Local

Friday, 02 August 2019 15:11

Master of Business Administration (MBA) ပညာသင်ဆု

Master of Business Administration (MBA) ပညာသင်ဆုအတွက် ဘာသာရပ်အလိုက် လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် The Project for Human Resource Development Scholarship by Japanese Grant Aid (JDS) in Myanmar 2019 (for AY 2020-2021) အစီအစဉ်အရ လျှောက်ထားနိုင်မှာဖြစ်ပါသည်။   လျှောက်ထားနိုင်မယ့် ဘာသာရပ်များမှာ Economic/ Business Administration International University of Japan (IUJ) Master of Business Administration (MBA), Economic/Business Administration Ritsumeikan Asia Pacific Administration Master of Business Administration (MBA) နဲ့ Information and Communication Technology (ICT) International University of Japan (IUJ) Master of Business Administration (MBA) တို့ ဖြစ်ပါတယ်။   ပညာသင်ဆုတွေကို ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများနဲ့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများအနေနဲ့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီသူများ လျှောက်ထားနိုင်မှာဖြစ်ပါသည်။   Read More>>>> ဒဂုံတက္ကသိုလ် အဝေးသင်ပထမနှစ် ဒုတိယနှစ်ဝက် စာစဉ်လက်ခံရက်ကိုတိုးပေးမည်   ပညာသင်ဆုတွေကို သြဂုတ် (၁၆) ရက် နောက်ဆုံးထားပြီး ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာနသို့ ကိုယ်တိုင်လျှောက်ထားနိုင်မှာ ဖြစ်ပါသည်။   အသေးစိတ်အချက်အလက်တွေကို ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ လိုင်းခွဲ ၁၃၃၊၁၃၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။   Source: Internet Journal  

Tuesday, 02 July 2019 17:36

UK နိုင်ငံ SQA(Scottish Qualifications Authority) မှ ချီးမြှင့်မည့် Scholarship Program

တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများနှင့် IGSCE “O” Level ဖြေဆိုပြီးအောင်မြင်သည့် ကျောင်းသား/သူ များအတွက် ပညာသင်ဆုအထူးအစီအစဉ်များ ဖြစ်ပါသည်။   Advanced Diploma in Civil Engineering နှင့် Advanced Diploma in Architectural Technology ကိုတက်ရောက်လိုသူများအတွက် (၁၀၀ %) Scholarship အယောက် (၁၀၀) ကိုပေးအပ်ချီးမြှင့်မည့် အခွင့်အရေး ဖြစ်ပါသည်။   တက္ကသိုလ်ဝင်တန်းတွင် ** ဂုဏ်ထူး (၆) ဘာသာရရှိသူများအတွက် သင်တန်းကြေး၏ ၄၀ % ** ဂုဏ်ထူး (၅) ဘာသာရရှိသူများအတွက် သင်တန်းကြေး၏ ၃၀ % ** ဂုဏ်ထူး (၄) ဘာသာရရှိသူများအတွက် သင်တန်းကြေး၏ ၂၀ % ** ဂုဏ်ထူး (၃) ဘာသာရရှိသူများအတွက် သင်တန်းကြေး၏ ၁၀ % ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။   ကျောင်းသား/သူများ အတွက် အစီစဉ်ထားရှိပေးမှုများအနေဖြင့် ** Computer များအလုံအလောက်ထားရှိပေးခြင်း။ ** စာကြည့်တိုက်များ ထားရှိပေးခြင်း။ ** CSR Activities ပြုလုပ်နိုင်ရန်စီစဉ်ပေးခြင်း။ ** Teamwork ဖြင့်လုပ်ဆောင်ရသော Project များ၊ Group Work များစီစဉ်ပေးခြင်း။ ** သန့်ရှင်းသော Canteen များထားရှိပေးခြင်း။ ** Uniform များစီစဉ်ပေးခြင်း။   Read More: ကျောင်းသား၊ ကျောင်းသူများအတွက် ပထမဆုံး စာသင်သားအသက်အာမခံစတင်ဆောင်ရွက်   တက်ရောက်သင့်သည့်အချက်များအနေဖြင့် **Internship Program များပြုလုပ်ပေးထားခြင်းကြောင့် ၊ လက်တွေ့နှင့်လုပ်ငန်းခွင်အတွေ့အကြုံများရရှိခြင်း။ ** Advanced Diploma (HND) ပြီးဆုံးပါက ပြည်တွင်းပြည်ပရှိ တက္ကသိုလ်များတွင် Top Up Degree နှင့် Master Degree အတွက် ဆက်လက်တက်ရောက်နိုင်ခြင်း။ ** ရေးဖြေစာမေးပွဲများသာမကပဲ Open Book Assignments Practical Assessments, Case Studies များအစရှိသည့် လက်တွေ့အသုံးချနည်းပညာများဖြင့် သင်ကြားပေးခြင်းကြောင့် လုပ်ငန်းခွင်အတွက် အကျိုးရှိအသုံးဝင်ခြင်း။ ** Teamwork အဖွဲ့လိုက်လုပ်ဆောင်ရသော Project များကြောင့် ကျောင်းသား/သူများ၏ Communication Skill, Presentation Skill များ မြင့်မားလာစေခြင်း။   အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ဖုန်းနံပါတ် ၀၉-၄၀၂၈၈၈၅၅၉၊ ၀၉-၄၂၆၂၆၀၃၉၉ လိပ်စာ။ ။ MICT Building (9)၊ ပထမထပ်၊ MICT Park၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။   Source;Myanmar International Business Academy (Miba)    

