Local

Monday, 21 January 2019 14:59

ရာနှုန်းပြည့်ပညာသင်ဆု ရရှိနိုင်မည့် ပညာရေးဆွေးနွေးပွဲ

James Cook University စင်ကာပူ သို့ ၂၀၁၉ ပညာသင်နှစ်အတွက် ရာနှုန်းပြည့် ပညာသင်ဆုများ လျှောက်ထားနိုင်မည့် ပညာရေးဆွေးနွေးပွဲသို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ ၂၀၁၉ခုနှစ် ဇန်န၀ါရီလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)၊  ၁၀း၃၀  မှ ၄း၃၀ နာရီထိ AT&S (Overseas Education Services) ၊ အဆောင် (၅) ၊ အခန်း (၄)၊ MICT Park တွင် တစ်ဦးချင်း အကြံပြု ဆွေးနွေး ပေးမည်ဖြစ် ပါ သည်။ သြစတြေးလျအစိုးရပိုင် ကမ္ဘာ့အကောင်းဆုံး ၂ % စာရင်းဝင် တက္ကသိုလ်ကြီးဖြစ်ပြီး ဘွဲ့ရရှိပြီးနောက် အလုပ်အကိုင်ရရှိမှုတွင် ကြယ် ၅ ပွင့်အဆင့်ရှိသည့် James Cook University ၏ စင်ကာပူ ကျောင်းခွဲ သို့ ၁၀၀% ပညာသင်ဆုဖြင့်  ကျောင်းလျှောက်ထားတက်ရောက်နိုင်ရန် တစ်ဦးချင်း ဆွေးနွေးပေးမည်ဖြစ်ပါသည်။ ပညာရေး ဆွေးနွေးပွဲတွင် မိမိတို့၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများကို တစ်ပါ တည်းယူ ဆောင်လာပြီး ၂၀၁၉ မတ်လ ကျောင်းဖွင့်ချိန် အတွက် ကျောင်းလျှောက်ပါက ကျောင်းဝင်ခွင့်ကြေး ကင်းလွတ်ခွင့်၊ စင်ကာပူ သို့ အသွားလေယာဉ်လက်မှတ် စသည့် အခွင့်အရေးများ ရရှိမည် ဖြစ်ပါသည်။ စင်ကာပူ ကျောင်းခွဲတွင် တက်ရောက်နေစဉ်အတွင်း စင်ကာပူ၏ ပညာသင်စရိတ်အတိုင်း သြစတြေးလျ James Cook University များသို့ ပြောင်းရွေ့ ပညာသင်ကြားခွင့်ရှိသည့် အခွင့်အရေး လည်း ရရှိနိုင်ပါသည်။ စီးပွားရေး၊ အိုင်တီ၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ စိတ်ပညာ၊ မြို့ပြဒီဇိုင်း၊ စီးပွားရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုသိပ္ပံနှင့် ပညာရေုးဆိုင်ရာ ဘာသာရပ်များကို ဘွဲ့ဒီဂရီမှ Ph.D ထိတက်ရောက်နိုင်ပါသည်။ ၁၀တန်းအောင်မြင်ထားသူများ၊ IGCSE ပြီးထားသူများသည် Pre University Foundation မှတစ်ဆင့်  ဘွဲ့ဒီဂရီတန်းတက်ရောက်နိုင်ခြင်း၊ တက္ကသိုလ် ပထမနှစ်ပြီးထားသူများ၊ ၁၂တန်း ပညာရေးပြီးဆုံး ထားသူ များသည် ဘွဲ့ဒီဂရီတန်းကို တိုက်ရိုက် ၀င်ခွင့်ရပြီး ၂ နှစ်အတွင်း ဘွဲ့ဒီဂရီကို ရယူနိုင်ခြင်း၊ HND ၊ ABE ဒီပလိုမာ ပြီးထားသူများသည် ဘာသာရပ် ကင်းလွတ်ခွင့်များဖြင့် ဘွဲ့ဒီဂရီတန်းသို့ တိုက်ရိုက် ၀င်ခွင့်ရနိုင်ခြင်း၊ MBA နှင့် MIT မဟာဘွဲ့ ဒီဂရီ များကို Joint Master အဖြစ် (၁၆) လ တက်ရာက်ပြီး ပူးတွဲဘွဲ့လွန်ဒီဂရီရယူနိုင်ခြင်းစသည့် ၀င်ခွင့်အချက်အလက်များကို ဆွေးနွေးပေးမည်ဖြစ်သည်။ ဆွေးနွေးပွဲတတ်ရောက်လိုသူများသည် James Cook University Singapore ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သော AT&S (နိုင်ငံတကာတက္ကသိုလ်ဝန်ဆောင်မှု)၊ အဆောင် (၅) ၊ အခန်း (၄)၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း - ၀၉ ၅၀၆ ၂၁၆၁ ၊ ၀၉ ၇၇၇ ၂၂၃ ၂၂၅ သို့ ဆက်သွယ်စာရင်းပေး နိုင်ပါသည်။

