International

မြန်မာကျောင်းသားများအတွက် The City College of New York မှ ပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေး

မြန်မာကျောင်းသားများအတွက် The City College of New York မှ ပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေး Google.com

The City College of New York သည် အမေရိကန်နိုင်ငံ၏ နယူးယောက်မြို့တွင် တည်ရှိ၍ ၁၈၄၇ ခုနှစ်တွင် တည်ထောင်ခဲ့သော တက္ကသိုလ်ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားများ မိမိတက်ရောက်လိုသော ဘာသာအား ကျောင်း ၆ ကျောင်းခွဲ၍ ဖွင့်လှစ်ထားသည်။

ဗိသုကာ ပညာတက်ရောက်လိုသူများအတွက် Bernard and Anne Spitzer School of Architecture တွင် တက်ရောက်နိုင်မည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကမ္ဘာ့အတော်ဆုံး Research များနှင့်အတူ Nanotechnology, materials engineering to transportation and remote sensing အစရှိသည့် နယ်ပယ်များတွင် သုတေသနပြုလုပ်နိုင်သည့်အပြင် Civil, Computer, Electrical, Mechanical, Bio medical နှင့် Engineering ပညာရပ်များအတွက် Grove School of Engineering တွင် တက်ရောက်နိုင်သည်။

College of Liberals Arts and Science တွင် Division of Humanities and the Arts အတွက် music, theater, film, literature, art, advertising နှင့် graphic design ပညာရပ်များကို သင်ယူနိုင်မည် ဖြစ်သည်။

ထို့အပြင် Division of Science တွင် cutting edge research များ ပြုလုပ်လျက်ရှိပြီး ကျောင်းသားများ အနေဖြင့် Biochemistry, Biology, Biotechnology, Chemistry နှင့် Physics ပညာရပ်များ လည်း တက်ရောက်ဘွဲ့ယူ၍ ကမ္ဘာ့ရှေ့ပြေး သုတေသနပြုလုပ်နေသော research များတွင် ၀င်ရောက် လုပ်ကိုင်နိုင်သည်။

မြန်မာကျောင်းသားများအနေဖြင့် ပညာသင်ဆုဖြင့် လျှောက်ထားပါက OSS ရုံးခန်းသို့ ကျောင်းသား၏ ဆယ်တန်း သို့မဟုတ် ဆယ်တန်းနှင့်ညီမျှသည့် လက်မှတ်များ၊ IELTS သို့မဟုတ် TOEFL အမှတ်များယူပြီး လာရောက် လျှောက်ထားနိုင်ပါသည်။

Contact Detail

၀၉-၂၆၂၂၂၄၆၄၆

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

source: internet journal

Read times
Rate this item
(2 votes)