Saturday, 15 June 2019 16:41

“တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသောကျောင်းသားကျောင်းသူများအတွက် အထူးပညာသင်ဆု"

တက္ကသိုလ်ဝင်တန်း မှာ ဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်တဲ့ မြန်မာကျောင်းသားကျောင်းသူများကို Canadian International College – Myanmar မှ ဂုဏ်ပြုသောအားဖြင့် အထူးပညာသင်ဆုချီးမြှင့်မည် ဖြစ်ပါတယ်။   ပညာသင်ဆုပေးမည့် Programme များသည် တစ်ကမ္ဘာလုံး အသိမှတ်ပြု OSSD (Ontario Secondary School Diploma) Pre - University Programme မှာတက်ရောက်မယ့်ကျောင်းသားများကို ချီးမြှင့်မှာဖြစ်ပါတယ်။   ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှာ First year ကစတက်ချင်တဲ့ ကျောင်းသားများအနေနဲ့ လက်မလွတ်သင့်တာကြောင့် အမြန်ဆုံးရယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။   Read More: နိုင်ငံတကာ အဆင့်မီပညာရပ်များ သင်ကြားနိုင်သော ဗြိတိသျှတက္ကသိုလ်(ရန်ကုန်) စတင်ဖွင့်လှစ်   **ပညာသင်ဆုများအတွက်** ၆ဘာသာဂုဏ်ထူး သိန်း၂၀ကျပ် ၅ဘာသာဂုဏ်ထူး ၁၄ သိန်းကျပ် ၄ဘာသာဂုဏ်ထူး ၁၂ သိန်းကျပ် ၃ဘာသာဂုဏ်ထူး ၁၀ သိန်းကျပ်   ဖော်ပြပါဂုဏ်ထူးပညာသင်ဆုစာရင်းမှာမပါတဲ့ကျောင်းသားတွေအနေနဲ့ ဇွန် ၃၀ ရက်နေ့ မတိုင်ခင် ကျောင်းအပ်နှံပါက Unlimited Early Bird ပညာသင်ဆု ၁၀ သိန်းကျပ်ရရှိမှာဖြစ်ပါတယ်။   ပညာသင်ဆုနဲ့ ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက ၀၉-၇၈၄၀၆၅၀၅၀၊ ၀၉-၇၈၄၀၆၄၀၄၀ မှာမေးမြန်းနိုင်သလို လူကိုယ်တိုင်လည်း အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်။   **Canadian International College** ၀၉-၇၈၄၀၆၅၀၅၀၊ ၀၉-၇၈၄၀၆၄၀၄၀ No.22, Moe Myint San Condo, Ma Kyee Kyee Street, Sanchaung Township, Yangon.   Source: E&C Education Consultancy  

