International

ဂျပန်ပညာတော်သင်ဆု လျှောက်လွှာခေါ်ယူခြင်း

ဂျပန်နိုင်ငံအစိုးရ (Monbukagakusho: MEXT) မှ ကမ်းလှမ်းလာသည့် Teacher Training Students Program (2019) ပညာသင်ဆုကိစ္စ လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်။

၁။ ဂျပန်နိုင်ငံအစိုးရမှ ကမ်းလှမ်းလာသည့် Teacher Trgining Students Program (2019) သို့ သင်တန်းသား ပေးပို့ အဆိုပြုရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြား လာပါသည်။ သင်တန်းဆိုင်ရာ အချက်အလက်များ ပူးတွဲပေးပို့ပါသည်။ (ပူးတွဲ-၁)

၂။ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အတွက် သတ်မှတ် ပေးထားသော (ပူးတွဲ-၂) ဦးရေနှင့်အညီ ပဏာမ သင်တန်းသားများကို (ပူးတွဲ-၃) ပါ အစီအစဉ်အတိုင်း ရွေးချယ် အဆိုပြုရန် ဖြစ်ပါသည်။

၃။ ရွေးချယ်အဆိုပြုခံရသူများ၏ အမည်စာရင်း၊ ရာထူး/ကျောင်း၊ ဖုန်းနံပါတ်တို့ကို အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြပြီး တန်းစီဇယား၊ ရမှတ်၊ ကိုယ်ရေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍ ဤဦးစီးဌာနသို့ (၇-၁-၂၀၁၉) ရက်နေ့  ညနေ(၄)နာရီထက် နောက်မကျစေဘဲ ပေးပို့ရန်အကြောင်းကြားပါသည်။

ဂျပန်နိုင်ငံအစိုးရ၏ Teacher Training Students Program (2019) အတွက် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများက ပဏာမအဆိုပြုရမည့် ဦးရေစာရင်း

၁။   ကချင် - ၂ ဦး

၂။   ကယား - ၂ ဦး

၃။   ကရင် - ၂ ဦး

၎။   ချင်း - ၂ ဦး

၅။ စစ်ကိုင်း - ၃ ဦး

၆။ တနင်္သာရီ - ၂ ဦး

၇။ ပဲခူး (အရှေ့) - ၂ ဦး

၈။ ပဲခူး (အနောက်) - ၂ ဦး

၉။ မကွေး - ၂ ဦး

၁၀။ မန္တလေး -  ၃ ဦး

၁၁။ မွန် -၂ ဦး

၁၂။ ရခိုင် -၂ ဦး

၁၃။ ရန်ကုန် - ၃ဦး

၁၄။ ရှမ်း (တောင်) - ၂ ဦး

၁၅။ ရှမ်း (မြောက်) -၂ ဦး

၁၆။ ရှမ်း (အရှေ့) -၂ ဦး

၁၇။ ဧရာဝတီ - ၃ ဦး

၁၈။ နေပြည်တော် - ၂ ဦး

မှတ်ချက် - ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြများ အပါအ၀င် ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရ၏ Teacher Training Students Program (2019) သတ်မှတ်ချက်များ

(က) နိုင်ငံခြားသို့ စေလွှတ်မည့် အကြောင်းအရာနှင့်ကာယ - Teacher Training Students Program (2019)  - ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် မတ်လအထိ

(ခ) စေလွှတ်မည့်နိုင်ငံ - ဂျပန်နိုင်ငံ

(ဂ) သတ်မှတ်ချက်များ - အသက် (၃၅) နှစ်အောက် (၂.၄.၁၉၈၄) နောက်ပိုင်း မွေးဖွားသူ

(ဃ) ကျား/မ သတ်မှတ်ချက် - မရှိပါ

(င) ရွေးချယ်ရမည့်ဦးရေ - (၁၅) ဦး

(စ) အရည်အချင်းသတ်မှတ်ချက်များ

- (၁.၄.၂၀၁၉) ရက်နေ့တွင် အသက် (၃၅) နှစ် မပြည့်သေးသူဖြစ်ရမည်။

- ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

- အခြေခံပညာကျောင်းများနှင့် လေ့ကျင့်ရေး ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြဖြစ်ရမည်။

- (၁.၁.၂၀၁၉) ရက်နေ့တွင် သင်ကြားရေးလုပ်သက် (၅) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

