Local

Wednesday, 29 August 2018 10:18

ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) ထူးချွန်ကျောင်းသားများအား စီးပွားရေးပညာချွန်ဆုပေးမည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)သို့ တက်ရောက်ခွင့်ရသူများအနက် ထူးချွန်သူများအား ပညာရေးဝန်ကြီးဌာနက စီးပွားရေးပညာချွန်ဆုပေးမည်ဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)သို့ တက်ရောက်ခွင့်ရသူများစာရင်းကို စက်တင်ဘာ၁၇ ရက်တွင် ကြေငြာမည်ဖြစ်ပြီး ယင်းတို့အနက်ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား စီးပွားရေးပညာချွန်ဆုပေးအပ်မည်ဖြစ်သည်။ "စီးပွားရေးပညာချွန်ဆုပေးဖို့အတွက် သတ်မှတ်ထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်တွေရှိပါတယ်။ အဲဒီအမှတ်တွေ ပြည့်မီတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုပေးတာပေါ့" ဟု အဆိုပါ တက္ကသိုလ်ကျောင်းသားရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာသင်ဆုရရှိသူများအနေဖြင့် နှစ်စဉ်ဒီဇင်ဘာမှ စက်တင်ဘာအထိ ၁ဝ လတာအတွက် တစ်လလျှင် ကျပ် ၁ဝဝ,ဝဝဝ ပညာသင်ဆုကြေးရရှိမည်ဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)ကို၂ဝ၁၅-၁၆ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့ရာထိုနှစ်တွင် စီးပွားရေးပညာချွန်ဆုရရှိသူ ၇၃ ဦး၊ ယခု ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၇၀ ဦး၊ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ၈၃ ဦးရှိခဲ့သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)တွင် Bachelor of Accounting, Bachelor of Population Studies, Bachelor of Public Administration, Bachelor of Development Studies လေးနှစ်ဘွဲ့သင်တန်းများဖွင့်လှစ်ထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ တွင် မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ ဇွန်လ ၁၅ ရက်က စကာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခွင့် ပြုခဲ့သည်။ လျှောက်ထားသူများကို လူတွေ့ နှုတ်ဖြေထပ်မံစစ်ဆေးထားပြီး ဝင်ခွင့်ရပါက စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ကျောင်းအပ်ရမည်ဖြစ်သည်။ ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ် အပြောင်းအရွှေ့စာရင်းများ ငြမ်သက်မှသာ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) တွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို သိရှိမည်ဖြစ်ပြီး စီးပွားရေးပညာချွန်ဆုရသူများကို ယင်းအချိန်မှသာ ရွေးချယ်မည်ဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) သို့ ပြီးခဲ့သည့် ပညာသင်နှစ်တွင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူ ၂၅၇ ဦးတက်ရောက်ခွင့်ရပြီး အမြင့်ဆုံးဝင်ခွင့် အမှတ် ၅၄၂ မှတ်၊ အနိမ့်ဆုံးဝင်ခွင့်အမှတ် ၄၇၇ မှတ်ဖြစ်သည်။ မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။ ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ source: 7day daily

Tuesday, 28 August 2018 10:19

ဆင်းရဲနွမ်းပါးသည့် တက္ကသိုလ်ကျောင်းသား/သူများအတွက် ပညာသင်ဆု ဘတ်ဂျက် ၁၁ ဒသမ ၄ ဘီလီယံကျော် လျာထား