Tuesday, 28 May 2019 14:57

Luchi Full Scholarship(Japan Scholarship) အတွက်ဖောင်ထုတ်ယူနိုင်ပါပြီ

Luchi Full Scholarship (၆) ကြိမ်မြောက်စကော်လာအတွက် စည်းမျဉ်းစည်းကမ်းချက်များနှင့် လျှောက်လွှာများကို မေလ (၃၀) ရက်နေ့ (ကြာသပတေးနေ့) မှစပြီး " May Japanese Langyage School “ တွင် ရုံးချိန် (၉ နာရီမှ ၅ နာရီ) အတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။   မကြာမီတွင် အောင်စာရင်းထွက်မည့် ဆယ်တန်းအောင်စာရင်းတွင် အမှတ် (၄၈၀) နှင့် အထက်ရရှိသူများနှင့် ၂၀၁၈ မတ်လ ဆယ်တန်းစာမေးပွဲတွင် အမှတ် (၄၈၀) နှင့်အထက် ရရှိပြီး ယခုချိန်တွင် ပထမနှစ် တက္ကသိုလ်တက်ရောက်နေသောသူများ လျောက်ခွင့်ရှိသော Full Scholarship ဖြစ်ပါသည်။   လျှောက်ထားလိုသူများသည် အောက်ဖော်ပြထားသော အချက်များနှင့် ကိုက်ညီပါက **Mya Japanese Language School** တွင် မေလ (၃၀) (ကြာသပတေးနေ့) မှစတင်ပြီး လျှောက်လွှာများလာရောက်ထုတ်ယူနိုင်ပါသည်။   **လျှောက်လွှာထုတ်ယူရန် အခြေခံစည်းကမ်းချက်များ** ၁။ လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။၂။ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက် အတွင်း မွေးဖွားသူသာလျှင် လျှောက်နိုင်ပါသည်။၃။ အခြေခံအားဖြင့် ၂၀၁၈ ခုနှစ် မတ်လ သို့မဟုတ် ၂၀၁၉ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံအထက်တန်းကျောင်းနှင့် ညီမျှသော အတန်းကျောင်း (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) အောင်ပြီးသူဖြစ်ရပါမည်။၎။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၄ ဘာသာနှင့်အထက် ဘာသာများတွင် ၇၅ မှတ် နှင့်အထက်ရရှိသူ ( သို့မဟုတ်​) ၆ဘာသာစုစုပေါင်းရမှတ် (၄၈၀) နှင့် အထက် ရရှိထားသောသူ (ရနိုင်ခြေရှိသူ) များ လာ​လျှောက်​​လျှောက်​ထားနိုင်​ပါသည်။   ​**စည်းကမ်းချက်​အားလုံးကိုက်​ညီမှသာလျှင် လျှောက်​ခွင့်​ရရှိမည်​ဖြစ်​ပါသည်။**   **စည်းကမ်းချက်​များ နှင့်​ စ​ကော်​လာရှစ်​အ​ကြောင်း အ​သေးစိတ်​ကို ​အောက်​ပါပူးတွဲထား​သော စာရွက်​များတွင်​ ထပ်​မံကြည့်​ရှုနိုင်ပါသည်။**   **လျှောက်လွှာပိတ်ရက်မှာ (၂၃-၆-၂၀၁၉) ညနေ (၅) နာရီ အထိသာဖြစ်ပါသည်။**   Read More: အခြေခံကျောင်းများတွင် ကျောင်းအပ်နှံရာတွင် သိရှိရမည့်အချက်များ   **May Japanese Language School Address** တိုက်အမှတ်(၂၉၀)/အခန်းနံပါတ်-(၁၅) ၊ ၄လွှာဘယ်ဖက်အခန်း။ရန်အောင်(၃) လမ်း /၂ရပ်ကွက် ၊ရန်ကင်း။ (ရန်ကင်း Center နှင့် Golden City Condominium အနီး )၊ ဖုန်းနံပါတ်- ၀၉-၂၆၃၆၈၆၆၅၂၊ ၀၉-၂၆၃၆၈၆၆၅၁၊ ၀၉-၇၈၅၁၅၆၅၈၂   **ဖောင်လျှောက်လွှာနှင့် စည်းကမ်းချက် PDF File Download လုပ်ချင်သူများအတွက် Download Link** https://my.pcloud.com/publink/show…   ဖောင်လျှောက်လွှာကို Download လုပ်ပြီး ဖြည့်နိုင်ပြီး ဖောင်ပြန်လာတင်သည့်အခါ စကော်လာရှစ်လျှောက်မည့် ကျောင်းသား/သူ ကိုယ်တိုင်ဖောင်ဖြည့်ပြီး လာတင်ရမည်ဖြစ်ပါသည်။     Source: မြဂျပန်စာသင်ကျောင်း    