Wednesday, 16 January 2019 11:59

မြန်မာကျောင်းသားများအတွက် ပေးအပ်မည့် ပညာသင်ဆု

Kaplan Myanmar University College – KMUC က မြန်မာကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲတန်ဖိုးရှိ ပညာသင်ဆုများပေးမည်။ KMUC က မြန်မာကျောင်းသားများအတွက် ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ တစ်သိန်းခွဲ တန်ဖိုးရှိ ပညာသင်ဆုများကို ၂၀၁၉ ပညာသင်နှစ်အတွက် ပေးမည်ဖြစ်ကြောင်း KMUC က ထုတ်ပြန်သည်။ KMUC တွင် တက်ရောက် ပညာသင်ကြားလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် ၁၀၀ ရာခိုင်နှုန်းမှစပြီး ၂၅ ရာခိုင်နှုန်းအထိ ပညာသင်ဆုများကို ဇန်နဝါရီလ ၁၉  ရက်မှ စတင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဒီပလိုမာတန်းများအတွက် ၁၀၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း ပညာသင်ဆုများအတွက် ပထမဆုံး စာမေးပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်ပြီး မဟာတန်း ဝိဇ္ဇာဘွဲ့အတွက် ၂၅ ရာခိုင်နှုန်း ပညာ သင်ဆုနှင့် မဟာ တန်း သိပ္ပံဘွဲ့များအတွက် ၂၀ ရာခိုင်နှုန်းပညာသင်ဆုများအတွက်မူ ကိုယ်တိုင်းရေးလျှောက်လွှာနှင့် အွန်လိုင်းအင်တာဗျူး ဖြေဆိုရမည်ဖြစ်ကြောင်း KMUC မှ ကျောင်းအုပ်ကြီး ဒေါ်ခိုင်ခိုင်လင်းက ပြောသည်။ ထို့ပြင် အဆင့်မြင့် ဒီပလိုမာများအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုများကိုမူ ဒီပလိုမာတန်းများမှ ထူးချွန် ကျောင်းသားများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ KMUC မှ ဒေါ်ခိုင်ခိုင်လင်း က “ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ ပညာရေးအဖွဲ့ အစည်းကြီး တစ်ခုဖြစ်တာ နဲ့အညီ ထူးချွန်တဲ့ မြန်မာကျောင်းသားတွေရဲ့ အနာဂတ်ကို အထူးတလည် ပံ့ပိုးပေးချင်ပါတယ်။ ဒီလိုပံ့ပိုးမှုကနေတဆင့် သူတို့ရဲ့ အနာဂတ် ပညာရေးလမ်းကြောင်းအတွက် အကောင်း ဆုံး ဖြတ်သန်းခွင့်ကို ရရှိမှာဖြစ်ပြီး နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို အကောင်းဆုံး အကျိုးပြုနိုင်မယ်လို့လည်း ယုံကြည်ပါ တယ်”ဟု ပြောသည်။ KMUC တွင် အခြေခံဘာသာစကားသင်တန်းမှ စတင်ပြီး ဒီပလိုမာ၊ အဆင့်မြင့်ဒီပလိုမာ၊ ဘွဲ့ဒီဂရီ၊ ဂုဏ်ထူးတန်းနှင့် မဟာဘွဲ့စသည့် အဆင့်မြင့်ပညာရေး အစီအစဉ်များကို လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာ၊ ကွန်ပျူတာနည်းပညာ၊ စသည့် ပညာရပ်များကို လေ့လာသင်ကြားနိုင်မည် ဖြစ်သည်။ KMUC သည် အကောင်းဆုံး သင်ကြား၊ သင်ယူမှုအတွေ့အကြုံများကို မျှဝေနိုင်ရန်အတွက် ရန်ကုန်မြို့တော်တွင် အဆင့်မြင့် ကိုးထပ်အဆောက်အဦးတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာအဆင့် တက္ကသိုလ် တစ်ခုဖြစ်သည်။ KMUC ၏ ကျောင်းဆောင်သည် ရန်ကုန်မြို့တော်တွင် လူစည်ကားပြီး အချက်အချာကျရာ မြို့နယ်တစ်ခု ဖြစ်သည့် ကမာရွတ် မြို့နယ် ပြည်လမ်း အနီးတွင် တည်ရှိပြီး  KMUC တည်ရှိရာ အနီးပတ်ဝန်းကျင်တွင်ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ကျောင်းများရှိနေသည်။ Kaplan ပညာရေးအဖွဲ့အစည်းသည် နိုင်ငံတကာ ပညာရေးကို ပြည်တွင်းတွင်ပင် လက်လှမ်းမီသင်ယူနိုင်သည့် နည်းလမ်းကို အသုံးပြုကာ ကျောင်းသားတစ်ဦးချင်းဆီက ရွေးချယ်ထားသည့် ဘွဲ့ပညာရပ်များနှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိရှိ ယှဉ်ပြိုင်နိုင်စွမ်း၊ အလုပ်အကိုင်ရရှိမှုတို့ကို အာရုံစိုက်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်ပေါင်း များစွာ အောင်မြင်မှုရရှိခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ Kaplan Myanmar University College (KMUC) အကြောင်း KMUC သည် ကမ္ဘာလုံးဆိုင်ရာ ပညာရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Kaplan ကော်ပိုရေးရှင်း၏ ကျောင်းခွဲ တစ်ခုဖြစ်သည်။ Kaplan ကော်ပိုရေးရှင်းသည် The Washington Post ကုမ္ပဏီမှ ပြောင်းလဲ ထူထောင်ခဲ့သည့် Graham Holding ကုမ္ပဏီ၏ လက်အောက်ခံ ကော်ပိုရေးရှင်းကြီး တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံတကာပညာရေးနယ်ပယ်တွင် ကနဦးတည်ထောင်ခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်သည့် KMUC တွင် တက္ကသိုလ်တက်ရောက်ရန် လိုအပ်သည့် အခြေခံ သင်တန်းနှင့် ဘာသာစကား သင်တန်းများမှ စတင်ပြီး အဆင့်မြင့်ဘွဲ့ဒီဂရီများ၊ မဟာဘွဲ့များအထိ သင်ယူနိုင်မည်ဖြစ်သည်။ KMUC ၏ ကျောင်းသားများအနေဖြင့် ၎င်းတို့၏ ပန်းတိုင်ရွေးချယ်မှုအလိုက် ဘာသာရပ်အသီးသီးနှင့် ပတ်သက်ပြီး အောင်မြင်စွာ အသက်မွေးဝမ်း ကျောင်း ပြုနိုင်ရုံမျှမက နိုင်ငံ တကာရှိ လုပ်ငန်းနယ်ပယ်အသီးသီးမှ လေးစားယုံကြည်မှုရှိနိုင်စေရန်အတွက် KMUC က ရည်မှန်းချက်ထား တည်ဆောက်လျက်ရှိသည်။

