Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံသားတိုင်း စရိတ်ငြိမ်း လျှောက်ထားနိုင်တဲ့ ရုပ်ရှင်ရိုက်ကူးရေးသင်တန်း

ရုပ်ရှင်ရိုက်ကူးရေးကို စိတ်ဝင်စားပြီး နိုင်ငံခြားမှာ သင်တန်းတက်ချင်တဲ့သူတွေအတွက် အာဆီယံနိုင်ငံနဲ့ ကိုရီးယားနိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံခွင့်ရမယ့်အပြင် အတွေ့အကြုံ၊ ဗဟုသုတတွေကို ဆွေးနွေးဖလှယ်ခွင့်ရမယ့် Film Making Workshop တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

Busan Film Commission နဲ့ Asian Film Commissions Network (AFCNet) တို့ ပူးပေါင်းစီစဉ်တဲ့ ASEAN-ROK Film Leaders Incubator:FLY2024 ဇာတ်လမ်းတိုနဲ့ ရုပ်ရှင်ရိုက်ကူးရေးသင်တန်းကို မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပြီး အရွေးချယ်ခံရတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ လာအိုနိုင်ငံကို စရိတ်ငြိမ်း သွားရောက်ရမှာဖြစ်ပါတယ်။ 


ASEAN-ROK Film Leaders Incubator:FLY2024 မှာ ပထမဆုံးအနေနဲ့ Pre-production ကို Online မှတဆင့်  August 14 ကနေ October 24 အထိ (၉) ပတ် အချိန်ပေး သင်ယူရမှာပါ။ ပြီးမှ October 30 ကနေ November 13 အထိ လာအိုနိုင်ငံမှာ ၁၄ ရက်နေပြီး ရက်တိုသင်တန်း တက်ရောက်ရမှာဖြစ်ပါတယ်။ 


ASEAN-ROK Film Leaders Incubator:FLY2024 မှာ ပါဝင်မယ့် သင်ခန်းစာများ

  • 9-Week Online Pre-production
  • Intensive Filmmaking Workshop and Exercise
  • Special Lecture
  • Screenings with Instructors, followed by Q&A Session
  • Small-Group Mentoring Session
  • Production of 2 Short Films

 

Program ကို စိတ်ဝင်စားလို့ လျှောက်ချင်တယ်ဆိုရင် သင်က -

  • အာဆီယံနိုင်ငံသားဖြစ်ရပါမယ်။ 
  • ၂၀၀၀-၂၀၀၅ ခုနှစ်အတွင်း မွေးဖွားသူဖြစ်ရပါမယ်။
  • အနည်ဆုံး ဇာတ်လမ်းတို (၂) ပုဒ် (သို့) ဗီဒီယိုတွေ ရိုက်ထားဖူးတဲ့ အတွေ့အကြုံရှိရပါမယ်။ 
  • အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရပါမယ်။

 

လျှောက်ထားသူတွေထဲက မြန်မာနိုင်ငံမှ အသင့်တော်ဆုံး (၂) ယောက်ကို ရွေးချယ်ပြီး လေယာဉ်စရိတ်၊ နေထိုင်စရိတ်၊ စားစရိတ်၊ သင်တန်းခ အားလုံးကို အဖွဲ့အစည်းဘက်က အကုန်အကျခံပေးမှာဖြစ်ပါတယ်။ 

 

တင်ပြရမယ့်အချက်အလက်များ 

  • Application Form
  • Cover Letter
  • အင်္ဂလိပ်လို ၁ မိနစ်စာ မိတ်ဆက်ဗီဒီယို
  • ရိုက်ခဲ့ဖူးတဲ့ ဗီဒီယိုဖိုင် စတာတွေကို အီးမေးလ်ကနေတဆင့် ပို့ပေးရမှာဖြစ်ပါတယ်။ 

 

အပေါ်မှာ ဖော်ပြထားတဲ့ Applicattopn Form နဲ့ Cover Letter ကို အောက်ကလင့်ခ်မှာ ဒေါင်းလုပ်လုပ်ပါ။

>> http://www.filmleadersincubator.asia

 

ပြီးရင် မေလ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေးဌာနခွဲ [email protected] ကို အီးမေးလ်ပို့ လျှောက်ထားနိုင်ပါပြီ။ ရွေးချယ်ခံရတဲ့သူတွေကို ဇူလိုင်လ (၁၇) ရက်နေ့မှာ တရားဝင် ပြန်လည်ကြေညာပေးသွားမှာဖြစ်ပါတယ်။ 


 

International News Latest Post Local Read 20100 times