Wednesday, 22 May 2019 11:39

တယ်လီနောမြန်မာမှ MBA ပညာသင်စရိတ်ထောက်ပံ့ပေးမည်

ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တယ်လီနော်မြန်မာမှ MBA ပညာသင်စရိတ်ကို ၁၀၀ ရာခိုင်နှုန်းထောက်ပံ့ပေးမယ်လို သိရပါတယ်။ လျှောက်ထားမယ်သူတွေဟာ မြန်မာနိုင်ငံသား/နိုင်ငံသူတွေ၊ ရန်ကုန်မှာ MBA သင်တန်းတတ်နိုင်သူတွေ၊ တက္ကသိုလ်မှာအမှတ်ကောင်းကောင်းနဲ့ဘွဲ့ရထားသူတွေ၊ICT နည်းပညာကို အသုံးပြုပြီး ရည်ရှည်တည်တံ့ခိုင်မြဲတဲ့ဖြေရှင်းနည်းများဖြင့် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများတိုးတတ်ရေးအတွက် စိတ်အားထက်သန်သူဖြစ်ရမှာဖြစ်ပါတယ်။   Myanmar Metropolitan College နဲ့ Telenor Myanmar တို့ပူးပေါင်းပြီး MBA ဘွဲ့အပြင် MBA in Strategic ICT Management ကိုပါပေးအပ်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း ထူးချွန်သူ ၅ ဦးကို တယ်လီနော်မြန်မာ MBA ပညာသင်ဆုကို ရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။    လျှောက်လွှာတွေကို ဇွန်လ ၁၄ ရက်နောက်ဆုံးထားကာ http://bit.ly/TelenorMBA2019 လင့်ကနေ လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း ၀၉- ၂၆ ၃၃၃ ၄၂၂၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။   source - Internet Journal

Saturday, 27 April 2019 13:48

“Master of Business Administration (Global MBA) သင်တန်းအတွက်ပညာသင်ဆုလျှောက်ထားနိုင်”

