Sales Hotline : 09448001653       Download App

Business Listing Detail

Summit Private Primary School

Summit Private Primary School



Slogan : 'Teach & Train for life, Image of Summit Thrive with Pride'.' စာကိုလည်းသင်၊ လူလည်းပြင်၊ Summit ကျောင်းရဲ့ ပုံရိပ်သွင် '.


Address
30, Baho Rd., Corner of Thiri Mingalar 5th St., Pyi Yeik Mon Housing, Ward [7],, Kamaryut Township, Yangon , Myanmar
Profile
ကျောင်းစတင် တည်ထောင်စဉ်မှစ၍ ကလေးဗဟိုပြုစနစ်ဖြင့် သင်ကြားခဲ့ သည်။ ဆရာမမှလက်တွေ့ပြသရှင်းပြခြင်း၊ ကျောင်းသူ၊ကျောင်းသားများမှ လက်တွေ့လေ့လာ၊ လုပ်ဆောင်ခြင်း၊ မေးခွန်းများကို မိမိတို့ အတွေးဖြင့် ဆန်းစစ်၊ တွေးခေါ်၊ ဖြေကြားစေခြင်း၊ Hands- on Activities များစွာဖြင့် တိုက်ရိုက်ထိတွေ့သင်ယူစေခြင်းတို့ဖြင့်ဖြတ်သန်းရသော သင်ပေး/ သင်ယူ ဝန်းကျင်လေးဖြစ်ပါသည်။ကျောင်း၏သင်ကြားမှုသည်ကလေးတစ်ဦးချင်း စီကိုဂရုစိုက်၍ သင်ကြားပေးသည်ဖြစ်၍ ကျောင်းချိန်ပြင်ပ ကျူရှင်သင်ရန် လုံးဝမလိုအပ်ပါ။သင်ရိုးပါ English Text အပြင် ဖြည့်စွက် English-4 Skills ကို Cambridge English Course များမှပြဋ္ဌာန်းထားသော Series များမှ ရွေးချယ်သင်ကြား ပေးပါသည်။Physical Exercise သည်ကလေးများ အတွက် မဖြစ်မနေလိုအပ်သော Activity ဖြစ်ပါသောကြောင့် တစ်ပါတ် လျှင် (၂)ကြိမ်ထက်နည်း၊ ကစားကွင်းတွင်လေ့ကျင့်ပေးပါသည်။ဘက်စုံ ဆောင်ရွက်ပေးခြင်းလူမှုရေးကဏ္ဌတွင် လူ့ပတ်ဝန်းကျင်၌ စနစ်တကျ၊ ပြောဆို၊ နေထိုင်၊ ပြုမူရမည့်လူမှုရေးဆိုင်ရာ အသိ ပညာများကို နားလည်၊ တန်ဖိုးထားတတ်သည့် လူရည်မွန်လေးများအဖြစ် ကြီးပြင်းလာစေရန်၊အသိပညာတွင် ဘက်စုံ၌ တိုးတက်၊ ထက်မြက်လာပြီး၊ Critical Thinking & Problem Solving Skills များအသုံးပြုနိုင်သည့် လူတော်လေးများပေါ်ထွန်းလာစေရန်၊ပန်းချီ၊ ဂီတနှင့် ပတ်သက်သည့် အခြေခံအသိပညာများလေ့လာစေပြီး၊ ပန်းချီနှင့်အနုပညာကို Activities များဖြင့် လေ့ကျင့်သင်ယူနိုင်သည့် ဝန်းကျင်လေး ဖြစ်စေပြီး၊ ကလေးများ၏ အရည်အချင်း ကိုမြှင့်တင်ပေးနိုင်ရန်၊ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုခြင်းနှင့် ပုခုံးနာ၊ ပုခုံးကိုင်းခြင်းမှ ကင်းဝေးရန်၊ ကလေး တစ်ဦးချင်းစီကို ဖတ်စာအုပ် (၂) စုံစီထုတ်ပေးပြီး၊ တစ်စုံကို အိမ်၌ လေ့လာ ဖတ်မှတ်ရန်ပေးထားပြီးနှင့် တစ်စုံကို ကျောင်း၌ ထားခြင်းဖြင့် နေ့စဉ် သယ်ယူ/ ပြန်ရသည့် ဝန်ထုပ်ဝန်ပိုးမရှိတော့ဘဲ ကျန်းမာရေးနှင့်လည်း ညီစွာသွားလာနိုင်ရန်၊ထိခိုက်မှုရှိပါကအချိန်ပြည့်ထားရှိသော အပြာဝတ်သူနာပြုမှ စစ်ဆေးပြီး၊ အိမ်နှင့်ဆက်သွယ်၍ လိုအပ် သလိုဆက်လက်ဆောင်ရွက်ပေးပါသည်။ ကျောင်းအနီး ကလေးအထူးကု ဆရာဝန်ဆေးခန်း၌လည်း လိုအပ်သလိုပြသနိုင်ရန် ချိတ်ဆက်ထားပါသည်။ကျာင်းပို့/ကြိုအခက်အခဲမရှိစေရေးကျောင်းကားများကို အလွန်သင့်တင့်လှသောနှုန်းထားဖြင့် စီမံပေးထားခြင်းဖြင့် စားရိတ်သက်သာမှုရှိစေရန်။
Detail Information
Brands / Services
Pre-School.
Special English 4-Skills.
Starters, Movers, Flyers, KET & PET.
Business Category
English [Language]
International Schools [General Education]


Hours

Open at 8:00 AM
Monday 8:00 am - 4:00 pm
Tuesday 8:00 am - 4:00 pm
Wednesday 8:00 am - 4:00 pm
Thursday 8:00 am - 4:00 pm
Friday 8:00 am - 4:00 pm