International

ထိုင္းႏိုင္ငံ Chulabhorn Graduate Institute ပညာသင္ဆု

ထိုင္းႏိုင္ငံ Chulabhorn Graduate Institute ပညာသင္ဆု google

ထိုင္းႏိုင္ငံ Chulabhorn Graduate Institute (CGI) ႏွင့္ ASEAN Foundation တုိ႕ ပူးေပါင္းေပးအပ္သည့္ ပညာသင္ဆုအစီအစဥ္ျဖစ္ၿပီး အာဆီယံေဒသတြင္း ႏိုင္ငံမ်ားတြင္ သိပၸံႏွင့္ နည္းပညာ က႑တြင္အရည္အေသြးျမင့္ လူ႕စြမ္းအားအရင္းအျမစ္မ်ား တိုးျမင့္လာေစေရး ရည္ရြယ္ခ်က္ျဖင့္ ပညာသင္ဆုမ်ား ေပးအပ္ျခင္းျဖစ္သည္။

ယခုႏွစ္တြင္ ထိုင္းႏိုင္ငံမွလြဲ၍ ျမန္မာႏိုင္ငံအပါအဝင္ အျခားအာဆီယံႏိုင္ငံမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူ ၁၀ ဦးကို ပညာသင္ဆုေပးအပ္မည္ဟု CGI ႏွင့္ ASEAN Foundation က ေၾကညာထားသည္။

မဟာဘြဲ႔အတြက္ ပညာသင္ဆုေပးအပ္ျခင္းျဖစ္ၿပီး ပညာသင္ဆုရရွိပါက ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ ႔ရွိ Chulabhorn Graduate Institute တြင္ တက္ေရာက္ရမည္ျဖစ္သည္။

ပညာသင္ဆုေလွ်ာက္ထားႏိုင္မည့္ အထူးျပဳဘာသာရပ္မ်ားမွာ Applied Biological Health, Environmental Toxicology, Chemical Sciences စသည့္ ဘာသာရပ္မ်ား ျဖစ္သည္။

ပညာသင္ဆုအတြက္ ၂၀၂၀ ဇြန္လကစတင္ကာ မဟာဘြဲ႔သင္တန္းကာလ ၂ ႏွစ္ ၿပီးဆံုးသည္အထိ အျပည့္အဝ ပံ့ပိုးမည္ျဖစ္သည္။ ထို႕အျပင္ ပညာသင္ဆုအျဖစ္ ေက်ာင္းလခႏွင့္ ပညာေရးအတြက္ ကုန္က်မည့္ အျခားစရိတ္မ်ား၊ ခရီးစရိတ္၊ ဗီဇာေၾကး၊ လစဥ္အသံုးစရိတ္၊ က်န္းမာေရးအာမခံ၊ စာအုပ္စာတမ္းေၾကး၊ ေနထိုင္စရိတ္တို႕ ရရွိမည္ျဖစ္သည္။

အဆိုပါ ပညာသင္ဆု ေလွ်ာက္ထားသူသည္ အသက္ (၃၀) ႏွစ္ေအာက္ျဖစ္ရမည္ျဖစ္ၿပီး သိပၸံပညာ (ဓာတုေဗဒ၊ ဇီဝေဗဒ၊ ဇီဝသိပၸံ၊ ေမာ္လီက်ဴးဆိုင္ရာဇီဝေဗဒ၊ သဘာဝပတ္ဝန္းက်င္သိပၸံပညာ)၊ ေဆးသိပၸံပညာ (ေဆးပညာ၊ ေဆးဘက္ဆိုင္ရာနည္းပညာ)၊ ေဆးဝါး (သို႕မဟုတ္) ေဆးဝါးဆိုင္ရာ သိပၸံပညာရပ္မ်ားတြင္ ဘြဲ႔ဲတစ္ခုရရွိထားရမည္ျဖစ္သည္။

 

Sports Clubs & Federations (63) အားကစားအသင္းမ်ားႏွင့္ အဖြဲ႕ခ်ဳပ္မ်ားႏွင့္ ပတ္သက္ျပီး (63) ခုရွာရန္ႏွိပ္ပါ။

