International

ကိုရီးယားအစိုးရ ပညာသင်ဆု လျှောက်ထားနိုင်

ကိုရီးယားအစိုးရ ပညာသင်ဆု အစီအစဉ် (KGSP) (Graduate Degree) သည် ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်ပညာရေးအဖွဲ့ အစည်းများတွင် Bachelor Degree သို့ မဟုတ် Associate Degree ကို တက်ရောက်လိုသော နိုင်ငံတကာ ကျောင်းသားများအတွက် အခွင့်အရေးများကို ထောက်ပံ့ပေးနိုင်ရန်နှင့် နိုင်ငံများအကြား ချစ်ကြည်ရင်းနီးမှုကို နက်ရှိုင်းစေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ပေးအပ် ချီးမြှင့်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။

ပညာရေးလမ်းကြောင်း - (Master ဘွဲ့ အတွက် ၂ နှစ် + ကိုရီးယားဘာသာစကား အစီအစဉ် ၁ နှစ်)

လိုအပ်သော အရည်အချင်းများ

- Bachelor ဘွဲ့ ရရှိထားပြီးသူများဖြစ်ရမည်။

- တက္ကသိုလ် GPA 4.0 အထက် ရှိရပါမည်။

- ကိုရီးယားဘာသာစကား (TOPIK) သို့ မဟုတ် အင်္ဂလိပ်ဘာသာစကား (IELTS or TOEFL) အသိအမှတ်ပြု လက်မှတ်ရှိသူများအား ဦးစားပေးပါမည်။

ပညာသင်ဆုရရှိပါက

• အသွားအပြန် လေယာဉ်လက်မှတ်

• ထောက်ပံ့ကြေး တစ်လ ၀မ် ရှစ်သိန်း

• ကျောင်းလခ စရိတ်ငြိမ်း

• အခမဲ့ ကိုရီးယားဘာသာစကား အစီအစဉ်

• ကျန်းမာရေး အာမခံ

• TOPIK 5 or 6 ရရှိသော ကျောင်းသားများအတွက် ချီးမြှင့်ငွေ တစ်လ ၀မ်တစ်သိန်း

• ပညာသင်ယူမှုပြီးဆုံးပါက ချီးမြှင့်ငွေ ၀မ်တစ်သိန်း

• အပြောင်းအရွှေ့ စရိတ် ၀မ် နှစ်သိန်း စသည်တို့ ကို ချီးမြှင့်သွားမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်လွှာများကို၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားလျှောက်ရပါမည်။

(GunHong ၏ ၀န်ဆောင်အကြံပေးမှုမှတဆင့် ကိုရီးယားအစိုးရ ပညာသင်ဆုရရှိထားသော ကျောင်းသား ၁၁ ဦး ရှိပြီဖြစ်ပါသည်။)

ပညာသင်ဆုလျှောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ ကူညီစီစဉ် အကြံပေးခြင်းနှင့် အခြားလိုအပ်ချက်များကို GunHong Education Consultancy မှ အကောင်းဆုံး ဆောင်ရွက် ပေးနေ ပါပြီ။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက GunHong Education Consultancy အခန်း ၁၁၀၅၊ (၁၁) လွှာ၊ ပန်းခြံတာဝါ၊ မြေနီကုန်းသို့ လူကိုယ်တိုင် လာရောက်မေးမြန်းနိုင်ပါသည်။

ဖုန်း - ၀၉-၄၅၀၀၂၂၉၈၈၊ ၀၉-၄၅၀၀၆၂၈၆၉၊ ၀၉-၂၅၀၂၈၅၆၄၂

source: GunHong - Education  Consultancy

Read times
Rate this item
(2 votes)