Tuesday, 15 January 2019 09:32

ဆုရရှိတဲ့ ရတနာပုံ ဆိုက်ဘာစီးတီးကျောင်းသားအဖွဲ့ဒေါ်လာ ၇၅ သန်း ရန်ပုံငွေရ

အပ်ချုပ်စက်ကနေ လျှပ်စစ်ဓါတ်အားထုတ်နိုင်တဲ့ တီထွင်မှုနဲ့ရတနာပုံ ဆိုက်ဘာစီးတီးမှ ကျောင်းသားအဖွဲ့တစ်ဖွဲ့ဟာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ တီထွင်မှုအတွက် ပေးတဲ့ VentureWell OPEN 2018 ကွန်ဖရင့်မှာ ဒေါ်လာ ၃၀၀၀ တန် ဆုနဲ့အတူ ဒေါ်လာ ၇၅ သန်း ရင်းနှီးမြှပ်နှံမှု ရရှိခဲ့ပါတယ်။ Texas A&M University မှာ ကျင်းပတဲ့ Invent for the Planet ခေါင်းစဉ်နဲ့တီထွင်မှု စွမ်းရည် ပြပွဲမှာ နိုင်ငံ ၁၅ နိုင်ငံမှ ကျောင်းသားပေါင်း ၄၀၀ ကျော် ပါဝင်တဲ့ ၄၈ နာရီအတွင်း တီထွင်မှု လုပ်ပြရတာပါ။ ဒီပွဲမှာ ကမ္ဘာ့စွမ်းအင် ဆိုင်ရာ စိန်ခေါ်မှုများ ၊ စွန့်ပစ်ပစ္စည်း စီမံမှုနဲ့ဆေးပညာရပ်ဆိုင်ရာ ပြဿနာများကို နည်းပညာနဲ့ဖြေရှင်းရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် (UT-YCC) ကျောင်းသား ၅ ဦးဖြစ်တဲ့ ဗန်လာရုအဒ် ၊ သီရိကိုကို ၊ ဟိန်းဒွေးဆန် ၊ ထက်ဝေလင်းနဲ့နှောင်းသက်ထားဝေတို့ဟာ Edu-LIGHTER နာမည်နဲ့ ဝင်ပြိုင် ခဲ့တာ ဖြစ်ပြီး မိသားစုသုံး လျှပ်စစ်ထုတ်နိုင်တဲ့ အပ်ချုပ်စက်တစ်လုံးကို ပြိုင်ပွဲမှာ ပြသခဲ့တာပါ။ ဒီပွဲမှာ ပထမဆုကို အိမ်ရှင်တက္ကဆက်တက္ကသိုလ်မှ Illumi-Nite အသင်းမှ ရရှိခဲ့ပြီး Team Edu-LIGHTER က ဒုတိယဆု ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပြသတဲ့ အပ်ချုပ်စက်နမူနာဟာ ၂၂ ဒေါ်လာ ကျသင့်ခဲ့တယ်လို့လည်း သိရပါတယ်။ အနိုင်ရ အသင်း နှစ်သင်းဖြစ်တဲ့ တက္ကဆက်နဲ့ရတာပုံ ကျောင်းအသင်းတို့ဟာ သြစတင်မှာ ကျင်းပတဲ့ VentureWell 2018 OPEN Minds မှာ သူတို့ရဲ့ တီထွင်မှုကို ပူးတွဲ သရုပ်ပြသခဲ့ပြီး ဆုကြေး ဒေါ်လာ ၃၀၀ ရခဲ့တာပါ။ Illumi-Nite အသင်းကတော့ ပလတ်စတစ် ရေဗူးတွေလို စွန့်ပစ်ပစ္စည်းတွေသုံးပြီး LED မီးတွေ ထွင်ပြီး Edu-LIGHTER အသင်းကတော့ လျှပ်စစ် ထုတ်လုပ်တဲ့ စနစ်ကို တီထွင်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ သိပ္ပံသုတေသန ထုတ်ကုန်တွေကို ဈေးကွက်တင်ဖို့နှစ်စဉ်ကျင်းပနေကျ VentureWell 2018 OPEN Minds ပြပွဲနေ့မှာ တက်ရောက်လာသူများမှ ဒီအသင်းနှစ်သင်းပေါင်းထားတဲ့ ထုတ်ကုန်အတွက် ရန်ပုံငွေ Venture Bucks ဒေါ်လာ ၃ သန်း ပေးခဲ့ပြီး အခမ်းအနား  ရုပ်သိမ်းချိန်မှာ အမေရိကန်-မြန်မာ ကျောင်းသားအဖွဲ့ဟာ စုစုပေါင်း Venture Bucks အဖြစ် ဒေါ်လာ ၇၅ သန်း ရရှိခဲ့တယ်လို့ VentureWell ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။ Venture Bucks ဆိုတာကတော့ တကယ့်ငွေကြေးအစစ်အမှန်ရရှိတာမျိုး မဟုတ်ပဲ ဒီတီထွင်မှုအပေါ်မှာ ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေက မဲပေးပြီးတော့ ရွေးချယ်တဲ့ ငွေကြေးပမာဏဖြစ်ပါတယ်။ သူတို့ရဲ့ တီထွင်မှု အပေါ်မှာ လူအများ အပြားက စိတ်ဝင်စားတယ်ဆိုတဲ့ သဘောကိုဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၇ နှစ်ကလည်း FIRST Global Robotics Challenge နာမည်နဲ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှ အသင်းပေါင်း ၁၆၁ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မက္ကဆီကို ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အသင်းမှ ပြိုင်ပွဲ ၆ ပွဲမှာ ၅ ပွဲနိုင် စုစုပေါင်း ၅၈၄ မှတ် ရခဲ့ပြီး ဆဌမချိတ်ခဲ့ပါတယ်။ source: duwun

