International

အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်ဘာသာစကားသင်တန်းများအတွက် ဥရောပသမဂ္ဂမှ ပညာသင်ဆုပေးအပ်

အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်ဘာသာစကားသင်တန်းများအတွက် ဥရောပသမဂ္ဂမှ ပညာသင်ဆုပေးအပ် Google.com

ဥရောပ တက္ကသိုလ်များတွင် ပညာသင်ယူမည့် ကျောင်းသားများအတွက် ပြင်ဆင်ထောက်ပံ့မှု အနေဖြင့် အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမန်ဘာသာစကားသင်တန်းများ တက်ရောက်နိုင်ရန် ပညာသင်ဆုပေးမည့် အစီအစဉ် ဖြစ်ပါသည်။

ဥရောပတွင် ပညာသင်ယူ လိုသော ရည်ရွယ်ချက်ကို ကိုယ်တိုင်ရှင်းလင်းပြောကြားခဲ့သော စက္ကန့် ၃၀ ကြာ ဗီဒီယိုကို ဆွေးနွေး ရေးဖိုရမ်တွင် တင်ပြရမည်ဖြစ်ပြီး ကံထူးသူများအနေဖြင့် ဘာသာ စကားသင်တန်းတစ်ခု အခမဲ့တက် ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။

အင်္ဂလိပ်၊ ပြင်သစ်နှင့်ဂျာမန် ဘာသာစကားသင်တန်း အခမဲ့ တက်ရောက်ခွင့်အတွက် ဥရောပ သမဂ္ဂ (မြန်မာ) ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ၀င်ရောက်လေ့ လာကာ စိတ်ဝင်စားသူများ ပါဝင်နိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

Read times
Rate this item
(2 votes)