့် စာကြည့်တိုက်များ ရှိနေသင့်သည်။ စာအုပ်ကောင်းများ ရှိနေသင့်သည်။ ထိုအခါ ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်များအား ရရှိသူ လူဦးရေမှာ များလာပေမည်။

နံပါတ် (၁) လူတန်းစားများလည်း ထိပ်တန်း ကမ္ဘာ့အဆင့် ပညာတတ်များ ဖြစ်လာနိုင်ပေသည်။။ နံပါတ် (၃ )များမှ အချို့လည်း စိတ်ပါလာအောင် လုပ်ဆောင်လာနိုင်မည်။ အခုတော့ မြန်မာပြည်တွင် နံပါတ် (၁ ) လောက်သာ အောင်မြင်နိုင်ကြသည်။ ( စာဖတ်ခြင်း တစ်ခုကိုသာ ခွဲခြားခြင်း ဖြစ်သည်။ )

မြန်မာတပြည်လုံး မဆိုတော့ဘဲ မြန်မာပြည်၏ အတိုးတက်ဆုံးဟု ဆိုရမည့် ရန်ကုန်တွင်ပင် စာကြည့်တိုက်မှာ လောက်လောက်လားလား မရှိပါ။ BC ၊ AC များကိုသာ အများဆုံးအားကိုး နေရသည်။ ထိုစာကြည့်တိုက်များသည်ပင် စာအုပ်ရေ ၃၀၀၀၀ ကျော်ကျော်သာ ရှိသည်။

ထိုနေရာများသည် သာမန် မြန်မာမိသားစုမှ ကလေးများ လက်လှမ်းမမီပေ။ ရန်ကုန်မြို့မှ နာမည်ကြီး အစိုးရ ကျောင်းများမှာ စာကြည့်တိုက်အများစုသည်​ပင်​ အလှပြရန် သက်သက်။ ရန်ကုန်တွင်ပင် ထိုသို့ဆိုလျှင် နယ်မြို့များမှာ ဆိုဖွယ်မရှိ။ ပညာရေးကို စာအုပ်များ မပါဘဲ မည်သည့်နည်းနှင့်သင်မည်ကို စဉ်းစားကြည့်လို့မရပေ။

သာမန်​ ​ကျောင်းသား အများစုမှာ သူငယ်တန်းမှ ဆယ်တန်းအောင်သည်အထိ ဖတ်ခဲ့ဖူးသော အင်္ဂလိပ်စာအုပ်မှာ ၁၁ ​လောက်​သာရှိမည်။ ထိုစာအုပ်​များမှာ မဖြစ်​မ​နေ သင်​ယူရ​သော ​ကျောင်းပြဋ္ဌာန်းစာအုပ်​​တွေ ဖြစ်​မည်​။ ထို ၁၁ အုပ် ကိုလည်း ကောင်းကောင်း မတတ်ပေ။ ကျန်သည့်ဘာသာရပ်များလည်း ထို့အတူပင်။ အပိုဖတ်ရန် စာအုပ်များ မရှိ။ မိမိ သင်လိုက်သော သင်ခန်းစာများ အတွက် အထောက် အကူပြု စာအုပ်များ ရှားပါးလှသည် ။

ကလေးငယ်များ စာဖတ်ချင်စိတ်ရှိလာမှု၊ စာဖတ်တတ်လာမှု၊ စာ၌ စိတ်ဝင်စားလာမှုမှာ ပျိုးထောင်ရသော အလေ့အကျင့် ဖြစ်သည်။ မိမိဖတ်လိုက်သောစာသည် မိမိတတ်နေသော အဆင့်နှင့် အကိုက်ဖြစ်သော စာပေမျိုး အများအပြား လိုအပ်သည်။

Oxford မှ ကလေးငယ်များ အတွက်ထုတ်သော Dolphin Reader ၊ Macmillan မှ Young Explorers ၊ အမေရိကားမှ Scholastic ၊ လူငယ်များအတွက် အလွယ်စကားလုံးများ ဖြင့်ရေးထားသော Penguin Readers ၊ Macmillan Readers စသည့် အလွယ်ဖတ်နိုင်ရန် ထုတ်ထားသော စာအုပ်များမှာ အလွန်ကောင်းမွန်သော်လည်း စာအုပ်ဈေးများကလည်း မသေးလှ ၊ တစ်အုပ် အနည်းဆုံး ၂၅၀၀ မှ ၁၀၀၀၀ ကြားရှိသည်။

မြန်မာပြည်တွင်လည်း ဆရာကိုတာတို့အဖွဲ့မှထုတ်သော ကလေးများအတွက် မြန်မာစာအုပ်လေးများမှာ အရေအတွက် နည်းသေးသော်လည်း အကြောင်းအရာစုံပြီး အဆင့်မီလှသည်။ ထိုသို့ စာအုပ်များ ဆက်လက်ထုတ်နိုင်ရန်လည်း မိဘများ၊ ကျောင်းစာကြည့်တိုက်များမှ ၀ယ်ယူသင့်သည်။ ထိုမှသာ ပိုမို ထုတ်လာနိုင်ပေမည်။

နောက်ထပ်တွေ့ရသော ကလေးများဖတ်ရန် စာအုပ်များမှာ ဘာသာရေးစာအုပ်များ ဖြစ်သည်။ ကလေးငယ်များအား မြတ်စွာဘုရား၏ တရားတော်များကို ထုတ်ဝေပေးရာ ကောင်းမွန်သော ရည်ရွယ်ချက် ဖြစ်ပါသည်။

အားနည်းချက်မှာ အချို့  စာအုပ်ထုတ်သော သူများသည် ကလေးများ ဖတ်ရန် အင်္ဂလိပ်စာအား လျှော့ပြီး မရေးခြင်းနှင့် စာအုပ်​အချို့ မှာအမှားအယွင်း အလွန်များသော အင်္ဂလိပ်စာများ ဖြစ်နေခြင်းဖြစ်သည်။

ကံကောင်းသည့် အချက်မှာ ကလေးငယ်များက ထိုအင်္ဂလိပ်စာအား မဖတ်ခြင်းပင် ဖြစ်သည်။ ငယ်စဉ်က ဖတ်ခဲ့သော အလွန်​​ကောင်း​သော ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ၊ စသည့် စာစောင်များလည်း မည်သို့ စခန်းသွားနေသည် မသိတော့.။

နိုင်ငံပညာရေးသည် နိမ့်ကျနေသည်။ စာကြည့်တိုက်များ လိုသည်။ နောက်တဆင့် ပြဿနာမှာ ပိုက်ဆံရှိလျှင်ပင် မြန်မာစာနှင့် ရေးသားသော ၀ယ်ယူရန် စာအုပ်ကောင်း ရှားပါးနေခြင်း ပင်ဖြစ်သည်။

မြန်မာ့ သူဌေးကြီးများ ဖောင်ဒေးရှင်းထောင်ကြသည်။ ဘာကြောင့် စာကြည့်တိုက် မထောင်သည်ကိုတော့ စဉ်းစားမရသေး။ စာကြည့်တိုက်မှ ထွက်လာပြီး ကြီးပွားသွားသော သူဌေးများ နည်းသောကြောင့်လည်းဖြစ်နိုင်သည်။ (ထွန်းဖောင်ဒေးရှင်းမှလွဲပြီး)။

ကလေးငယ်များတွက် စာကြည့်တိုက်များ ၊ လူငယ်များအတွက် စာကြည့်တိုက်များ သာမက အမြန်ပေါ်လာစေချင်ပြီ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Michael Lin Lin

News Read 6010 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176