International

Tuesday, 28 May 2019 10:14

"ဂျာမနီအစိုရပေးသည့် Full Scholarship ပညာတော်သင်ဆု"

ဂျာမနီအစိုးရကပေးသည့် ရာနှုန်းပြည့်ပညာတော်သင်ဆု (DAAD) ဖြင့် ကျန်းမာရေးမဟာသိပ္ပံဘွဲ့ (M.Sc) တက်ရောက်နိုင်ပါသည်။ **ပေးအပ်မည့်ဘွဲ့M.Sc (International Health)   **တက္ကသိုလ်University of Hedelberg, Germany   **လျှောက်လွှာတင်ရမည့်နောက်ဆုံးရက်အောက်တိုဘာလ (၁၅) ရက်၊ ၂၀၁၉   **တက္ကသိုလ်စတက်ရမည့်အချိန်စက်တင်ဘာလ (၂၀၂၀)   ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ် စသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် တက္ကသိုလ်များတွင် ဘွဲ့ယူခဲ့သည့် ကျောင်းသားများအတွက် ဂျာမနီနိုင်ငံ၏ နာမည်ကျော်တက္ကသိုလ် Heildelberg University ၏ ထူးခြားသည့် အခွင့်အရေးသည် စောင့်ကြိုနေပါသည်။   ဒီပညာတော်သင်ဆုသည် နှစ်တိုင်းပေးခြင်းဖြစ်သည့်အတွက် ဒီနှစ်အဆင်သင့်မဖြစ်ခဲ့လျှင် နောက်နှစ်များအတွက် ကြိုတင်၍ ပြင်ဆင်ထားပြီး လျှောက်ထားစေချင်ပါသည်။   ဂျာမနီ (EU) မှာ ပညာသင်ကြားရသည့် အားသာချက်မှာ ဗီဇာမလိုပဲ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဆွဇ်ဇာလန်၊ နော်ဝေး စသည့်ဥရောပတခွင် လည်ပတ်လေ့လာနိုင်ပါသည်။ ကျောင်းတက်နေသည့် မြန်မာကျောင်းသားများသည် စာသေချာလုပ်၊ ပိုတဲ့ပညာသင်ဆုလေး စုပြီး စာမေးပွဲပြီးတာနှင့် တစ်နိုင်ငံပြီးတစ်နိုင်ငံ လည်ပတ်လေ့လာကြပါသည်။   Read More:တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့်ရက် သတင်းစာများတွင် ထုတ်ပြန်မှသာအတည်ဖြစ်မည်   ကျောင်းပြီးလျှင် ကျန်းမာရေးဆိုင်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတကာ NGO တွေ၊ UN နှင့် EU အဖွဲ့တွေ၊ ပြည်တွင်း NGO တွေမှာ ရာထူးကောင်းကောင်း၊ လခကောင်းကောင်းနဲ့ လုပ်ရမည့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမှာ ဖြစ်ပါသည်။   https://www.klinikum.uni-heidelberg.de/Master-of-Science-in…   https://www.klinikum.uni-heidelberg.de/Scholarships.7134.0.…   https://www.klinikum.uni-heidelberg.de/…/MScIH_Brochure.pdf…   https://www.daad.de/…/stipendi…/formulare/epos_deadlines.pdf     Credit : Salai Om Ki Source: Scholarships & Educational Opportunities for Myanmar    