Thursday, 27 December 2018 13:50

ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများ ခေါ်ယူခြင်း

နည်းပညာတက္ကသိုလ် (မန္တလေး) လူမှုရေး အသင်းကြီးမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ပညာသင်ထောက်ပံ့ကြေး ရယူလိုသော ကျောင်းသား/သူများအနေဖြင့် ယနေ့မှစ၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် လူမျိုး ဘာသာမရွေး၊ အတန်းပညာအရည်အချင်း ကန့်သတ်မှုမရှိ၊ ပညာဆက်လက်သင်ကြားနိုင်ရန် အခက်အခဲရှိသော မည်သည့်အင်ဂျင်နီယာ ဗိသုကာ ​ကျောင်းသား/ကျောင်းသူများကိုမဆို အခက်အခဲမရှိ ပညာဆက်လက်သင်ကြားနိုင်စေရန် ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်သော အစီအစဉ်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ပထမနှစ် သင်တန်းမှစ၍ နောက်ဆုံးနှစ် (6BE)သင်တန်းအထိ ပညာသင်ထောက်ပံ့ကြေး ရယူလိုသော ကျောင်းသား/ကျောင်းသူများသည် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားလိုသော ကျောင်းသား/သူများအနေဖြင့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန်အတွက် ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများကို အောက်ဖော်ပြပါ နေရာတွင် အခမဲ့ ရယူလျှောက်ထားနိုင်ပါသည်။ နေရာ - Main Building ပထမထပ်၊ လူမှုရေးအသင်းရုံးခန်းအချိန် - နေ့လယ် (၁၁း၄၀)နာရီမှ (၁၂း၄၀)နာရီထိ မှတ်ချက် >>> လျှောက်လွှာနောက်ဆုံးလက်ခံရက်၂၈.၁၂.၂၀၁၈ သောကြာနေ့၊ ညနေ (၄း၀၀)နာရီ

Thursday, 27 December 2018 09:17

နိုင်ငံတကာ အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုလိုသည့် ကျောင်းသား/သူများကို ရာသက်ပန် ပညာသင်ဆု ပေးမည်

နိုင်ငံတကာ အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူများကို ရာသက်ပန်  IELTS Course Scholarship ပေးမည်ဖြစ် ကြောင်း  The SPACE Language Academy  မှ သိရသည်။ ပညာသင်ဆု   လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင် သူများအနေဖြင့် IELTS  Preparation Course  များကို သင်တန်းကြေး  ၁ဝဝ  ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။ ''ပထမဆုံးအနေနဲ့  IELTS  Placement Test ကို အရင်ဆုံးဖြေဆိုရပါမယ်။ Scholarship ရတဲ့သူတွေက  ရာသက်ပန် ဘယ်သင်တန်းမှာ တက်တက် တက်ခွင့်ပေးမယ်။ အမှန်တကယ် တက်ရောက်နိုင်မှသာ လျှောက်သင့်တယ်။  အမှန် တကယ် မတက်နိုင်ဘဲ လျှောက်ရင်  တကယ်တက်ချင်တဲ့သူတွေ အတွက်   နစ်နာမှုတွေရှိတယ်''  ဟု The  SPACE Language Academy မှ  Co-founder and Principal ဒေါ်မေမွန်အောင် ကပြောသည်။ ယင်းသင်တန်းတွင် IELTS  စာမေးပွဲ ကို အခြေခံမှစ၍ ပြင်ဆင်လိုသူများအတွက် IELTS  Fresher Course ၊ IELTS စာမေးပွဲကိုဖြေဆိုရန်  အနီးကပ် ပြင်ဆင်လိုသူများ အတွက် IELTS Test Taker (6+and 7 +) Courses နှင့် IELTS စာမေးပွဲဖြေဆိုလျှင် Skill တစ်ခုချင်းစီတွင် အမှတ်ကောင်း ရအောင် စနစ်တကျလေ့ကျင့်လိုသူများ အတွက်  Single Skilled Courses ဟူ၍  အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ ပညာသင်ဆု  လျှောက်ထားလိုသူများ  အနေဖြင့်  မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ် ပြီး  ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား လျှောက် ထားရမည်။ source: မြ၀တီ

