International

Kao Yuan University Scholarships

ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်လိုသူတို့အတွက် အဆင်ပြေမည့် ပညာရေး အစီအစဉ် ဖြစ်သည့် ကောင်းယွမ် ပညာသင်ဆုအကြောင်း စုံစမ်းမေးမြန်းပြီး တင်ပြအပ်ပါသည်။

ကောင်းယွမ်တက္ကသိုလ် (Kao Yuan University) သည် industrial science and technology တက္ကသိုလ်တစ်ခု ဖြစ်သည်။ တိုင်ဝမ်နိုင်ငံ ကောင်ရွှန်းမြို့ရှိ Kaohsiung Science Park တွင် တည်ရှိသည်။ ယခင်က Private Kao Yuan Industrial College ဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုပြီး စာရင်းဝင်အဖြစ်သို့ ၁၉၈၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ၁၉၈၉ ခုနှစ် သြဂုတ်လတွင် တက္ကသိုလ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် Kao Yuan University of Science and Technology ဟု အမည်ပြောင်းလဲခဲ့သည်။ တစ်ဖန် ၂၀၀၅ ခုနှစ်တွင် Kao Yuan University ဟု ခေါ်တွင်ခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။
မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများကို ပင်လယ်ရပ်ခြား ကျောင်းသူကျောင်းသားများအဖြစ် scholarship ပေးပြီး ခေါ်ယူခြင်းကို ယမန်နှစ်က စတင်ခဲ့သည်။

ဘယ်လို လူတွေကို ခေါ်မလဲ
“ကောင်းယွမ် တက္ကသိုလ် က ဘယ်လို ကျောင်းသူကျောင်းသားတွေကို ခေါ်မလဲဆိုတော့ ဒီမှာ ရှိတဲ့ တက္ကသိုလ် တစ်ခုခုမှာ အနည်းဆုံး ဒုတိယနှစ်အထိ အောင်မြင်ပြီးတဲ့သူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်”
သင်ကြားမှု အစီအစဉ်က ဘယ်လိုလဲ
“ပထမနှစ်မှာ language သင်ရမယ်။ အဲဒီမှာ first semester က free တက်ခွင့် ရမယ်။ ပထမ ၆ လ အခမဲ့ တက်ခွင့်ရမယ်။ second semester ၆လ ကိုတော့ ၅၀% သွင်းရမယ်။ အဲဒါက အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၂၅၀၀ နဲ့ ၃၀၀၀ ကြားမှာပဲ ရှိမယ်။ အဲဒါ တစ်နှစ်လုံးစာ အတွက် ကုန်တာ ဖြစ်ပါတယ်။ ပထမဆုံး လေးလအတွင်းမှာ အပြီး ပေးသွင်းဖို့တော့ လိုတယ်”
လေယာဉ်ခ၊ insurance အစရှိသည့် စရိတ်စကများကို တက်ရောက်မည့်သူမှ ကျခံရပါမယ်။

အချိန်ပိုင်း အလုပ်လုပ်ခွင့်
“Part time အလုပ် လုပ်ခွင့် ရှိတယ်။ တစ်ပတ်ကို နာရီ ၂၀ အထိ လုပ်ခွင့် ရှိတယ်။ ကျောင်းနဲ့ ချိတ်ဆက်ပြီး လုပ်မယ်ဆိုရင် စက်ရုံတွေမှာ အလုပ်ရမယ်။ ကျောင်းသူကျောင်းသား ဖြစ်နေတဲ့အတွက် ထုပ်ပိုးတဲ့အဆင့် လုပ်ကိုင်တဲ့နေရာမှာပဲ လုပ်ကိုင်ရမယ်။ သက်သာတဲ့နေရာပေါ့။ ခက်ခဲပင်ပန်းတဲ့နေရာမျိုးမှာ ပေးမလုပ်ဘူး။ နောက်ဆုံး packing ပိတ်တဲ့ နေရာမျိုးမှာပဲ လုပ်ရမယ်။ ဒီတော့ မိန်းကလေးဆိုလည်း လုပ်ဖို့ အဆင်ပြေတယ်။ လုပ်ခက ဘယ်လောက် ရမလဲဆိုတော့ မြန်မာ ကျပ်ငွေနဲ့ တွက်မယ်ဆိုရင် ၇ သိန်း ၀န်းကျင်လောက်ရမယ်။ ဒီတော့ ကျောင်းလခကို ကာမိတယ်”

၎ နှစ်တက်ရမည်ဖြစ်ပြီး အောင်မြင်ပြီးစီးသည့်အခါ အလုပ်အကိုင် ရှာဖွေရန် ၁ နှစ် နေထိုင်ခွင့် ရရှိမည်။ အလုပ်အကိုင် ရရှိပြီးသည့်နောက် PR လျှောက်ထားလိုပါက ၆ နှစ်အကြာတွင် ရရှိမည် ဖြစ်ရာ၌ ကျောင်းစတက်သည့် ၄ နှစ်ကိုပါ ထည့်သွင်းတွက်ချက်ပေးသည်။
အသေးစိတ် အချက်အလက်များ မေးမြန်းရန် ဖုန်းနံပါတ် 09 785128638

Read times
Rate this item
(0 votes)