Local

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင် google.com

ပညာသင်ထောက်ပံ့ကြေးကို တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ထဲက ပုံစံထဲမှာ ဖြည့်စွက်ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ ရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

အဲဒီရုံးတွေကနေ လိုအပ်တဲ့ စိစစ်အုပ်ချုပ်ရေးမှုတွေလုပ်ပြီး လျှောက်လွှာများကို အဆင့်မြင့်ပညာဦးစီးဌာနကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေးမှာ တစ်အိမ်ထောင်မှာ တစ်ဦးပဲ ခံစားခွင့်ရှိပါသည်။

READ - ထိုင်းနိုင်ငံရှိ Rangsit University International Program တွင် မြန်မာကျောင်းသားများ ပညာသင်ဆု လျှောက်ထားနိုင်

ပညာသင်ထောက်ပံ့ကြေးပေးရန် နိုင်ငံဝန်ထမ်းများ၏ သားသမီးများ၊ ဆင်းရဲ၍ တက္ကသိုလ်ပညာသင်ယူရန် အခက်အခဲရှိသူများ၊ ပညာထူးချွန်သူများနှင့် မိဘနှစ်ဦးမှာ မြန်မာနိုင်ငံသားဖြစ်သူများ စသည့်အချက်များကို အခြေခံစိစစ်ရမည်ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးရရှိသူများသည် တက္ကသိုလ်ပညာကို အခမဲ့ပညာသင်ယူခွင့်ရရှိမည်ဖြစ်ပြီး ပညာသင်နှစ်အဆင့်ဆင့်တွင် ကျရှုံးခြင်းမရှိပါက ဘွဲ့ရရှိသည်အထိ ပညာသင်ယူနိုင်ရန် ချီးမြှင့်ထောက်ပံ့ပေးမည်ဖြစ်သည်။

ပညာသင်ယူနေစဉ် စာမေးပွဲကျရှုံးပါက ပညာသင်ထောက်ပံ့ကြေး ရပ်ဆိုင်းခံရမည်ဖြစ်ပြီး စာမေးပွဲပြန်လည် အောင်မြင်ချိန်တွင် ထောက်ပံ့ကြေးကို ပြန်လည်လျှောက်ထားနိုင်မည် ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးဆုရရှိသူများသည် ပြစ်မှုများ ကျူးလွန်မိပါက ထောက်ပံ့ကြေးပေးအပ်ခြင်း ရပ်ဆိုင်းခံရမည် ဖြစ်ကြောင်းသိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

Read times
Rate this item
(1 Vote)