Thursday, 06 December 2018 14:22

Bella က ပေးအပ်မည့် တက္ကသိုလ် ပညာသင်ဆု

အသက်မွေးဝမ်းကျောင်းပညာရပ်များ တက်ရောက်မည့်သူများကို Bella က ပညာသင်ဆု ချီးမြှင့်ရန် စီစဉ်နေကြောင်း သိရပါသည်။ ပြည်တွင်းမှ တက္ကသိုလ်ကျောင်းသား/သူများ၏ ပညာရေးကို ထောက်ပံ့ပေးသည့်အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များအား အဓိကထား၍ မေဂျာ ၁၈ ခုမှ ပထမနှစ်တက်ရောက်မည့် ကျောင်းသား/သူ ၁၇၂ ဦးကို လစဉ် ငွေကျပ် သိန်း ၁၀၀ ကျော် တစ်နှစ် ငွေကျပ် သိန်း ၁၀၀၀ ကျော် Bella National Star Scholarship ကို ယခုပညာသင်နှစ်မှ စတင်ချီးမြှင့်ရန် စီစဉ်လျက်ရှိသည်။ ထိုပညာသင်ကို ယခုပညာသင်နှစ်မှစ၍ ထူးချွန်ကျောင်းသား/သူများအနက် ၁၇၂ ဦးအား ရွေးချယ်ပြီး ပညာသင်ထူးချွန်ဆု ချီးမြှင့်ပေးမည် ဖြစ်သည်။ ပညာသင်ဆု ပေးအပ်မည့် တက္ကသိုလ်များမှာ - (၁) ဆေးတက္ကသိုလ်၊ (၂) သွားဘက်ဆိုင်ရာတက္ကသိုလ်၊ (၃) သူနာပြုတက္ကသိုလ်၊ (၄) ဆေးဘက်ပညာသည်တက္ကသိုလ်၊ (၅) ဆေးဝါးတက္ကသိုလ်၊ (၆) ပညာရေးတက္ကသိုလ်၊ (၇) စက်မှုတက္ကသိုလ်၊ (၈) သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊ (၉) ရေကြောင်းတက္ကသိုလ်၊ (၁၀) အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ (၁၁) ရန်ကုန်တက္ကသိုလ်(ဥပဒေအထူးပြု၊ ဇီဝဓာတုအထူးပြု၊ ထုတ်ကုန်ဓာတုအထူးပြု)၊ (၁၂) စီးပွားရေးတက္ကသိုလ် စတဲ့ ကျောင်းပေါင်း ၁၈ ကျောင်းက ထူးချွန်ကျောင်းသား၊ကျောင်းသူတွေထဲကမှ ၁၇၂ယောက်ကိုရွေးချယ်ပြီး ပညာသင်ထူးချွန်ဆုချီးမြှင့်မှာဖြစ်ပြီး လစဉ်လတိုင်း ပညာသင်ထောက်ပံ့ရေး စရိတ်ပေးအပ် သွားမှာပါ။ လျှောက်လွှာတွေကတော့ ဒီဇင်ဘာ ၃ ရက်ကစပြီး လျှောက်လွှာတင်လို့ ရပါပြီနော်...။ Bella National Star Scholarship သည် လိုအပ်မှုအတွက် သာမက Merit Base အနေဖြင့်လည်းထူးချွန် သူများကိုပါ ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ ပညာသင်ဆုလျှောက်ထားလိုသူများသည် မိမိတို့ သက်ဆိုင်ရာ တက္ကသိုလ်များရှိ ကျောင်းသားရေးရာဌာနများတွင် စုံစမ်းမေးမြန်း၍ လျှောက်ထားနိုင်ပြီ ဖြစ်ပြီး  Bella ၏ Pageမှ လည်း စုံစမ်း လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ယခုလအတွင်း Bella ပန်းသီးဖောင်ဒေးရှင်းနှင့် အတူ သက်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများက လူတွေ့စစ်ဆေးပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ပထမပတ်တွင် ဆုများ ချီးမြှင့်ရွေးချယ်ပေးမည် ဖြစ်သည်။

Thursday, 06 December 2018 10:58

ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းသို့ တက္ကသိုလ်ပညာသင်ဆု လျှောက်ထားနိုင်