Master of Business Administration (Global MBA) သင်တန်းအတွက် ပညာသင်ဆုဖြင့် လျှောက်ထားတက်ရောက်နိုင်တယ်လို့ သိရပါသည်။   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ University of the Thai Chamber of Commerce (UTCC) တို့ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး ဇွန်လ ၆ ရက်မှာဖွင့်လှစ်ရန် စီစဉ်ထားတယ်လို့ သိရပါသည်။   သင်တန်းကိုပညာသင်ဆုနဲ့ တက်ရောက်နိုင်မှာဖြစ်ပြီးကုန်သည်စက်မှုအသင်းချုပ်ဝန်ထမ်းများ၊ ညီနောင်အသင်းများနဲ့ပြည်နယ်၊ တိုင်း၊ နယ်စပ်ကုန်သည်အသင်းများမှ အမှုဆောင်များ(သို့)ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများရဲ့အဖွဲ့ဝင်များ(သို့)ဝန်ထမ်းများ လျှောက်ထားနိုင်မှာဖြစ်ပါသည်။   လျှောက်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံသား၊ ဘွဲ့တစ်ခုခုရရှိပြီး လုပ်သက်အနည်းဆုံး(၁)နှစ်ရှိသူ၊ TOEFL Score 550(သို့)အင်္ဂလိပ်စာကျွမ်းကျင်သူများ လျှောက်ထားနိုင်မှာဖြစ်ပါသည်။   ဖော်ပြပါ အရည်အချင်းနဲ့ ပြည့်စုံသူများအနေနဲ့ UMFCCI နဲ့ UTCC တို့မှကျင်းပတဲ့ ရေးဖြေစာမေးပွဲတွေနဲ့ လူတွေ့စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါသည်။   လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/2GfIxjq မှာဖြည့်စွက်ကာ မေလ ၁၅ ရက် နောက်ဆုံးထားပေးပို့ လျှောက်ထားရမှာဖြစ်ပါသည်။   လျှောက်ထားသူတွေအနေနဲ့ ကိုယ်တိုင်ရေးအချက်အလက်၊ ပညာအရည်အချင်းအထောက်အထားများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အသင်း/ကုမ္ပဏီဝန်ထမ်း(သို့)အမှုဆောင် ဖြစ်ကြောင်း ထောက်ခံစာတို့လိုအပ်ပြီး အသေးစိတ်သိရှိလိုပါကအသင်းချုပ် HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ – ၄၉ (လိုင်းခွဲ ၁၃၃၊ ၁၃၄) နှင့် ၀၁- ၂၃၀၂၄၈၅ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။ Source: Internet Journal

Tuesday, 23 April 2019 16:49

“Management & Science University, Malaysia မှ MBA အတွက် Scholarship (၁၅)ဆုချီးမြှင့်မည်”

