International

အင်္ဂလန်နိုင်ငံရှိ University of the West of Scotland (UWS) မှ တိုက်ရိုက်ချီးမြှင့်မယ့် MBA မဟာဘွဲ့ကို ပညာသင်ဆုဖြင့် လျှောက်ထားနိုင်

အင်္ဂလန်နိုင်ငံရှိ University of the West of Scotland (UWS) မှ တိုက်ရိုက်ချီးမြှင့်မယ့် MBA မဟာဘွဲ့ကို ပညာသင်ဆုဖြင့် လျှောက်ထားနိုင် google.com

University of the West of Scotland (UWS) ကချီးမြှင့်တဲ့ MBA ဘွဲ့မှာ အင်္ဂလန်နဲ့ ကမ္ဘာ့ပညာရေး အဖွဲ့အစည်းတွေဖြစ်တဲ့ Business & Management အတွက် U.K.’s Quality Assurance Agency (QAA) , Association of MBAs (AMBA) , European Foundation for Management Development (EFMD), European Quality Link (EQUAK) guideline for MBA Corses တို့ရဲ့ အသိအ မှတ်ပြုဘွဲ့လည်းဖြစ်ပါတယ်။

READ - ရန်ကုန်တက္ကသိုလ်တက်ရောက်မယ့်သူတွေ သတ်မှတ်အမှတ်ထက်ကျော်ရင် ပညာသင်ဆုပေးမယ်

သင်ကြားရမယ့်ဘာသာရပ်တွေကတော့ Managerial Accounting, Marketing Management, Managing Operations, Managing Business Strategy, Human Capital Management, Financial Management, Leading Organization, Project Management, Thesis စတာတွေဖြစ်ပါတယ်။

သင်ကြားပို့ချမယ့် ဆရာတွေကတော့ နိုင်ငံတကာ အတွေ့အကြုံရှိ ဒေါက်တာဘွဲ့ရဆရာကြီး၊ ဆရာမကြီးများ၊ ဝါရင့်ပါမောက္ခဆရာကြီး၊ ဆရာမကြီးများမှ သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းဝင်ခွင့် လိုအပ်ချက်တွေအနေနဲ့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူ၊ အင်္ဂလိပ်လို ပြောဆို၊ ရေးသားနိုင်သူတွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ပညာသင်ဆုအနေနဲ့ USD 1500 ပေးအပ်မှာဖြစ်ပါတယ်။

သင်တန်းကာလအနေနဲ့ ၁ နှစ် + Thesis (၃ လ မှ ၆ လ) အထိကြာမြင့် မှာဖြစ်ပြီး သင်တန်းကြေးတွေကို လစဉ်အရစ်ကျစနစ်နဲ့ ပေးသွင်း နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

CB Bank နဲ့ ချိတ်ဆက်ပြီး Student Loan ဖြင့်လည်း ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုပါက River Samon Institute of Management ဖုန်း ၀၉- ၄၂၀၇၂၅၅၆၆၊ ၀၉- ၇၃၀၉၄၀၆၀၊ ၀၉- ၇၇၇၇၉၃၆၁၄ သို့ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

Read times
Rate this item
(1 Vote)