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်သော ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ သတ္တမ အကြိမ်မြောက် တက္ကသိုလ်ပညာသင်ဆုကို “၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်၍ တက္ကသိုလ် တက်ရောက်ပညာသင်ကြားရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါသည်။ ပညာသင်ဆု ပေးအပ်မည့် တက္ကသိုလ်များ - (၁) ဆေးတက္ကသိုလ်၊ (၂) ရန်ကုန်နည်းပညာတက္ကသိုလ်၊ (၃) မန္တလေးနည်းပညာတက္ကသိုလ်၊ (၄) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ (၅) မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ (၆) သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ (၇) ရတနာပုံဆိုင်ဘာစီးတီးနည်းပညာတက္ကသိုလ်၊ (၈) သူနာပြုတက္ကသိုလ်၊ (၉) ပညာရေး တက္ကသိုလ်၊ (၁၀) ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် လျှောက်ထားလိုသူသည် - (၁) လိုင်စင်ဓာတ်ပုံ(၃)ပုံ၊ မိသားစုဓာတ်ပုံနှင့် နေအိမ်ဓာတ်ပုံ (၂) ကိုယ်ရေးအချက်အလက်အပြည့်အစုံ (၃) မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ (၄) တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမိတ္တူ (၅) သက်ဆိုင်ရာတက္ကသိုလ်ဝင်ခွင့်မိတ္တူ (၆) မိဘအလုပ်အကိုင်နှင့် ဝင်ငွေ (၇) ညီအစ်ကိုမောင်နှမများ၏ အလုပ်အကိုင်၊ ဝင်ငွေနှင့် ပညာရေး (ဥပမာ - ကျောင်းသားဖြစ်ပါက တက်ရောက်ပညာသင်ကြားနေသည့် အတန်း၊ တက္ကသိုလ်အပြည့်အစုံ) (၈) မိမိကိုယ်တိုင်၊ မိဘ၊ အခြားယုံကြည်ထိုက်သူတစ်ဦး၊ စုစုပေါင်းသုံးဦးတို့၏ ပညာသင်ဆုလျှောက်ထားရခြင်းအကြောင်း ရှင်းလင်းတင်ပြချက် (ကိုယ်တိုင်လက်ရေးအသီးသီးဖြင့်) (၉) ပညာသင်ဆု လျှောက်ထားသော အခြားအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ ၊ (၁၀) ကျောင်းစာပြင်ပလှုပ်ရှားမှုနှင့် အောင်မြင်မှုများ(အထောက်အထားမိတ္တူဖြင့်) (၁၁) ဘဝရည်မှန်းချက် (ကိုယ်တိုင်လက်ရေးဖြင့်) (၁၂) ဆရာတော်အရှင်ဆန္ဒာဓိက၏ စာအုပ်များ ဖတ်ဖူးပါက မည်သည့်စာအုပ်ကို မည်သည့် အတွက်ကြောင့် အနှစ်သက်ဆုံးဖြစ်ကြောင်း နားလည်ခံစားချက် (ကိုယ်တိုင်လက်ရေးဖြင့်)တို့ကို  ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၊ အမှတ်(၆၈)၊ မြေညီထပ်၊ စဥ့်အိုးတန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန် မြို့သို့ ဒီဇင်ဘာလ (၂၀)ရက်နေ့ နောက်ဆုံးထားပေးပို့၍ လျှောက်ထားနိုင်ပါသည်။ မှတ်ချက် ။ ။ အချက်အလက်မပြည့်စုံသောလျှောက်လွှာများ လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

Wednesday, 05 December 2018 09:42

တက္ကသိုလ် ပထမနှစ်မှ နောက်ဆုံးနှစ် ဖြေဆိုပြီးစီးသည်အထိ နှစ်စဉ် ပေးအပ်မည့် ပညာသင်​ဆု​ ထောက်​ပံ့မည့်​ အစီအစဉ်