Friday, 24 May 2019 16:18

အင်္ဂလန်နိုင်ငံ Bellerbys College သို့ပညာသင်ဆုလျှောက်ထားနိုင်ခြင်း

အင်္ဂလန်နိုင်ငံ Bellerbys College တွင် A Level တက်ရောက်လိုသူတွေအနေနဲ့ ပညာသင်ဆုအဖြစ် ကျောင်းလခရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ကျောင်းလျှောက်ထား တက်ရောက်နိုင်မှာ ဖြစ်ပါသည်။   အင်္ဂလန်နိုင်ငံမှာ ဆေးပညာသင်ယူလိုသူတွေအတွက် Medical School ကျောင်းဝင်ခွင့်နဲ့ဆိုင်တဲ့ A Level ဘာသာရပ်များအပြင် Specialist Preparation for Medical School Program ကို Bellerbys College က သင်ကြားပေးလျက်ရှိပြီး အဲဒီကတစ်ဆင့် အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းဆေးတက္ကသိုလ်များကို တက်ရောက်နိုင်မယ်လို့ သိရပါသည်။   A Level မှာ အမှတ်ကောင်းစေဖို့ ပြင်ဆင်ပေးပြီး Specialist preparation for Oxbridge တက်ရောက်ကာ University of Oxford နှင့် University of Cambridge တက္ကသိုလ်များသို့လည်း တက်ရောက်နိုင်မှာဖြစ်ပါသည်ဟု သိရပါတယ်။   Read More: စာစဉ်ကိုယ်တိုင်တင်သွင်းခြင်း   Bellebys College မှာ A Level တန်းတက်ရောက်ရန် ပညာသင်ဆုဖြင့် လျှောက်ထားလိုပါက အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ သို့မဟုတ် IGCSE ဖြေဆိုအောင်မြင်ပြီးသူ ဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ်စာ လိုအပ်ချက်ကတော့ IELTS 7.0 ရှိရမှာဖြစ်ပါသည်။   စက်တင်ဘာကျောင်းဖွင့်ချိန်တွင် တက်ရောက်ရမှာ ဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ ဇွန် ၁၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါမယ်။ အသေးစိတ်သိရှိလိုပါက AT&S(Overseas Education Services) ဖုန်း(၀၁-၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၅၀၆၂၁၇၁) ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။       Source: Internet journal    

Monday, 20 May 2019 14:30

"စင်ကာပူနိုင်ငံတွင် ဒီဇိုင်းဘာသာရပ်တက်ရောက်လိုသူများ MOE Tuition Grant လျှောက်ထားနိုင်"

စင်ကာပူနိုင်ငံ LASALLE College The Arts တွင် ဒီဇိုင်းဘာသာရပ်တက်ရောက်လိုသူများ MOE Tuition Grant လျှောက်ထားနိုင်ပါသည်။   စင်ကာပူနိုင်ငံ LASALLE College The Arts တွင် ဒီဇိုင်းဘာသာရပ်များတက်ရောက်လိုသူတွေအနေဖြင့် စင်ကာပူအစိုးရထောက်ပံ့ကြေး MOE Tuition Grant ကိုလျှောက်ထားနိုင်မည်ဟုသိရှိရပါသည်။   LASALLE မှာ Diploma အတွက် (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းသူ/ကျောင်းသားတွေ အနေဖြင့် စင်ကာပူအစိုးရပေးသည့် Tuition Grant တွေကို မိမိတို့ကိုယ်တိုင်ဖန်တီးထားသည့် Portfolio များပြသခြင်းဖြင့်ရယူနိုင်မည်ဖြစ်တယ်ဟုသိရှိရပါသည်။   Tuition Grant ရရှိထားသူတွေသည် တစ်နှစ်ကို ကျောင်းလခ မြန်မာငွေကျပ် (၉၂) သိန်းဝန်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်ပါသည်။   Read More: " Care Giver ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း သင်တန်းသားများစတင်လျှောက်ထားနိုင်ခြင်း"   မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ IGCSE ရရှိထားသူများအနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး အင်္ဂလိပ်စာဝင်ခွင့် လိုအပ်ချက်အနေဖြင့် IELTS (5.5)ရှိရန်လိုအပ်ပါသည်။   အသေးစိတ်ကို STUDY ABROAD Information Center ရန်ကုန်ရုံး(ဖုန်း ၀၉-၅၁၅၁၀၀၈၊ ၀၉-၇၃၂၄၂၄၀၄) ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။   Source: Internet Journal    

Monday, 13 May 2019 08:47

“Canadian International College-Myanmar မှ ပြုလုပ်ကျင်းပမည့် Scholarship ပညာသင်ဆုဆွေးနွေးပွဲ"