လာမည့်ပညာသင်နှစ်တွင် ဆင်းရဲနွမ်းပါးပြီး တက္ကသိုလ်ပညာများ ဆက်လက်သင်ယူရန် အခက်အခဲရှိသည့် ကျောင်းသား/သူများကို ပညာသင်ဆုများ ပေးနိုင်ရန် ဘတ်ဂျက် ၁၁ ဒသမ ၄ ဘီလီယံ (ကျပ်သန်းပေါင်း တစ်သောင်းတစ်ထောင့်လေးရာ) ကျော် လျာထားသည်။ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အဆင့်မြင့်ပညာများ ဆက်လက်ပညာသင်ယူရန်အတွက် အခက်အခဲရှိသည့် ကျောင်းသား/သူများကို ပညာသင်ဆုများပေးအပ်ရန် ဘတ်ဂျက်များ လျာထားဆောင်ရွက်လျက်ရှိသည်။ ယခုပညာသင်နှစ်၏ ကျန်ရှိသည့် ခြောက်လတာ ဘတ်ဂျက်တွင် ပညာသင်ဆုများ ပေးအပ်နိုင်ရန် ၁ ဒသမ ၂ ဘီလီယံ လျာထားသည်။ လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းများ တက်ရောက်မည့် ကျောင်းသား/သူစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအတွက် ငွေကျပ် ၁၁ ဒသမ ၄ ဘီလီယံ ကျော် လျာထားသည်။ "ပထမနှစ်တက်မယ့် ကျောင်းသား/သူ ဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို စကောလားရှစ်ပေးဖို့ လျာထားပါတယ်။ ဆယ်တန်းအောင်တာ နှစ်သိန်းလေးသောင်းလောက်အောင်တယ်။ အဲဒီထဲက ဒေးကို သုံးချိုးတစ်ချိုးတက်တယ်။ ရှစ်သောင်းရဲ့ ဆယ်ရာခိုင်နှုန်းဆိုရင် ရှစ်ထောင်ကို စကောလားရှစ်ပေးတယ်။ ၂၀၁၇-၁၈ အတွက် ၄ ဒသမ ၅ ဘီလီယံ လျာထားသည်၊ အခုကျန်တဲ့ ခြောက်လအတွက် ၁ ဒသမ ၂ ဘီလီယံ လျာထားသည်။ လာမည့် ၂၀၁၈-၁၉  ပညာသင်နှစ်အတွက် ၁၁ ဒသမ ၄ ဘီလီယံ လျာထားပါတယ်။ ဒါကြောင့်ဘယ်လိုထိထိရောက်ရောက် လုပ်မလဲဆိုတာက  ဘတ်ဂျက်ကို လျားထားပါသည်။"ဟု ပြောသည်။ အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူများကို ပေးအပ်ရာတွင် စကောလားရှစ်များအဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ပညာသင်ဆုများ လျှောက်ထားခွင့်ပေးနေသော်လည်း အရေအတွက် ပြည့်မီအောင် လျှောက်ထားမှုများ မရှိကြောင်း၊ ယခုနှစ်တွင် ကျောင်းသား/သူ ရှစ်ထောင်ကို ပေးရန်လျာထားခဲ့သော်လည်း လျှောက်ထားမှုမှာ ခြောက်ထောင်သာ ရှိခဲ့သည်။ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ၂၀၁၅-၁၆ ပညာသင်နှစ်မှစတင်ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်အထိ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ခဲ့သည့်အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၆၁၂၉ ဦး ရှိပါပြီ။ မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။ ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ source: democracy

Thursday, 09 August 2018 10:40

ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရ ကျောင်းသား/သူများစာရင်းထုတ်ပြန်

ပညာရေးဝန်ကြီးဌာန ပခုက္ကူဦးအုံးဖေရန်ပုံငွေ ကြီးကြပ်ရေးကော်မတီသည် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသူများစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

Friday, 03 August 2018 16:13

100 % Scholarship ဖြင့် သင်ကြားနိုင်မည့် Business Management

Business Management ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် 100% Scholarship လျှောက်ထားနိုင်မည့် အထူးအခွင့်အရေးတစ်ခုဖြစ်ပါတယ်နော်...။

Monday, 16 July 2018 14:11

ဥပဒေမေဂျာတက်ရောက်မည့်သူများ လျှောက်ထားနိုင်တဲ့ပညာသင်ဆု

ဥပဒေမေဂျာတက်ရောက်မည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ကျောင်းသားကျောင်းသူများအတွက် ကွန်းခိုရာဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည် ဖြစ်ပါသည်။

Friday, 29 June 2018 15:20

မည်သည့်ကျောင်းသား/သူမဆို လျှောက်ထားနိုင်တဲ့ တက္ကသိုလ်ပညာသင်ဆု

ထောက်ပံ့ကြေးကို တစ်လလျှင် သုံးသောင်းကျပ် ချီးမြှင့်ပါမည်။ မည်သည့်တက္ကသိုလ်မှမဆို လျှောက်ထားနိုင်သည်။

Friday, 29 June 2018 08:45

ဆယ်တန်းအမှတ် ၄၃၀ နှင့်အထက် ရရှိသူများ ကို ပညာသင်ဆုပေးမည်

ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့်ရရှိသူများအနက် သက်ဆိုင်ရာအထူးပြု ဘာသာရပ်အလိုက် တက္ကသိုလ်ဝင် စာမေးပွဲ ဂုဏ်ထူးမှတ်နှင့်အထက်ရရှိပြီး စုစုပေါင်းရမှတ် ၄၃၀နှင့်အထက်ရရှိသူများကို ပညာသင်ဆုပေးမည် ဖြစ်သည်။

Monday, 25 June 2018 15:40

မြန်မာကျောင်းသားများ ပြည်တွင်းမှာပင် Full Scholarship ဖြင့် တက်ရောက်ခွင့်ရနိုင်မယ့် အခွင့်အရေး

ပညာသင်ဆုကတော့ ရာနှုန်းပြည့်ပေးအပ်မည် ဖြစ်တဲ့အတွက် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်သင့်တဲ့ ပွဲလေးပါ။

Friday, 22 June 2018 15:02

မြန်မာကျောင်းသား/သူများအတွက် ပေးအပ်မည့် MBA ပညာသင်ဆု (100% Full Scholarship)

လျှောက်လွှာဖွင့်ရက် - ၁၈ရက်၊ ဇွန်လ၊ ၂၀၁၈ ခုနှစ် လျှောက်လွှာပိတ်ရက် - ၇ရက် ၊ ဇူလိုင်လ၊ ၂၀၁၈ ခုနှစ်