EXCELLENT FORTUNE FOUNDATION မှ နိုင်ငံတော်အတွက် အကျိုးပြုမည့် စံပြ သားကောင်းရတနာနှင့် သမီးကောင်းရတနာများ ပိုမို ပေါ်ထွန်းလာစေရေးအတွက် တက္ကသိုလ် ပထမနှစ်မှ နောက်ဆုံးနှစ် ဖြေဆိုပြီးစီးသည် အထိ နှစ်စဉ် ပေးအပ်မည့် ပညာသင် ဆု ထောက် ပံ့မည့်  အစီအစဉ် အား စတင်လိုက်ပြီ ဖြစ်ပါသည်။                            ပညာသင်ဆု ထောက်ပံ့ပေးမည့် အစီအစဉ် ၁။ ကျွန်တော်များ EXCELLENT FORTUNE FOUNDATION ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဒေါ်နန်းခင်မြင့်ရီ တို့မှ ဦးဆောင်၍ ဒေသအသီးသီးရှိ ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် တက်ကြွစွာ အထောက်အကူပြု ပါဝင်လှူဒါန်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ တည်ထောင်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ၂။ ပညာရည်မြင့်မားပြီး နိုင်ငံတော်ကို အကျိုးပြုမည့် ထူးချွန်ထက်မြက်သည့် စံပြ သားကောင်းရတနာ၊ သမီးကောင်း ရတနာများ ပေါ်ထွန်းလာရေးသည် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံ အုတ်မြစ် ဖြစ်ပါသည်။ ၃။ သို့ပါ၍ ကျွန်တော်များ EXCELLENT FORTUNE FOUNDATION အနေဖြင့် အနာဂါတ်ကာလတွင် နိုင်ငံတော် အတွင်း ပညာတတ်သူများ ပိုမို ပေါ်ထွန်းလာစေရေးအတွက် ပညာရည်ထူးချွန်ပြီး အောက်ဖေါ်ပြပါ တက္ကသိုလ် များသို့ "၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမနှစ် ကျောင်းတက်ခွင့် ရရှိသူနှင့် ကျောင်းတက်နေသူများအနက် ငွေကြေး အမှန်တကယ် အခက်အခဲရှိသူများအား ပထမနှစ်မှ နောက်ဆုံးနှစ် ဖြေဆိုပြီးသည်အထိ ပညာသင်ဆု များကို နှစ်စဉ် ထောက်ပံ့ပေးမည် ” ဖြစ်ပါသဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများမှ လျှောက်ထားနိုင်ပြီး ဘုတ်အဖွဲ့၏ စီစစ်ရွေးချယ်ခြင်း ခံရသူများအား ပညာသင်ဆု ထောက်ပံ့ငွေများကို လစဉ် ပေးအပ်ချီးမြှင့်သွားပါမည်။ စဉ် တက္ကသိုလ်အမည် ဦးရေ က ဆေးတက္ကသိုလ် ၁၆ ခ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၅ ဂ ရန်ကုန်နည်းပညာ တက္ကသိုလ် (COE ) ၇ ဃ မန္တလေးနည်းပညာတက္ကသိုလ် (COE ) ၇ င သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (COE ) ၅ စ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၅ ဆ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၅   စုစုပေါင်း ကျောင်းသား/ သူ ဦးရေ ၅၀ ၄။ ပညာသင်ဆု ရွေးချယ်ခြင်း ခံရသူများကို နှစ်စဉ် ကျောင်းဖွင့်ရက်များအတွက် လစဉ် ( ၁၅၀,၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ နှစ်စဉ် ကျောင်းပိတ်ရက်များအတွက် လစဉ်(၅၀,၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပထမနှစ် မှ နောက်ဆုံးနှစ်အထိ ပညာသင်ဆုများကို လစဉ် ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ၅။ EXCELLENT FORTUNE FOUNDATION အမှတ် ၅(က)၊ ပြည်လမ်း၊ အမှတ်(၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ ပညာသင်ဆု လျှောက်ထားသူမှာ ( ၃၁. ၁. ၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ စာရွက် စာတမ်းများ ပြည့်စုံစွာဖြင့် ပေးပို့ လျှောက်ထားနိုင်ပြီး လိုအပ်ပါက အထက်ဖေါ်ပြပါ လိပ်စာတွင် လူတွေ့စစ်ဆေးခြင်းနှင့် လျှောက်ထားသူ၏ နေအိမ်သို့ ကြိုတင်အသိပေးမည်မဟုတ်ဘဲ မိမိတို့ အစီအစဉ်ဖြင့် သွားရောက် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာသင်ဆု ထောက်ပံ့ရန် အမှန်တကယ် လိုအပ်သူများကိုသာ စီစစ်ရွေးချယ်၍ ထိုက်တန်စွာ ချီးမြှင့် ပေးအပ်သွားမည် ဖြစ်ပါသည်။                *** ပေးပို့ရမည့် စာရွက်စာတမ်းများ (က) မှန်ကန်၊ ပြည့်စုံစွာ ဖြည့်စွက်ထားသည့် ပညာသင်ထောက်ပံကြေး လျှောက်လွှာမူရင်း (ခ) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (ဂ) သန်းခေါင်စာရင်းမိတ္တူ (ဃ) (၁) လ အတွင်း ထင်ရှားစွာရိုက်ကူးထားသည့် (၂” x ၂”) Size နောက်ခံ အပြာရောင် လိုင်စင်ဓါတ်ပုံ(၃)ပုံ (င) (၁) လ အတွင်း နေအိမ်ကို နောက်ခံထား၍ ထင်ရှားစွာရိုက်ကူးထားသည့် ( ၆" x ၈" ) Size မိသားစုရောင်စုံ ဓါတ်ပုံ(၁)ပုံ (စ) တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်းမိတ္တူ (ဆ) သက်ဆိုင်ရာ တက္ကသိုလ်တက်ရောက်ခွင့်မိတ္တူ (ဇ) ပထမနှစ် တက်ရောက်နေပါက ကျောင်းသားရေးရာဌာန၏ ထောက်ခံစာ မူရင်းနှင့် ကျောင်းသားကဒ် မိတ္တူ (ဈ) ရရှိခဲ့ဖူးသည့် ပညာရည်ထူးချွန်မှုဆိုင်ရာ အထောက်အထားမှတ်တမ်းများ မိတ္တူ (ည) တက္ကသိုလ်ဆက်တက်ရန် ငွေကြေးအခက်အခဲရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်မူရင်း (ဋ) တက္ကသိုလ်ဆက်တက်ရန် ငွေကြေးအခက်အခဲရှိကြောင်း မိဘ / အုပ်ထိန်းသူ၏ ဝန်ခံချက်မူရင်း (ဌ) ပညာသင်ဆု ထောက်ပံ့ငွေ ခံစားရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် သဘောတူပါကြောင်း လျှောက်ထားသူ၏ ဝန်ခံချက်မူရင်း (ဍ) ပညာသင်ဆု ထောက်ပံ့ငွေ ခံစားရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် သဘောတူပါကြောင်း လျှောက်ထားသူ မိဘ / အုပ်ထိန်းသူ၏ ဝန်ခံချက်မူရင်း (ဎ) လျှောက်ထားသူ မိဘ ညီအကိုမောင်နှမများ၏ အလုပ်အကိုင်၊ လစဉ်ဝင်ငွေ၊ ပညာရေး အခြေအနေတို့ကို အထောက်အထားရှိပါက ပူးတွဲတင်ပြရန် (ဏ) လျှောက်ထားသူကိုယ်တိုင်၊ မိဘအုပ်ထိန်းသူ၊ အခြားယုံကြည်ထိုက်သူတစ်ဦး စုစုပေါင်း (၃) ဦး တို့၏ ကိုယ်တိုင်လက်မှတ်ရေးထိုးလျှက် သီးခြားစီရေးသားထားသည့် ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်း ရှင်းလင်းတင်ပြချက်မူရင်း (တ) လျှောက်ထားသူ၏ အခြားပုဂ္ဂိုလ်အဖွဲ့အစည်းများထံမှ ထောက်ပံ့မှုကို ရယူထားခြင်းမရှိကြောင်း ဝန်ခံချက်မူရင်း (ထ) EXCELLENT FORTUNE FOUNDATION ၏ ပညာသင်ဆုထောက်ပံ့ငွေဖြင့် ဘွဲ့ရရှိပြီးပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း လျှောက်ထားသူ၏ ဝန်ခံချက်မူရင်း                ***စည်းကမ်းချက်များ (၁) ပညာသင်ဆုရရှိသူသည် တစ်နှစ်တစ်တန်း အောင်မြင်အောင် တာဝန်ယူမည်ဖြစ်ပါကြောင်းနှင့် စာမေးပွဲ ကျရှုံးခြင်း၊ လက်ရှိကျောင်းမှ ကျောင်းထွက်ခြင်း ရှိပါက FOUNDATION သို့ ချက်ချင်း အကြောင်းကြားရမည်။ (သက်ဆိုင်ရာ တက္ကသိုလ်မှ ကျောင်းခေါ်ချိန် မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့် မရရှိလျှင်လည်း စာမေးပွဲကျသည်ဟု မှတ်ယူရမည်။) ထိုသို့ဖြစ်ပေါ်ပါက ပညာသင်ထောက်ပံ့ကြေးကို ဆက်လက်ထောက်ပံ့မည်မဟုတ်ပါ။ (၂) ပညာသင်ဆု လျှောက်ထားခဲ့သော ဝန်ခံချက်တစ်ခုခုကို ကျူးလွန်ဖောက်ဖျက်ပါက ပညာသင်ဆု ထောက်ပံ့ခြင်းမှ ရပ်စဲပါမည်။ (၃) ပညာသင်ထောက်ပံ့ကြေးကို မမှန်မကန် လျှောက်ထားခြင်း / မမှန်မကန် ထုတ်ယူခံစားခြင်း ရှိပါက ဥပဒေအရ တရားစွဲဆို အရေးယူခြင်း ခံရပါမည်။ (၄) ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခြင်း ခံရပါက ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းပါမည်။ (၅) ရရှိသည့် ပညာသင်ထောက်ပံ့သည့်ဆုကို အခြားတစ်ဦးဦးသို့ လွှဲပြောင်းခွင့် မရှိပါ။ (၆) ပညာသင်ထောက်ပံသည့်ဆုကို ငွေသား တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အလုံးစုံသော် လည်းကောင်း လဲလှယ်တောင်းဆိုခွင့် မရှိပါ။ (၇) FOUNDATION လိုအပ်ချက်ကြောင့် အခါအားလျော်စွာ ထပ်မံ၍ ပြင်ဆင်ဖြည့်စွက်သည့် စည်းကမ်း သတ်မှတ်ချက်များကိုလည်း အတိအကျ လိုက်နာရမည်။ (၈) မည်သည့် အကြောင်းကိစ္စဖြစ်စေ EXCELLENT FORTUNE FOUNDATION ဘုတ်အဖွဲ့၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်သည်။ TEL: (0095-1) 507 496, 407 497. Fax: (0095-1) 535 768 ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။   စဉ် တက္ကသိုလ်အမည် ဦးရေ က ဆေးတက္ကသိုလ် ၁၆ ခ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၅ ဂ ရန်ကုန်နည်းပညာ တက္ကသိုလ် (COE ) ၇ ဃ မန္တလေးနည်းပညာတက္ကသိုလ် (COE ) ၇ င သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (COE ) ၅ စ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၅ ဆ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၅   စုစုပေါင်း ကျောင်းသား/ သူ ဦးရေ ၅၀    