နှစ်စဉ်နှစ်တိုင်း မြန်မာကျောင်းသား/သူ မျာနှင့် မိဘများ အဘယ်အကြောင်းကြောင့် ကနေဒါနိုင်ငံမှာ ပညာသင်ရန် ရွေးချယ်ကြပါသနည်း။ -ကုန်ကျစရိတ်သင့်တင့်ခြင်း -အမြဲတမ်းနေထိုင်ခွင့်ရခြင်း -မှုခင်းဖြစ်ပွားမှုနည်းခြင်းနှင့် နိုင်ငံတကာပညာရေးတွင် အဆင့်မြင့်ခြင်းတို့ကြောင့် ရွေးချယ်ခြင်းဖြစ်ပါသည်။   (၁၈-၅-၂၀၁၉) နှင့် (၁၉-၅-၂၀၁၉) တွင်Canadian International College Myanmar မှ ပြုလုပ်မည့် Study in Canada with 4 Years Scholarship ဆွေးနွေးပွဲတွင် မည်သည့်ကျောင်းများက -၄ နှစ်စာပညာသင်ဆုများပေးမည်နည်း -ဘယ်လိုလျှောက်ထားရမည်နည်း စသည့်အပြင် Professional Counsellor အမေးများသော မေးခွန်းများဖြစ်ကြသည့် - ကျောင်းတက်ရင်း ဝင်ငွေအများကြီးရနိုင်တဲ့ Co-op Program ဆိုတဲ့ကျောင်းကစီစဉ်ပေးတဲ့ ကုမ္ပဏီမှာ ကျေင်းတက်ရင်း အလုပ်လုပ်လျှင် မည်သည်တွေပြင်ဆင်ရန်လိုအပ်သနည်း -ကျောင်းတက်ရန် ကုန်ကျစရိတ်မည်မျှ ရှိမည်နည်း -မည်သည့် မေဂျာများသည် လစားကောင်းသနည်း -မည်သည့်ကျောင်းမျိုးရွေးချယ်သင့်သနည်း -အချိန်ပိုင်းအလုပ်များကို ဘယ်မှာလုပ်သင့်သနည်း စသည့်အကြောင်းအရာတွေကို တစ်ဦးချင်းဆွေးနွေးပေးမည်ဖြစ်ပါသည်။   ယခုဆွေးနွေးပွဲကို -လက်ရှိတက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ -တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီသူများ -တက္ကသိုလ်တက်ရောက် နေသူများ -IGCSE ဖြေဆိုထားသူများ -IGCSE အောင်မြင်ပြီးသူများနှင့် ကနေဒါနိုင်ငံတွင် ကျေင်းတက်ဖို့စိတ်ကူးရှိသူများတက်ရောက်သင့်ပါသည်။   Study in Canada With 4 Years Scholarship ဆွေးနွေးပွဲကို ၄ နှစ်စာပညာသင်ဆု မည်သို့လျှောက်သို့လျှောကက်ထားရမည်နည်း သိချင်သူများလာရောက် ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်။   ယခုဆွေးနွေးပွဲသည် တစ်ဦးချင်း အသေးစိတ်ဆွေးနွေးပေးမည် ဖြစ်သည့်အတွက် လူဦးရေကန့်သတ်ထားပါသောကြောင့် ဖုန်း ၀၉-၇၈၄၀၆၄၀၄၀၊ ၀၉-၇၈၄၀၆၅၀၅၀ တွင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။   Online တွင် စာရင်းပေးသွင်းလိုပါက - https://docs.google.com/forms/d/e/1FAIpQLSecXc_IW-FRTQoGxAqb01Ym9HYU-7SyB5xnTcGZZAJQw3iOnw/viewform   Read More: " ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တက်ရောက်မည့်ကျောင်းသား/သူများ သိရှိစေရန် " ရက်စွဲ -၁၈-၅-၂၀၁၉ (စနေနေ့)၊ ၁၉-၅-၂၀၁၉ (တနင်္ဂနွေနေ့) အချိန် -နံနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ လိပ်စာ -မိုးမြင့်စံကွန်ဒို၊ မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။     Source: E&C Education Consultancy    

Tuesday, 07 May 2019 11:32

Full Scholarship for Master’s in Engineering ပညာသင်ဆု လျှောက်ထားနိုင်

Myanmar India Friendship အစီအစဉ်တစ်ခုအဖြစ် အိန္ဒိယနိုင်ငံ Sona College of Technology မှ ကမ်းလှမ်းလာသည့် Full Scholarship for Master’s in Engineering ကိုလှောက်ထားလိုသူ  ကျောင်းသား/သူ များသည်အောက်ဖော်ပြပါ Link မှတဆင့် ဝင်ရောက်လေ့လာလှောက်ထားနိုင်ပါသည်။     http://www.sonatech.ac.in/admission/foreign-national-online-application-india-sona-college-salem-tamilnadu.php?fbclid=IwAR18WVcGazvrdgpKfQYdLF5NG8hPOwHdXaKBb5dwrvLlkJ4IdU_Hce-Iu0U   Credit - University of Computer Studies, Yangon  