ယင္းဘြဲ႔မ်ား မရရွိထားေသာ္လည္း သိပၸံပညာရပ္ဆုိင္ရာ ဓာတ္ခြဲခန္းအေတြ႔အႀကံဳရွိသူ၊ TOEFL (သုိ႕မဟုတ္) IELTS ရမွတ္ တင္ျပႏိုင္သူ၊ မဟာဘြဲ႔ပညာသင္ဆုေပးမည့္ ဘာသာရပ္မ်ားကို မည္မွ်စိတ္ဝင္စားေၾကာင္း၊ ထို မဟာဘြဲ႔သင္တန္းမ်ားကို မည္သည့္အေၾကာင္းေၾကာင့္ တက္လိုေၾကာင္း တင္ျပခ်က္ေရးသားႏိုင္သူမ်ားသည္ ေလွ်ာက္ထားႏိုင္သည္။

ပညာသင္ဆု ေလွ်ာက္ထားရာတြင္ ပညာေရးအေထာက္အထား၊ ပညာသင္ဆုေပးအပ္သင့္သူျဖစ္ေၾကာင္း ေထာက္ခံေပးသူသံုးဦး၏ေထာက္ခံစာသံုးေစာင္၊ မဟာဘြဲ႔သင္တန္းကို မည္သည့္အေၾကာင္းေၾကာင့္ တက္လိုေၾကာင္း တင္ျပခ်က္၊ ေဆးစစ္ခ်က္၊ အျခားပညာေရးဆိုင္ရာ အေထာက္အထားမ်ား လိုအပ္မည္ျဖစ္သည္။

 

Martial Arts (37) သုိင္းေပါင္းစုံသင္တန္းမ်ားႏွင့္ ပတ္သက္ျပီး (37) ခုရွာရန္ႏွိပ္ပါ။

ပညာသင္ဆုေလွ်ာက္လႊာကို ၂၀၁၉ ေအာက္တိုဘာ ၃၀ ရက္ ေနာက္ဆံုး တင္သြင္းရမည္ျဖစ္ၿပီး https://www.cgi.ac.th/admission/cgl_af_scholarshipလင့္ခ္တြင္ ေလွ်ာက္လႊာပံုစံျဖည့္စြက္ကာ ထို ေလွ်ာက္လႊာႏွင့္ အထက္တြင္ေဖာ္ျပထားသည့္ စာရြက္စာတမ္းမ်ားကို Scan ဖတ္ကာ This email address is being protected from spambots. You need JavaScript enabled to view it. သုိ႕ အီးေမးလ္ေပးပို႕ေလွ်ာက္ထားရမည္ျဖစ္သည္။

ထုိ႕ေနာက္ ေလွ်ာက္လႊာႏွင့္စာရြက္စာတမ္းမ်ားကို Chulabhorn Graduate Institute (CGI Scholarship Programme) 906 Kamphangphet 6 Road, Laksi, Bangkok 10210 THAI LAND သုိ႕ စာတိုက္မွတစ္ဆင့္ ေပးပို႕ရမည္ျဖစ္ၿပီး ပညာသင္ဆု ရရွိသူစာရင္းကို ၂၀၂၀ ေဖေဖာ္၀ါရီတြင္ ေၾကညာမည္ျဖစ္သည္။

 

Source:7 Day News

 

**Unicode**

 

ထိုင်းနိုင်ငံ Chulabhorn Graduate Institute (CGI) နှင့် ASEAN Foundation တို့ ပူးပေါင်းပေးအပ်သည့် ပညာသင်ဆုအစီအစဉ်ဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများတွင် သိပ္ပံနှင့် နည်းပညာ ကဏ္ဍတွင်အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ တိုးမြင့်လာစေရေး ရည်ရွယ်ချက်ဖြင့် ပညာသင်ဆုများ ပေးအပ်ခြင်းဖြစ်သည်။

 

ယခုနှစ်တွင် ထိုင်းနိုင်ငံမှလွဲ၍ မြန်မာနိုင်ငံအပါအဝင် အခြားအာဆီယံနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို ပညာသင်ဆုပေးအပ်မည်ဟု CGI နှင့် ASEAN Foundation က ကြေညာထားသည်။

မဟာဘွဲ့အတွက် ပညာသင်ဆုပေးအပ်ခြင်းဖြစ်ပြီး ပညာသင်ဆုရရှိပါက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Chulabhorn Graduate Institute တွင် တက်ရောက်ရမည်ဖြစ်သည်။

 

ပညာသင်ဆုလျှောက်ထားနိုင်မည့် အထူးပြုဘာသာရပ်များမှာ Applied Biological Health, Environmental Toxicology, Chemical Sciences စသည့် ဘာသာရပ်များ ဖြစ်သည်။