Management & Science University, Malaysia မှ မေလ တွင်ထပ်မံဖွင့်လှစ်မည့် (Batch-7) တန်းခွဲသစ်အတွက် MBA အတွက် President’s Education Award ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။ President’s Education Award ရရှိသူများသည် MBA ကျောင်းလခ၏ (၂၅%) မှ (၅၀%) အထိ ကင်းလွတ်ခွင့်ရရှိမှာ ဖြစ်ပါသည်။ ယခုသင်တန်းအတွက် ပညာသင်ဆု (၁၅)ဆု ချီး မြှင့်မည် ဖြစ်ကြောင်းသိရှိရပါသည်။ **လျောက်ထားလိုသူများ Scholarship Exam ကို အောက်ပါအစီအစဉ်အတိုင်း လျောက်ထားရမည်ဖြစ်ပါသည်။** Application Closing Date- 3 May, 2019 Scholarship Exam Date- 5 May 2019 (Sunday) Time- 4:00 PM to 5:00 PM Venue- Nanyeng International College-NIC ခြံအမှတ် 124 (C), Kabaraye Pagoda Road, Bahan Township (အထက၂ / နံ၇န်ကျောင်းအနီး) **လျောက်ထား လိုသူများ yctc.mbaprogram@gmail.com သို့ဖြစ်စေ၊၀၉-၄၂၀၁၆၃၃၁၆ သို့ဖြစ်စေ၊ ကြိုတင်စာရင်း ပေးသွင်းရမည်ဖြစ်ပါသည်။** (3 May, 2019 နောက်ဆုံးထား၍) **လျှောက်ထားရန် လိုအပ်ချက်များ**    -မည်သည့် ဘွဲ့ရမဆို (Any Graduate)   -အလုပ်လုပ်နေသူများ (Working Adult People)  -Level 6 diploma holders (For Example: ABE-UK, OTHM-UK) နှင့် Government Recognized 2 to 3 Years Diploma (For Example: ရေကြောင်းသိပံ္ပ (သို့)    AGTI (သို့) (Government Polytechnic များ) ရရှိထားသူများသည် Working Experience    (5) Years ရှိရန်လိုအပ်ပါသည်။ **ပညာသင်ကြားစရိတ် တကယ်လိုအပ်နေသည့် Single Parent သာရှိသူများ၊ ကလေးငယ်ရှီပြီး ပညာသင်ကြားရန်    ငွေကြေး အများအပြား မသုံးစွဲနိုင်သူများနှင့် အခြားတကယ်လိုအပ်သူများ၊ အမှန်တကယ် MBA တက်ရောက်လိုသူများကို ဦးစားပေးချီးမြှင့်မည်ဟု    သိရှိရပါသည်။မည်သူမဆို လျောက်ထားနိုင်ပါသည်။** **Management & Science University-MSU အကြောင်းသိကောင်းစရာများ” မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သော Malaysia University များတွင် အကြီးဆုံး University တစ်ခုဖြစ်ပါသည်။ ဧက (၂၀) ကျော်ကျယ်ဝန်းသော Campus တွင်၊ Medical College အပါအ၀င် Faculty ဌာနပေါင်း (၈) ခု၊ ကိုယ်ပိုင်ဆေးရုံ၊ Practical Training Center များနှင့်ဖွဲ့စည်းထားသော၊ ကျောင်းသား/သူ ပေါင်း ၂၅၀၀၀ ကျော်တက်ရောက်နေသည့် World Recognized University ဖြစ်ပါသည်။ မလေးရှားအစိုးရ၊ Ministry of Higher Education, Malaysia Quality Assurance (MQA) မှ အသိအမှတ်ပြုသော၊ 5 Star Excellence rated ရရှိထားတဲ့ University တစ်ခုဖြစ်ပါသည်။ UK , USA , New Zealand , Japan အစရှိသည့် နိုင်ငံပေါင်း (၄၀) ကျော်ဖြင့်ချိတ်ဆက်ထားသော Malaysia တွင်အလုပ်အကိုင်အခွင့်အလမ်းအတွက် အကောင်းဆုံး University တစ်ခုလည်းဖြစ်ပါသည်။ **Accreditation ရရှိထားတဲ့ အဖွဲ့အစည်းများမှာ** Ministry of Higher Education- “Excellent University Status” FULLY Accredited by Malaysian Qualifications Agency (MQA) JPA - Public Service Department (Jabatan Perkhimatan Awam) ABEST21 Japan - The 1st non-Japanese University to be accredited AAPBS Korea - The Association of Asia-Pacific Business Schools ASIC UK - Accreditation Service for International Colleges EFMD Europe - The Management Development Network AACBS USA - The Association to Advance Collegiate Schools of Business. ထိုကဲ့သို့သော ကောင်းမွန်ခိုင်မာသည့် MBA ကိုမြန်မာနိုင်ငံမှကျောင်းသား/သူ များ နိုင်ငံရပ်ခြားတွင် သွားတက်ရန်မလိုပဲ မိမိတို့နိုင်ငံတွင်သာလျှင် အလုပ်အကိုင်မပျက်သင်တန်းတက်ပြီး MBA ဘွဲ့ ကိုယူနိုင်ပါသည်။ **Coventry University (UK) မှ Dual MBA ကို 1 Module + Thesis လုပ်ရုံဖြင့်မြန်မာနိုင်ငံမှာရယူ နိုင်ပါသည်။ MSU Learning Center in Myanmar သည် Nanyeng International College၊ ခြံအမှတ် 124 (C), Kabaraye Pagoda Road, Bahan Township (အထက ၂/ နံရန်ကျောင်းအနီး) ဖြစ်ပါသည်။

