Local

ရန်ကုန်တက္ကသိုလ်တွင် သမိုင်းနှင့်လူမှုရေးဘာသာရပ် တက်ရောက်မည့်သူများအတွက် ပညာသင်ဆုပေးအပ်မည်

ရန်ကုန်တက္ကသိုလ်တွင် သမိုင်းနှင့်လူမှုရေးဘာသာရပ် တက်ရောက်မည့်သူများအတွက် ပညာသင်ဆုပေးအပ်မည် google.com

ဒီပညာသင်ဆုကို ရန်ကုန်မြို့ရှိ နော်ဝေနိုင်ငံသံရုံးနဲ့ ရန်ကုန်တက္ကသိုလ်တို့ ပူးပေါင်း ပေးအပ်ခြင်း ဖြစ်ပြီး ပညာသင်ဆု ၁၀ ဆုကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ပညာသင်ဆုကာလအနေနဲ့ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် ပညာသင်နှစ်တွေရဲ့ တက္ကသိုလ် ပထမဘွဲ့ (Bachelor Degree) အတွက် တစ်နှစ်လျှင် ၁၀ လစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ဒီဇင်ဘာ ၄ ရက်မှ ဇန်န၀ါရီ ၁ ရက်ထိ ရန်ကုန် တက္ကသိုလ် ကျောင်းသားရေးရာဌာနမှာ လျှောက်လွှာရယူ လျှောက်ထားနိုင်ပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ ဒေါ်ခင်အေးကျော်၊ ဌာနမှူး၊ သင်တန်းရေးရာ ဌာန၊ ရန်ကုန်တက္ကသိုလ် ဖုန်း-၀၁-၅၃၄၀၉၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

Read times
Rate this item
(1 Vote)