Monday, 06 May 2019 13:59

“ ကနေဒါနိုင်ငံတွင် ပညာသင်ယူခြင်း၊ အလုပ်လုပ်ခြင်းနှင့် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခြင်းအကြောင်းဆွေးနွေးပွဲ”

ကနေဒါနိုင်ငံအနေဖြင့် လာမည့် ၂ဝ၁၉ မှ ၂ဝ၂ဝ အတွင်း အမြဲတမ်းနေထိုင်ခွင့်ပါမစ်ပေါင်း ၃၄ဝဝဝဝ ကျော်ခွင့်ပြုပေးရန်ရှိကြောင်းအသိပေးထားခဲ့ပြီး နောက်ထပ်လည်းထပ်မံချထားပေးရန်အစီအစဉ်သစ်များလည်းရှိပါသည်။ကနေဒါနိုင်ငံတွင် အလုပ်လုပ်ခွင့်နှင့် အမြဲတမ်းနေထိုင်ခွင့်အတွက် အကောင်းလုံးလမ်းကြောင်းမှာ ပညာရေးမှတဆင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ပါမစ် (ကနေဒါတွင်ပညာသင်ပြီးသောကျောင်းသားများ) အတွက်စိတ်ဝင်စားသည့် လူငယ်များအတွက် ၊ကနေဒါနိုင်ငံ Vancouver တွင်ပြုလုပ်ခဲ့သော ကနေဒါနိုင်ငံပညာရေး၊ အလုပ်အကိုင်နှင့် အမြဲတမ်းနေထိုင်ခွင့်ပါမစ်နှင့်ဆိုင်ရာ နောက်ဆုံးရသင်တင်းအချက်အလက်များကို မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားမိဘများအတွက် ပြန်လည်းရှင်းလင်းပြောကြားသွားမည်ဖြစ်ပါသည်။   -ကနေဒါနိုင်ငံ Vancouver နှင့် Toronto မြို့များရှိ ကောလိပ်များနှင့် တက္ကသိုလ်များအကြောင်း.. -၂ နှစ်ဒီပလိုမာသင်ယူပြီး အလုပ်လုပ်ခွင့်ဆိုင်ရာ အချက်အလက်များ -ကနေဒါတက္ကသိုလ်များတွင်ပညာသင်ကြားရာတွင်သိရှိပြင်ဆင်ထားသင့်သည့်အချက်များ… -ကနေဒါတွင်ပညာသင်ယူပြီး Permanent Residence လျောက်ထားခြင်းဆိုင်ရာအချက်အလက်များကို အောက်ပါအစီအစဉ်အတိုင်းရှင်းလင်းပြောကြားသွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။ *နေ့ရက်* မေလ (၁၇)ရက်၊ ၂ဝ၁၉ ၊သောကြာနေ့ *အချိန်* ညနေ (၃) နာရီမှ (၅) နာရီ *နေရာ* CROWN EDUCATION Learning Center KBZ Tower, (ဒဂုံစင်တာ (၂) မျက်စောင်းထိုး)၊ ပြည်လမ်း၊ မြေနီကုန်း။ *ဆက်သွယ်စာရင်းပေးသွင်းရန်* ဖုန်း ဝ၁- ၅၂၇ ၈၃၈ - ဝ၉ - ၄၄-၅၅-၆၆-၇ဝ၁/ ၇ဝ၂ တို့တွင် ဆက်သွယ်စာရင်ပေးတက်ရောက်နိုင်ပါသည်။   (Crown Education)  

Friday, 03 May 2019 13:41

“ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်နိုင်မည့် ပညာသင်ဆုအခွင့်အရေးကောင်း”

ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်း ကျောင်းတက်နိုင်မည့် ပညာသင်ဆုအတွက် ရန်ကုန်မြို့သာမက မန္တလေးမြို့တွင်လည်း လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မိုမိုစုံ၏ ပြောကြားချက်အရ သိရှိရပါသည်။   အဆိုပါပညာသင်ဆုအတွက် စိတ်ဝင်စားသောကျောင်းသား/သူ များအနေဖြင့် လျှောက်လွှာများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ထုတ်ယူ၍ မေ ၂၄ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါသည်။   ယခင်နှစ်များက ရန်ကုန်မြို့တွင်သာလျှောက်ထားခွင့်ပြုသော်လည်း ယခုနှစ်မှစ၍ မန္တလေးမြို့ရှိ သက်ဆိုင်ရာမြန်မာနိုင်ငံဂျပန် ပညာသင်ဟောင်းအသင်းတွင် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။   ပညာသင်ဆုကို တစ်နှစ်လျှင် တစ်ကြိမ်(ဧပြီလမှ အောက်တိုဘာလ) တွင် ခေါ်ယူမည်ဖြစ်ပြီး လျှောက်ထားသူများအနက် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကို အင်တာဗျူးဖြေဆိုခွင့်ပေးမည် ဖြစ်ပါသည်။   အဆိုပါပညာသင်ဆုသည် ဂျပန်နိုင်ငံတွင် တစ်လလျှင် လစာယန်းတစ်သိန်း ကျော်ရရှိမည့်သတင်းစာပို့ရင်း ကျောင်းတက်နိုင်မည့်ပညာသင်ဆုလည်းဖြစ်ပါသည်။   “စိတ်ဝင်စားတဲ့ကျောင်းသား/သူတွေ စတင်လျှောက်ထားနိုင်ပါပြီ။ ဒီနှစ်မှာ ထူးခြားမှုအနေနဲ့ မန္တလေးက ကျောင်းသား/သူတွေလည်း လျှောက်ထားနိုင်ပါတယ်။ အလုပ်လုပ်ရင်းပညာသင်ဆုရရှိမှာ ဖြစ်တဲ့အတွက် အကျိုးရှိပါတယ်။ ဘယ်တက္ကသိုလ်မဆို တက်ရောက်နိုင်မယ့် အခွင့်အလမ်းလည်းရှိတယ်။ လစာလည်းကောင်းတာကြောင့် ဒီပညာသင်ဆုကို လက်မလွှတ်သင့်ပါဘူး။ ပညာသင်ဆုရရှိတဲ့ကျောင်းသား/သူတွေကို အဆင်ပြေအောင်စီစဉ်ပေးမှာပါ” ဟုဒေါ်မိုမိုစံကပြောပါသည်။   ယင်းပညာသင်ဆုကို ဂျပန်နိုင်ငံ အဆာဟိ သတင်းစာတိုက်ကပေးအပ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ မည်သည့်တက္ကသိုလ်မဆို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါသည်။ ပညာသင်ဆုရရှိသော ကျောင်းသား/သူများအတွက် ကျောင်းစရိတ်၊ အိမ်ခန်းခကို ယင်းသတင်းစာတိုက်မှပေးအပ်မည်ဖြစ်ပြီး ရေ၊ မီတာခများကို ပညာသင်ဆုရရှိသော ကျောင်းသား/သူ ဘက်က အကုန်ကျခံရမည်ဖြစ်ပါသည်။ အဆာဟိ သတင်းစာတိုက်တွင် နှစ်နှစ်ကြာသည်အထိ သတင်းစာပို့ခြင်းလုပ်ငန်း လုပ်ကိုင်ရမည်ဖြစ်ပြီး လစာငွေမှ ဝင်ငွေခွန်၊ စီမံခန့်ခွဲခ များကိုလည်း နုတ်ယူမည်ဖြစ်ကြောင်း သိရပါသည်။   Source: မြဝတီ

Tuesday, 23 April 2019 09:29

"James Cook University တွင်ပညာသင်ဆုလျှောက်ထားနိုင်"