- အင်္ဂလိပ်စာ ကျွမ်းကျင်သူဖြစ်ရမည်။

- ဂျပန်ဘာသာစကားကို သင်ယူရန် ဆန္ဒရှိသူဖြစ်ပြီး အဆိုပါသင်တန်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

(ဆ) အခြေခံပညာဦးစီးဌာနသို့ နောက်ဆုံးပေးပို့ရမည့် ရက် - ၇.၁.၂၀၁၉ ရက်နေ့ ညနေ (၄း၀၀) နာရီ အရောက်ပို့ပေးရမည် ဖြစ်ပါသည်။

(ဇ) စိစစ်ရွေးချယ်ရေးစနစ်

- အင်္ဂလိပ်ဘာသာရပ်နှင့် ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတတို့ကို ရေးဖြေ နှုတ်ဖြေ စစ်ဆေးရန်။

- စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်ရန်။

ပူးတွဲ(၃) ဂျပန်နိုင်ငံအစိုးရ၏ Teacher Training Students Program (2019) အတွက် ဆောင်ရွက်ရမည့် အစီအစဉ်

၁။ တိုင်းဒေသကြီး/ပြည်နယ်ရှိ အခြေခံပညာကျောင်းများ (ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များကို လေ့ကျင့်ရေး အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများအပါအဝင်) သို့ ဖြန့်ဝေ ပေးရန်နှင့် ကျောင်း အုပ်ကြီး များက ထပ်ဆင့်၍ မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြဆရာ၊ ဆရာမများအားလုံး သိရှိရေး မှတ်တမ်းယူဆောင်ရွက်စေရန်၊ ဖြေဆိုရန် အရည်အချင်း သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအားလုံး ဖြေဆိုလိုပါက ဝင်ရောက်ဖြေဆိုခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးရန်။

၂။ စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း၍ အဖွဲ့ဖြင့် အင်္ဂလိပ်စာဘာသာရပ် (၂-နာရီမေးခွန်း) ရေးနှင့် ပညာရေး ဆိုင်ရာ အထွေထွေဗဟုသုတ နှုတ်ဖြေစစ်ဆေး၍ (၂)မျိုးပေါင်းရမှတ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အတွက် သတ်မှတ်ပေးထားသော ပူးတွဲပါဦးရေနှင့်အညီ အဆိုပြုသင်တန်းသား ရွေးချယ်ရန်၊ ရမှတ် တန်းစီဇယားပေးပို့ရန်။

၃။ ပဏာမအဆိုပြုအမည်၊ ရာထူး၊ ကျောင်း၊ မြို့နယ်၊ ဖုန်းနံပါတ်၊ တိုင်းဒေသကြီး/ပြည်နယ်တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်ဖော်ပြပြီး ဖြေဆိုသူအားလုံး၏ တန်းစီဇယား၊ ရမှတ်နှင့်တကွ (၇-၁-၂၀၁၉) ရက်နေ့ ညနေ(၄) နာရီထက် နောက်မကျစေဘဲပေးပို့ရန်။

၎။ ပဏာမရွေးချယ်ခံရသူများသည် အထက(၆)၊ နေပြည်တော်၌ (၉-၁-၂၀၁၉) ရက်နေ့တွင် အင်္ဂလိပ် ဘာသာရပ်နှင့် ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတတို့ကို ရေးဖြေ ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့နှုတ်ဖြေ ဆက်လက် ဖြေဆိုရမည်ဖြစ်ပါသည်။

၅။ အထက(၆) နေပြည်တော်သို့ လာရောက်ဖြေဆိုသူများသည် ပြည့်စုံစွာဖြည့်စွက်ထားသော ကတိခံဝန်ချက်၊ (၃၆) ချက်နှင့် (၁၇)ချက်ပါ ကိုယ်ရေးမှတ်တမ်း(၃)စုံစီ၊ မြန်မာနိုင်ငံသို့ ပြန်လာမည် ဖြစ်ကြောင်းနှင့် ဇနီး/ခင်ပွန်းသည် နိုင်ငံခြားသို့ ရောက်ရှိနေခြင်းမရှိကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး များက တာဝန်ခံသည့်စာနှင့်အတူ လာရောက် ဖြေဆိုရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်စေရန်။

Read times
Rate this item
(1 Vote)