International

“ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်နိုင်မည့် ပညာသင်ဆုအခွင့်အရေးကောင်း”

“ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်နိုင်မည့် ပညာသင်ဆုအခွင့်အရေးကောင်း” google

ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်နိုင်မည့် ပညာသင်ဆုအတွက် ရန်ကုန်မြို့သာမက မန္တလေးမြို့တွင်လည်း လျှောက်ထားနိုင်ကြောင်း

မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မိုမိုစုံ၏ ပြောကြားချက်အရ သိရှိရပါသည်။

 

အဆိုပါပညာသင်ဆုအတွက် စိတ်ဝင်စားသောကျောင်းသား/သူ များအနေဖြင့် လျှောက်လွှာများကို

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ထုတ်ယူ၍ မေ ၂၄ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါသည်။

 

ယခင်နှစ်များက ရန်ကုန်မြို့တွင်သာလျှောက်ထားခွင့်ပြုသော်လည်း ယခုနှစ်မှစ၍ မန္တလေးမြို့ရှိ သက်ဆိုင်ရာမြန်မာနိုင်ငံဂျပန်

ပညာသင်ဟောင်းအသင်းတွင် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

 

ပညာသင်ဆုကို တစ်နှစ်လျှင် တစ်ကြိမ်(ဧပြီလမှ အောက်တိုဘာလ) တွင် ခေါ်ယူမည်ဖြစ်ပြီး လျှောက်ထားသူများအနက်

သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကို အင်တာဗျူးဖြေဆိုခွင့်ပေးမည် ဖြစ်ပါသည်။

 

အဆိုပါပညာသင်ဆုသည် ဂျပန်နိုင်ငံတွင် တစ်လလျှင် လစာယန်းတစ်သိန်း ကျော်ရရှိမည့်သတင်းစာပို့ရင်း ကျောင်းတက်နိုင်မည့်ပညာသင်ဆုလည်းဖြစ်ပါသည်။

 

“စိတ်ဝင်စားတဲ့ကျောင်းသား/သူတွေ စတင်လျှောက်ထားနိုင်ပါပြီ။ ဒီနှစ်မှာ ထူးခြားမှုအနေနဲ့ မန္တလေးက

ကျောင်းသား/သူတွေလည်း လျှောက်ထားနိုင်ပါတယ်။ အလုပ်လုပ်ရင်းပညာသင်ဆုရရှိမှာ ဖြစ်တဲ့အတွက် အကျိုးရှိပါတယ်။

ဘယ်တက္ကသိုလ်မဆို တက်ရောက်နိုင်မယ့် အခွင့်အလမ်းလည်းရှိတယ်။ လစာလည်းကောင်းတာကြောင့် ဒီပညာသင်ဆုကို လက်မလွှတ်သင့်ပါဘူး။

ပညာသင်ဆုရရှိတဲ့ကျောင်းသား/သူတွေကို အဆင်ပြေအောင်စီစဉ်ပေးမှာပါ” ဟုဒေါ်မိုမိုစံကပြောပါသည်။

 

ယင်းပညာသင်ဆုကို ဂျပန်နိုင်ငံ အဆာဟိ သတင်းစာတိုက်ကပေးအပ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ မည်သည့်တက္ကသိုလ်မဆို

တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါသည်။ ပညာသင်ဆုရရှိသော ကျောင်းသား/သူများအတွက် ကျောင်းစရိတ်၊ အိမ်ခန်းခကို

ယင်းသတင်းစာတိုက်မှပေးအပ်မည်ဖြစ်ပြီး ရေ၊ မီတာခများကို ပညာသင်ဆုရရှိသော ကျောင်းသား/သူ ဘက်က အကုန်ကျခံရမည်ဖြစ်ပါသည်။

အဆာဟိ သတင်းစာတိုက်တွင် နှစ်နှစ်ကြာသည်အထိ သတင်းစာပို့ခြင်းလုပ်ငန်း လုပ်ကိုင်ရမည်ဖြစ်ပြီး လစာငွေမှ ဝင်ငွေခွန်၊ စီမံခန့်ခွဲခ

များကိုလည်း နုတ်ယူမည်ဖြစ်ကြောင်း သိရပါသည်။

 

Source: မြဝတီ

Read 4236 times
Rate this item
(4 votes)