James Cook University Singapore မှပေးအပ်သော ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း စသည့်ပညာသင်ဆုတွေကို မေလ ၆ ရက်၊နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ STUDY ABROAD Information Centre မှာလျှောက်ထားနိုင်မည်ဟု သိရပါသည်။ ပညာသင်ဆုကို တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ထားသူများ၊ IGCSE အောင်မြင်ထားသူများ၊ တက္ကသိုလ်တက်ရောက်မည့်သူများ၊ HND၊ NCC၊ ABE အောင်မြင်ထားသူများ၊ မြန်မာဘွဲ့ရကျောင်းသား/ကျောင်းသူများ လျှောက်ထားနိုင်ပါသည်။ JCUS မှာ Business ဘာသာရပ်များ၊ Information Technology ဘာသာရပ်များ၊ Hospitality and Tourism Management ဘာသာရပ်များနှင့် Psychology ဘာသာရပ်များစွာထဲမှ မိမိကြိုက်နှစ်သက်သည့် မေဂျာတွေကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ပညာသစ်နှစ်အတွက် James Cook University Singapore မှပေးအပ်ချီးမြှင့်မည့် ပညာသင်ဆုကို လျှောက်ထားသူတွေအနေဖြင့် ပညာသင်ဆုစာမေးပွဲဖြေဆိုရမည်ဖြစ်ပါသည်။ ပညာသင်ဆုစာမေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက STUDY ABROAD Information Centre ရန်ကုန်ရုံးဖုန်း ၀၉-၅၁၅၁၀၀၈ နှင့် STUDY ABROAD Information Centre မန္တလေးရုံးဖုန်း ၀၉-၄၂၀၀၉၉၉၉၇ ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။   Source: Internet Journal

Thursday, 11 April 2019 16:59

“အရည်အချင်း ပြည့်မှီသော ကိုရီးယားပညာသင်ဆုလျှောက်ထားနိုင်”

အရည်​အချင်း ပြည့်​မှီသော လုပ်​ငန်းတာဝန်​နှင့်​ ကိုက်​ညီသည့်​ အရာထမ်းများ Korea နိုင်​ငံတွင်​ ပညာသင်​ဆု လျှောက်​ထားနိုင်​ကြောင်း အကြောင်းအရာ။         ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း ရည်ညွှန်းချက်   ။         ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၅.၄.၂၀၁၉) ရက်စွဲပါစာအမှတ်၊ပညာသင်      (သင်တန်း) / ၂၀၁၉(၇၀၂၄) ၁။       ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်မည့် Master Scholarship Programs with the Korean Development Institute (KDI) School of Public and Management, 2019 သင်တန်းများသို့ အရည်အချင်းပြည့်မီသော လုပ်ငန်းတာဝန်နှင့်ကိုက်ညီသည့် အရာထမ်းများ လျှောက်ထားနိုင်ကြောင်းနှင့် အဆိုပါပညာသင်ဆု သင်တန်းအတွက် return airfare ကို the Colombo Plan မှလည်းကောင်း၊ admission fee, tuition, housing and living stipends ကို KDI School (Korea) မှလည်းကောင်း ကျခံမည်ဖြစ်ပြီး Visa and book allowance များအတွက် ကျခံမှုမရှိကြောင်း ဖော်ပြပါရှိပါသည်။           အမှတ်စဉ်                                                        သင်တန်းဘာသာရပ်           ၅၉ Masters Scholarship Programs with the Korean Development           (၁) Institute (KDI) School of Public and Management, 2019                    (1) Master of Public Policy                    (2) Master of Public Management ၂။ လျှောက်ထားလိုသော အရာထမ်းများသည် အောက်ပါလိပ်စာများသို့ ဝင်ရောက်ကြည့်ရှုပြီး (၂၆.၃.၂၀၁၉) ရက်နေ့မှ (၂၂.၅.၂၀၁၉) ရက်နေ့အတွင်း ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများ၏ အမည်၊ ရာထူး၊ ဌာနတို့ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြလျက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် အခြေခံပညာဦးစီးဌာနသို့ (၂၃.၄.၂၀၁၉) ရက်နေ့အရောက်ပေးပို့ပြီး လျှောက်ထားခွင့်တောင်းခံကြရန် အကြောင်းကြားပါသည်။ ဆက်သွယ်လျှောက်ထားရမည့်လိပ်စာ Website:       http://admissions.kdischool.ac.kr/ E-mail   :       internationaladmissions@kdis.ac.kr   (ပညာရေးဝန်ကြီးဌာန) (အခြေခံဦးစီးဌာန) (နေပြည်တော်)