Tuesday, 23 April 2019 11:09

“ဂျပန်နိုင်ငံ ပညာသင်ဆုအစီအစဉ်ဖြင့် အရန်သားဖွားဆရာမသင်တန်းဖွင့်လှစ်”

ဂျပန်နိုင်ငံမှပေးသော ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်သည့် (Akane) ပညာသင်ဆု စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့တွင် ပဉ္စမအကြိမ်မြောက် အရန်သွားဖွားဆရာမသင်တန်းကို မြို့နယ် ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမဆောင်တွင် ဧပြီ (၂၂) ရက်က ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်တို့က အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြန်မာ-ဂျပန် ဆေးပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်း (MJCP) ဥက္ကဌ ပါမောက္ခ Shigeru Okada ကပညာသင်ဆုစီမံချက်အကြောင်းနှင့် ယခုအသုတ်သည် နောက်ဆုံးအသုတ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင်က သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားမှုများကို ပရိုဂျက်တာနှင့်ပြသ၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များက သင်တန်းသူများအတွက် ဗလာစာအုပ် ၁၀ ဒါဇင်နှင့် အချိုရည် ၄၈ ဘူးကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဂျပန်နိုင်ငံ (Akane) ပညာသင်ဆု စီမံချက်အရ အရန်သားဖွားဆရာမသင်တန်းများကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ တွင် သင်တန်းသူ ၃၅ ဦးအား သင်ကြားပို့ချခဲ့ပြီး ၂၀၁၆ မှယခု ၂၀၁၉ ပဥ္ဒမအကြိမ်မြောက်အထိ သင်တန်းလေးကြိမ်တွင် သင်တန်းသူ ၂၀ ကို သင်ကြားပို့ချခဲ့ပြီးသင်တန်းကာလမှာ စာတွေ့နှင့် လက်တွေ့ နှစ်မျိုးပေါင်းခြောက်လကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါသည်။ Source: မြန်မာ့အလင်း

