Local

Monday, 10 July 2017 11:55

ယခုပညာသင်နှစ်တွင် တက္ကသိုလ် (နေ့သင်တန်း) ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော်ကို လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ်သုံးသောင်းပေးအပ်မည်

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လက်ရှိတွင် တက္ကသိုလ်အသီးသီး၌ ပထမနှစ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာနမှ လစဉ် ကျပ်သုံးသောင်းနှုန်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။

Tuesday, 04 July 2017 10:19

တက္ကသိုလ်တက်ရန် အခက်အခဲရှိသူများကို အစိုးရက ပညာသင်ထောက်ပံ့ကြေးပေးမည်

တက္ကသိုလ်ပညာသင်ယူရန် အခက်အခဲရှိသူများကို ပညာရေးဝန်ကြီးဌာနက ပညာသင် ထောက်ပံ့ကြေးပေးမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

Thursday, 29 June 2017 14:48

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ပညာရေးတက္ကသိုလ် ဘီအီးဒီ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပညာရေးတက္ကသိုလ် ဆက်လက်တက်ရောက်ဖို့ငွေကြေး မတတ်နိုင်သူများအနေနဲ့ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်ပါတယ်။

Thursday, 22 June 2017 16:19

HND Diploma သင်တန်းကို KMD Institute တွင် ပညာတော်သင်ဆုဖြင့် လျှောက်ထားနိုင်

၂၀၁၆-၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် KMD Institute နှင့် SQA (UK) တို့ ပူးပေါင်းဖွင့်လှစ်ထားသော Higher National Diploma (Software Development) သင်တန်းကို ဇွန်၊ ဇူလိုင် တန်းခွဲများအတွက် ပညာတော်သင်ဆုများဖြင့်…

Thursday, 08 June 2017 09:38

အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I ဒီပလိုမာပထမနှစ်သင်တန်းများကို သင်တန်းသားတစ်ဦးလျှင် ကျပ်သုံးသောင်း နိုင်ငံတော်မှ ပညာသင်ထောက်ပံ့မည်ဟု ပညာရေးဒုတိယ၀န်ကြီးဆို

အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I (ပထမနှစ်) သင်တန်းသားများခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ခေါ်ယူပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၌ A.G.T.I ဒီပလိုမာ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

Friday, 19 May 2017 16:30

မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် MBA ပညာသင်ဆု ချီးမြှင့်မည်

Strategy First Institute မှ နာယကကြီးတစ်ဦးဖြစ်သော ဆရာကြီး ဒေါက်တာ ဦးအောင်သက်ထွန်းးအား ဂုဏ်ပြုသောအားဖြင့် ဒေါ်လာတစ်သောင်း MBA ပညာသင်ဆုကို ချီးမြှင့်မည် ဖြစ်ပါသည်။

Tuesday, 16 May 2017 15:06

ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် တက်ရောက်ဖို့ ငွေးကြေးခက်ခဲသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

အခုနှစ် တက္ကသိုလ်ဝင်တန်းမှာ ထူးထူးချွန်ချွန်အောင်မြင်ပြီး ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေကို တက်ရောက်ဖို့ ငွေးကြေး ခက်ခဲရှိသူများကို ပညာသင်ဆုထောက်ပံ့ကြေး ပေးအပ်မည်လို့ ရှင်သန်ရေး ကူညီမှုအသင်းက သိရပါတယ်။

Wednesday, 05 April 2017 16:24

မြန်မာကျောင်းသားများ စင်ကာပူအစိုးရ ပညာသင်ဆု လျှောက်ထားနိုင်

စင်ကာပူနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် မြန်မာကျောင်းသားများ ပညာသင်ယူခွင့်ရရှိမည့် ပညာသင်ဆု အစီအစဉ်အတွက် ဇူလိုင်တွင် စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း စင်ကာပူပညာရေး ၀န်ကြီးဌာနက ကြေညာထားသည်။

Friday, 31 March 2017 09:40

နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့ဖြစ်သော MBA မဟာဘွဲ့ကို ပညာသင်ဆုဖြင့် တက်ရောက်နိုင်

Lincol University College မှ တိုက်ရိုက်ချီးမြှင့်မည့် နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့ဖြစ်သော MBA မဟာဘွဲ့ကို ၂၀၁၇ ခုနှစ် မေလနှင့် ဇွန်လ ကျောင်းဖွင့်ချိန်တွင် တက်ရောက်သူများကို ကန်ဒေါ်လာ ၁,၀၀၀ ချီးမြှင့်မည် ဖြစ်ပါသည်။