ပညာသင်ဆုအတွက် ၂၀၂၀ ဇွန်လကစတင်ကာ မဟာဘွဲ့သင်တန်းကာလ ၂ နှစ် ပြီးဆုံးသည်အထိ အပြည့်အဝ ပံ့ပိုးမည်ဖြစ်သည်။ ထို့အပြင် ပညာသင်ဆုအဖြစ် ကျောင်းလခနှင့် ပညာရေးအတွက် ကုန်ကျမည့် အခြားစရိတ်များ၊ ခရီးစရိတ်၊ ဗီဇာကြေး၊ လစဉ်အသုံးစရိတ်၊ ကျန်းမာရေးအာမခံ၊ စာအုပ်စာတမ်းကြေး၊ နေထိုင်စရိတ်တို့ ရရှိမည်ဖြစ်သည်။

 

အဆိုပါ ပညာသင်ဆု လျှောက်ထားသူသည် အသက် (၃၀) နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီး သိပ္ပံပညာ (ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဇီဝသိပ္ပံ၊ မော်လီကျူးဆိုင်ရာဇီဝဗေဒ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာ)၊ ဆေးသိပ္ပံပညာ (ဆေးပညာ၊ ဆေးဘက်ဆိုင်ရာနည်းပညာ)၊ ဆေးဝါး (သို့မဟုတ်) ဆေးဝါးဆိုင်ရာ သိပ္ပံပညာရပ်များတွင် ဘွဲ့ဲတစ်ခုရရှိထားရမည်ဖြစ်သည်။


Sports Clubs & Federations (63) အားကစားအသင်းများနှင့် အဖွဲ့ချုပ်များနှင့် ပတ်သက်ပြီး (63) ခုရှာရန်နှိပ်ပါ။

 

ယင်းဘွဲ့များ မရရှိထားသော်လည်း သိပ္ပံပညာရပ်ဆိုင်ရာ ဓာတ်ခွဲခန်းအတွေ့အကြုံရှိသူ၊ TOEFL (သို့မဟုတ်) IELTS ရမှတ် တင်ပြနိုင်သူ၊ မဟာဘွဲ့ပညာသင်ဆုပေးမည့် ဘာသာရပ်များကို မည်မျှစိတ်ဝင်စားကြောင်း၊ ထို မဟာဘွဲ့သင်တန်းများကို မည်သည့်အကြောင်းကြောင့် တက်လိုကြောင်း တင်ပြချက်ရေးသားနိုင်သူများသည် လျှောက်ထားနိုင်သည်။

 

ပညာသင်ဆု လျှောက်ထားရာတွင် ပညာရေးအထောက်အထား၊ ပညာသင်ဆုပေးအပ်သင့်သူဖြစ်ကြောင်း ထောက်ခံပေးသူသုံးဦး၏ထောက်ခံစာသုံးစောင်၊ မဟာဘွဲ့သင်တန်းကို မည်သည့်အကြောင်းကြောင့် တက်လိုကြောင်း တင်ပြချက်၊ ဆေးစစ်ချက်၊ အခြားပညာရေးဆိုင်ရာ အထောက်အထားများ လိုအပ်မည်ဖြစ်သည်။


Martial Arts (37) သိုင်းပေါင်းစုံသင်တန်းများနှင့် ပတ်သက်ပြီး (37) ခုရှာရန်နှိပ်ပါ။

 

ပညာသင်ဆုလျှောက်လွှာကို ၂၀၁၉ အောက်တိုဘာ ၃၀ ရက် နောက်ဆုံး တင်သွင်းရမည်ဖြစ်ပြီး https://www.cgi.ac.th/admission/cgl_af_scholarshipလင့်ခ်တွင် လျှောက်လွှာပုံစံဖြည့်စွက်ကာ ထို လျှောက်လွှာနှင့် အထက်တွင်ဖော်ပြထားသည့် စာရွက်စာတမ်းများကို Scan ဖတ်ကာ This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

 

ထို့နောက် လျှောက်လွှာနှင့်စာရွက်စာတမ်းများကို Chulabhorn Graduate Institute (CGI Scholarship Programme) 906 Kamphangphet 6 Road, Laksi, Bangkok 10210 THAI LAND သို့ စာတိုက်မှတစ်ဆင့် ပေးပို့ရမည်ဖြစ်ပြီး ပညာသင်ဆု ရရှိသူစာရင်းကို ၂၀၂၀ ဖေဖော်ဝါရီတွင် ကြေညာမည်ဖြစ်သည်။


Source:7 Day News

 

Read times
Rate this item
(1 Vote)