Thursday, 04 April 2019 10:07

MBA ပညာသင်ဆုများ လျှောက်ထားနိုင်ဖို့

MBA ပညာသင်ဆု (Scholarship) များကို Management & Science University (MSU), Malaysia မှ Vice President ကိုယ်တိုင် ပေးအပ် ချီးမြှင့်ပါမည်... Application Open Date: 3 April, 2019 Application Closing Date: 20 April, 2019 Scholarship Exam: 28 April, 2019 (4:00 - 5:00 PM) New Intake Start on: 12 May, 2019 25% မှ 50% အထိ Partial Scholarship (ပညာသင်ဆု) (၁၀) ဆုကို ၊MSU, Malaysia မှ Vice President ကိုယ်တိုင် ပေးအပ် ချီး မြှင့် မည် ဖြစ်ပါသည်။ {Study in Myanmar & Graduate in Malaysia} May Intake (Batch -7) {အချိန်မှီ လျောက်ကြပါစို့}‍ Please take application form this link https://forms.gle/P2Lw1EC27sxAGJhP7 Kindly send your application form to yctc.mbaprogram@gmail.com (Closing Date: 20 April, 2019) About Management & Science University (MSU) မြန်မာနိုင်ငံတွင် လာေ၇ာက် ဖွင့် လှစ်သော Malaysia University များတွင် အကြီးဆုံး University တစ်ခု ဖြစ်ပါသည်။ ဧက (၂၀) ကျော်ကျယ်ဝန်းသော Campus တွင်၊ Faculty (8) ခု၊ ကိုယ်ပိုင် ဆေးရုံ၊ Practical Training Center များ နှင့် ဖွဲ့စည်းထားသော၊ ကျောင်းသား/သူ ပေါင်း 25,000 ကျော် တက်ရောက်နေသည့် World Recognized University တစ်ခု ဖြစ်ပါသည်။ မလေးရှား အစိုးရ၊ Ministry of Higher Education, Malaysia Quality Assurance (MQA) မှ အသိအမှတ်ပြုသော၊ A Tier 5 Excellence rated University in Malaysia ဖြစ်ပါသည်။ UK , USA , New Zealand , Japan အစရှိသည့် နိုင်ငံပေါင်း 40 ကျော်ဖြင့် ချိတ်ဆက်ထားသော Malaysia တွင် one of the best အလုပ်အကိုင်အခွင့် အလမ်းအတွက် အကောင်းဆုံး University တစ်ခုလည်းဖြစ်ပါသည်။ Why People Choose MSU MBA?  Nanyeng International College -NIC သည် Management & Science University - MSU ရဲ့ Degree Program များကို တရားဝင် ဖွင့်လှစ်ခွင့်ပေးထားသော မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ် Sole Partner ဖြစ်ပါတယ်။ MSU မှ MBA ဘွဲ့လက်မှတ်တွေ ဟာ Convocation မှာ မိဖုရား ကြီးကိုယ်တိုင် ချီးမြှင့်ပေးတာမို့ ဂုဏ် သိကာ ကြီးမားတဲ့ MBA တစ်ခု ဖြစ်ပါတယ်။ Nanyeng International College မှ Campus Life အပြည့်ပေးထားပါတယ်.. တိတ်ဆိပ် ငြိမ်သက် သော ခြံဝန်းထဲတွင် Modern Facilities များ၊ Library, Free Wi-Fi, Mini- Canteen, Car Parking တို့ကို Provide လုပ်ပေး ထားပါ တယ်။ MSU MBA Program တွင် သင်ကြားသော ဆ၇ာ၊ ဆ၇ာမ အားလုံး သည် Industrial Expert များ၊ University မှ Assoc Professor နှင့် အထက်ရှိသူများ၊ PhD ရရှိထားသော Lecturer များသာ ဖြစ်ပါသည်။ USA, Malaysia, Singapore တို့ မှ Visiting Professor များကို ဖိတ်ကြား ပြီး Seminar များ ပေး ကာ International Exposure ရရှိနိုင် ရန်စီစဉ်ထား ပါသည်။ MBA ကျောင်းသား ၊သူ များ နိုင်ငံခြား University တွင် ပညာသင်ကြား သည့် အတွေ့အကြုံရရှိစေရန် MSU Malaysia သို့ Seminar သွားတက်နိုင်ရန် စီစဉ်ပေးပါတယ်။ Convocation ကိုလည်း မလေးရှားမှာ တက်ဖို့ စီစဉ် ပေးပါတယ်။ သင်တန်းချိန်များကိုလည်း အလုပ်တဖက်ဖြင့် သင်တန်းတက်ချင်သူများအတွက် အဆင်ပြေစေ၇န် - Sunday Class များ ကို သာ စီစဉ်ပေးထားပါတယ်။ ⭐️ MBA (Specialization in Organizational Leadership/ Management) Duration: 18 Months May Intake ဝင်ခွင့်လိုအပ်ချက်များ… • မည်သည့်ဘွဲ့ရမဆို တက်ရောက်နိုင်ပါသည်။ (သို့) • Level 6 diploma holders (eg: ABE-UK, OTHM-UK, etc…) (သို့) • Recognized Diploma (ရေကြောင်းသိပံ္ပ (သို့) AGTI (သို့) ( Polytechnic များ) + Relevant years of working experiences in International organizations. ကုန်ကျတာ ထက်အများကြီး၊ ထိုက်တန်ပါတယ်… We Guarantee Value for your Time & Money အသေးစိတ်သိရှိလိုပါက Tel: (09) 420 163 316, (09) 777 456 762. ခြံအမှတ် 124 (C), Kabaraye Pagoda Road, Bahan Township (အထက ၂/ နံ၇န်ကျောင်း အနီး)။ www.nic.com.mm www.msu.edu.my