Local

တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ ၁၀၀ အား ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း

တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ ၁၀၀ အား ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း Google.com

ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ ဒေါက်တာကြွယ်ကြွယ်က မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးများစွာ အမှတ်ပေါင်းများစွာဖြင့် အောင်မြင်ခဲ့သော်လည်း မိမိအရည်အချင်းနှင့် ကိုက်ညီ၍ မိမိဝါသနာပါရာ အဆင့်မြင့်တက္ကသိုလ်များ သို့ မတက်ရောက်နိုင်သော အလွန်ဆင်းရဲသည့် တောင်သူလယ်သမားများ ၊ အလုပ်သမားများ၏ သားသမီးများအား နိုင်ငံတော်မှ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးရန် အစီအစဉ် ရှိ ၊ မရှိနှင့် လက်ရှိဆောင်ရွက်ပေးနေသော ပညာသင်ဆုကြေးပမာဏနှင့် အရေအတွက်တို့ကို တိုးမြှင့်ပေးရန် အစီအစဉ်ရှိ ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယ၀န်ကြီးက ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနက် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲမှာ အမှတ်အများဆုံး ရရှိသူ ၊ ၀ိဇ္ဇာဘာသာတွဲမှာ အမှတ်အများဆုံးရရှိသူနဲ့ ၀ိဇ္ဇာ ၊ သိပ္ပံ ဘာသာတွဲမှာ အမှတ်အများဆုံး ရရှိသူ စုစုပေါင်း ၁၀၀ ဖြစ်ပါတယ်။

၎င်းတို့ကို ပညာသင်ဆုအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ခွဲဝေရရှိသော ခွင့်ပြုရန်ပုံငွေအရ တစ်ဦးလျှင် ကျပ် တစ်သိန်းစီနဲ့ ပညာသင်နှစ်တစ်နှစ်လျှင် ၁၀ လ အတွက် ကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိပေးနေတဲ့ ငွေကြေးပမာဏနှုန်းထားအတိုင်းသာ ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ခွင့်ပြုဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍သာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

Source: daily eleven

Read times
Rate this item
(1 Vote)