International

မြန်မာကျောင်းသားများအတွက် Master Degree တက်ရောက်လိုသူများ Fulbright Foreign Student Scholarship မှ Full Scholarship ပေးအပ်မည်

မြန်မာကျောင်းသားများအတွက် Master Degree တက်ရောက်လိုသူများ Fulbright Foreign Student Scholarship မှ Full Scholarship ပေးအပ်မည် google.com

Fulbright ပညာသင်ဆုအတွက် ၀င်ခွင့်လိုအပ်ချက်များ

– မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေသူ ဖြစ်ရမည်။

– ပညာရေးမှာ ထူးချွန်သူဖြစ်ရမည်။

– Social sciences, natural sciences, and humanities စတဲ့ ဘွဲ့လွန်ပညာများကို သင်ယူရန် စိတ်ဝင်စားသူဖြစ်ရမည်။

– အထူးသဖြင့် political science, international relations, economics, public health, education, public policy or journalism စသည့် ပညာရပ်များကို သင်ယူလေ့လာရန် ရည်ရွယ်ထားသူဖြစ်ရမည်။

READ - တက္ကသိုလ် ၁၀ ခု သို့ တက်ရောက်ရန် ငွေကြေးအခက်အခဲရှိသူများအား အရှင်ဆန္ဒာဓိကက ပညာသင်ဆုပေးမည်

– အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရပါမည်။

– TOEFL ရမှတ် အနည်းဆုံး ၅၅၀ ရှိရမည်ဖြစ်ပြီး ၅၇၅ မှတ်အထက်ဖြစ်လျှင် ပိုမိုကောင်းမွန်ပါသည်။ IELTS ရမှတ်ဆိုလျှင်တော့ ၆.၅ ရှိရပါမည်။

– အမေရိကန်နိုင်ငံကို ခေတ္တ (သို့မဟုတ်) လုံးဝလာရောက် လည်ပတ်ဖူးခြင်းမရှိသူ အမေရိကန်နိုင်ငံတွင် နေထိုင်ဖူးခြင်း မရှိသူ ဖြစ်ရပါမည်။

ထိုပညာသင်ဆု အစီအစဉ်ကို တက်ရောက်သင်ယူပြီးနောက် မြန်မာနိုင်ငံသို့ အနည်းဆုံး ၂ နှစ် ပြန်နေပေးနိုင်သူ ဖြစ်ရမည်။

လျှောက်ထားလိုသူများသည် http://burma.usembassy.gov/scholarship-program.html တွင် လျှောက်လွှာများကို ဒေါင်းလုတ် ရယူလျှောက်ထားနိုင်ပါသည်။

အသေးစိတ် ထပ်မံသိရှိလိုသူများအနေဖြင့် ယဉ်ကျေးမှုရေးရာဌာန This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ် ပေးပို့မေးမြန်းနိုင်မည်ဖြစ်သည်။

Contact Detail

01-536509/ 505113 Ext: 4369/4869

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: U.S.Embassy

Read times
Rate this item
(2 votes)