International

ဆွီဒင်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ဖြစ်သော Lund University မှ ပညာသင်ဆု သုံးမျိုး လျှောက်ထားနိုင်

ဆွီဒင်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ဖြစ်သော Lund University မှ ပညာသင်ဆု သုံးမျိုး လျှောက်ထားနိုင် Google.com

Lund University တွင် Scholarship Program သုံးမျိုး လျှောက်ထားနိုင်ပါသည်။ ထိုသုံးမျိုးမှာ Global Scholarship, Programme Specific Scholarship နှင့် Swedish Institute Scholarship တို့ဖြစ်သည်။

Global Scholarship သည် နိုင်ငံတကာ ကျောင်းသားများ လျှောက်ထားနိုင်ပြီး ကျောင်းစရိတ်အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသ ချီးမြှင့်သည့် ဆု ဖြစ်သည်။

Programme Specific Scholarship သည် အချို့သော ဘာသာရပ်များအတွက် Scholarship ပေးခြင်းဖြစ်ပြီး Swedish Institute Scholarship သည် အစိုးရအဖွဲ့အစည်းကပေးသော Scholarship Program ဖြစ်ပါသည်။

Scholarship Programs သုံးမျိုးစလုံးကို နိုင်ငံတကာကျောင်းသားများ (မြန်မာ) အပါအ၀င် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ဘွဲ့ကြိုတန်း (Bachelor Program) အတွက် International ကျောင်းသားများ တက်ရောက်နိုင်သော မေဂျာများမှာ Development Studies, Fine Arts, International Business,

Mathematics, Physical Geography and Ecosystem, Physics စသည်တို့ ဖြစ်ပါသည်။

ဘွဲ့ကြိုတန်းများမှာ ၃ နှစ် တက်ရောက်ရမည်ဖြစ်ပြီး ရွေးချယ်သည့် ဘာသာရပ်ပေါ်မူတည်၍ Campus အပြောင်းအလဲ ရှိပါသည်။

ဘွဲ့ကြိုတန်းအတွက် အင်္ဂလိပ်စာ လိုအပ်ချက်များမှာ

- IELTS 6.0 သို့မဟုတ် TOEFL (PBT) 570 သို့မဟုတ် TOEFL (IBT) 85 ရှိရမည်။

ဘွဲ့ကြိုတန်းအတွက် ကျောင်းဖွင့်မည့် ကာလမှာ ဇန်န၀ါရီလ ဖြစ်ပြီး တစ်နှစ်မှာ တစ်ကြိမ်သာ ဖွင့်ပြီး ဇွန်လတွင် စတင် လျှောက်ထားနိုင်ပါသည်။

မာစတန်းအတွက် International ကျောင်းသားများ တက်ရောက်နိုင်သော ပရိုဂရမ်များမှာ မေဂျာပေါင်း ၁၀၀၀ ရှိပြီး Architecture & Design, Urban Design, Business Management &

Economics, Accounting and Finance, International Marketing and Brand Management, International Strategic Management, Film and Media Producing,

Biotechnology, Food Technology and Nutrition, Fine & Performing Arts, Music Performance, Psychology, Service Management & Supply Chain Management,

Biomedicine, Medical Science, Public Health, Medical Biology စသည်တို့ ဖြစ်သည်။

မာစတာတန်းအတွက် အင်္ဂလိပ်စာ လိုအပ်ချက်များမှာ

- IELTS 6.5 သို့မဟုတ် TOEFL (PBT) 575 သို့မဟုတ် TOEFL (IBT) 90 ရရှိရမည်ဖြစ်သည်။

မာစတာတန်း ကျောင်းဖွင့်မည့် ကာလမှာ ဇန်န၀ါရီလ ဖြစ်သည်။

Contact Detail

09-5140802, 09-791822665

Source: internet journal

Read times
Rate this item
(1 Vote)