Friday, 30 November 2018 17:39

ဆယ်တန်းအောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်တဲ့ ယောပညာသင်ထောက်ပံ့ကြေး

ယောပညာသင်ထောက်ပံ့ရေးအဖွဲ့မှ ယောပညာသင်ထောက်ပံ့ကြေး လျှောက်လွှာ ခေါ်ယူနေပါတယ်။ ယောဒေသတွေဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောမြို့နယ်တွေနဲ့ ပုလဲမြို့နယ်၊ ပိတောက်ကုန်းရွာအထက်မှ ဂန့်ဂေါနယ်စပ် တောင်ပေါ်ဒေသအထိ ဒေသများမှ ၂၀၁၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ ဆေးတက္ကသိုလ်နှင့်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်နှင့် နည်းပညာကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များ၊သူနာပြုတက္ကသိုလ်နှင့် သူနာပြုသင်တန်းများ၊ ရေကြောင်းပညာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ၊ ၀ိဇ္ဇာတက္ကသိုလ်များမှ ဘာသာရပ်ထူးချွန် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာကို မိမိလက်ရေးနဲ့ ဖြည့်စွက်ပြီး ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထားကာ အမှတ် ၁၁၇/ခ၊ ၇၇လမ်း၊ ၂၈-၂၉လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ သို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို ယောပညာသင်ထောက်ပံ့ရေးအဖွဲ့ Memory Hotel အမှတ် ၁၁၇/ခ၊ ၇၇လမ်း၊ ၂၈-၂၉လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း-၀၂-၄၀၆၆၃၅၇၊ ၀၂-၄၀၃၀၇၉၈၊ ၀၉-၇၆၈၁၅၅၅၄၅ မှာရယူနိုင်ပါတယ်။ ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။ source: internet