Sales Hotline : 09448001653       Download App



မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို ဘယ်လိုပုံစံဖြင့် ရွေးချယ်မလဲ

မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို ဘယ်လိုပုံစံဖြင့် ရွေးချယ်မလဲ

တက္ကသိုလ်ရွေးချယ်ရာမှာလည်း ကိုယ်ဝါသနာပါပြီး ရည်မှန်းချက်နဲ့ ထပ်တူကျတဲ့ အသက်မွေး ၀မ်းကျောင်းတစ်ခု ရွေးချယ်တတ်သင့်ပါတယ်။

ညီလေး ညီမလေးတို့က အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားတယ်။

ဒီတော့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တယ်ဆိုပါတော့..

အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး ကိုယ်က တကယ်စိတ်ဝင်စားတာလား၊ သူများတက်တာ အားကျလို့လား၊ ဆိုတာကိုတော့ မိမိရဲ့ စိတ်ကို သိအောင် ကြိုးစားပါ။

အင်ဂျင်နီယာနယ်ပယ်ဟာ အရမ်းကို ကျယ်ပြန့်လွန်းပါတယ်။ လူတော်တော်များများက အင်ဂျင်နီယာဆိုလိုက်တာနဲ့ အိမ်ဆောက်မယ်၊ လမ်းတံတားတည်ဆောက်မယ် ဒီလိုမျိုး civil engineer တွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။

အမှန်တကယ်က အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး ဘာသာရပ်များစွာ ရှိပါတယ်။

၎င်းတို့မှာ Mechanical engineer, Electrical power engineer, IT, Mining, Petrol, Electronic အစရှိသဖြင့် အင်ဂျင်နီယာလမ်းကြောင်းမှာ ရွေးချယ်စရာ အများကြီးရှိပါတယ်။

ကိုယ်အမှန်တကယ် စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်မှသာ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ဆောင်နိုင် မှာပါ။

မှန်ကန်တဲ့ ဘာသာရပ်ရွေးချယ်ဖို့ တိုက်တွန်းခဲ့တော့ မေးစရာတွေရှိလာမှာပေါ့။

ကျာင်းမှမတက်ရသေးတာ ဘယ်ဘာသာက ဘာလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ။ စိတ်မပူပါနဲ့ အခုက IT ခေတ်ဆိုတဲ့အတိုင်း သိချင်သမျှကို အွန်လိုင်းပေါ်တွင် ရှာလို့ရပါတယ်။ google မှာလည်း လေ့လာလို့ရပါတယ်။ ဒါမှမဟုတ် နည်းပညာတက္ကသိုလ်များမှာ ပညာသင်နေတဲ့ စီနီယာကိုကို၊ မမ တွေကို မေးမြန်းနိုင်ပါတယ်။

ညီလေး၊ ညီမလေးတို့က အမှတ်တွေအများကြီးနဲ့ အောင်ထားတယ့်တဲ့အတွက်ကြောင့် ကိုယ်တကယ် ဝါသနာပါတဲ့ တက္ကသိုလ်ကို ရွေးချယ်မယ့်အစား အမှတ်ကို နှမြောပြီးတော့ ဒီအမှတ်နဲ့ကိုက်ညီတဲ့ တက္ကသိုလ်ကို ရွေးချယ်မယ်ဆို ရင်တော့ ဒါဟာမှန်ကန်တဲ့ရွေးချယ်မှု မဟုတ်တဲ့အတွက် သေချာစဉ်းစားပါ။

သင်က ငယ်ငယ်ထဲက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး သံတမန် ဖြစ်ချင်တဲ့စိတ်ကူးအိမ်မက်ကို ပိုင်ဆိုင်ထား ပေမယ့် အမှတ်များလို့ဆိုပြီး သင့်အိမ်မက်နဲ့ကိုက်ညီတဲ့မေဂျာ IR (International Relationship) ကို မရွေးချယ်ပဲ အခြားအမှတ်မြင့်တဲ့ကျောင်းကို ရွေးချယ်လိုက်ခြင်းက သင့်ဆီမှာရှိနေတဲ့ ပင်ကိုထူးချွန်တဲ့ အရည်အသွေးတစ်ခုကို ချိုးနှိမ်ရာရောက်စေမှာပါ။

READ - ဆယ်တန်းအောင်ပြီးရင် ဘယ်တက္ကသိုလ် ရွေးချယ် တက်ရမလဲ?

တက္ကသိုလ်တစ်ခုကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ ကိုယ်စိတ်ဝင်စားတာပဲဖြစ်ဖြစ် စိတ်မဝင်စားတာပဲဖြစ်ဖြစ် ဘာသာရပ်တစ်ခုကို ခြောက်နှစ် ခုနစ်နှစ်နီးပါး သင်ရမှာ ဖြစ်တဲ့အတွက် အချိန်တွေ၊ ငွေကြေးတွေ အများကြီး ရင်းနှီးမြှုပ်နှံလိုက်ရမှာပါ။

ဒီလိုရင်းနှီးမြှုပ်နှံပြီး သင်လိုချင်တဲ့ career life တစ်ခုကို မပိုင်ဆိုင်နိုင်ခဲ့ဘူးဆိုရင် သင်စိတ်ဓာတ်ကျစရာ အချိန်တွေကို တွေ့ကြုံရင်ဆိုင်ရဖွယ် ရှိပါတယ်။

အမှတ်ကြောင့် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရောက်ခွင့်မရလို့ဆိုပြီး စိတ်ဓာတ်ကျစရာ၊ သိမ်ငယ် စရာ၊ ရှက်ရွံ့စရာ မလိုပါဘူး။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြောင့်သာ တက္ကသိုလ်တွေက အမှတ် အနိမ့်အမြင့် ကွာသွားတာပါ။

တက္ကသိုလ်ဆိုတာကလည်း ညီငယ်၊ ညီမငယ်တို့ သွားချင်တဲ့ ဖြစ်ချင်တဲ့ career လမ်းကြောင်း ပေါ်ကို အပြည့်အဝ လျှောက်လှမ်း နိုင်အောင်လုပ်ဆောင်မပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှု၊ လေ့လာမှုတို့ အပေါ်မှာလည်း များစွာ မူတည်ပါသေးတယ်။

အမှတ်ကြောင့် မတတ်သာတဲ့ အခြေအနေတစ်ခုကြောင့် ရွေးချယ်ခဲ့ရတယ်ဆိုရင်တော့ သင့်မှာ ဒုတိယအစီအစဉ် ဆွဲထားဖို့ လိုအပ်ပါတယ်။

ကိုယ်လုပ်ချင်တဲ့ professional အလုပ်ကို ရဖို့အတွက် သင်တန်းတွေတက်မယ် ဘယ်လို လေ့လာမှု လေးတွေ လုပ်မယ် ဆိုတာမျိုးပေါ့…ဒါဆိုရင် ကျောင်းပြီးတာနဲ့ ကိုယ်လျှောက်လှမ်းချင်တဲ့ လမ်းကြောင်း တစ်ခုပေါ်ကို အဆင်သင့်တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ညီလေး၊ ညီမလေးများ ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်နေတာနဲ့ တစ်ထပ်တည်း ကျနိုင်ပါစေ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Tips Read 3919 times