International

မြန်မာကျောင်းသား ၁၀ ဦး အတွက် ပညာသင်ဆု အစီအစဉ်လျှောက်ထားနိုင်

မြန်မာကျောင်းသား ၁၀ ဦး အတွက် ပညာသင်ဆု အစီအစဉ်လျှောက်ထားနိုင် Google.com

အသက် (၁၇) နှစ်မှ (၂၅) နှစ် ရှိသည့် မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို စိစစ် ရွေးချယ်မည်ဖြစ်၍ ပညာထူးချွန်ပြီး ငွေကြေးချို့တဲ့သူများကို ဦးစားပေးမည်ဟု Inspired Learning ညွှန်ကြားရေးမှူး ပေါမနူရယ်က ရန်ကုန်မြို့ MELIA ဟိုတယ်၌ မေလ ၅ ရက်က ပြုလုပ်သည့် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်စာနယ် ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ရွေးချယ်ခံရသည့် ကျောင်း သား၊ကျောင်းသူများ အနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Siam Technology College တွင် နိုင်ငံတကာ စီးပွားရေးစီမံခန့်ခွဲမှု ဒီဂရီ ဘွဲ့နှင့် ဟိုတယ်ခရီးသွားလာရေး လုပ်ငန်းဒီဂရီဘွဲ့ကို လေးနှစ်တက် ရောက်ရမည်ဟု သိရသည်။

ပညာသင်ထောက်ပံ့ကြေး အနေဖြင့် ကျောင်းသားတစ်ဦးလျှင် မြန်မာငွေသိန်းနှစ်ရာခန့်ကုန်ကျ မည့် လေးနှစ်စာ ကျောင်းလခ၊ သင်တန်းကြေး၊ အဆောင်ခနှင့် စာရွက် စာတမ်းကြေးများကို ထောက်ပံ့ မည်ဟု ပေါမနူရယ်က ပြောသည်။

မြန်မာနိုင်ငံရှိ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် လူငယ်များ ပါဝင်လာနိုင်ပြီး ဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပညာသင်ထောက်ပံ့မှုပေးကြောင်း ပေါမနူရယ်က ပြော သည်။

ပညာသင်ဆုလျှောက်ထားသည့် ကျောင်းသူကျောင်းသားများ အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မှတ် ၃၅၀ ရရှိ၍ ဂုဏ်ထူးနှစ် ဘာသာရရှိသူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာများကို မေလ နောက် ဆုံးထား လျှောက်ရမည်ဖြစ်ကာ ရွေးချယ်ခံရသူများကို ၂၀၁၇ ဇွန် လတွင် ကြေညာမည်ဟု သိရ သည်။

Inspired Learning ကုမ္ပဏီသည် စီးပွားရေးနှင့်လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားပြောသင်တန်း ပို့ချနေသည့် မြန်မာ-ဗြိတိန်အကျိုး တူဖွင့်လှစ်ထားသည့် ကုမ္ပဏီဖြစ် သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day dialy

Read times
Rate this item
(4 votes)