Sales Hotline : 09448001653       Download App



နယ်စပ် တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု သင်တန်းကျောင်း

နယ်စပ် တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု သင်တန်းကျောင်း

ကျောက်ဖြူ မြို့နယ်ရှိ ပြည်သူတွေရဲ့ သားသမီး လူငယ်တွေကို အသက်မွေး ၀မ်းကြောင်းနဲ့ဆိုင်သော လုပ်ငန်း ပညာတွေ တတ်မြောက်စေဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒေသ တွင်းမှာ တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြတဲ့ လက်သမား ၊ ပန်းရံ ၊ သံချည်သံကွေး ပညာရပ် ၊ ဆိုင်ကယ်နဲ့ တစ်လုံးထိုး ဒီဇယ် ၊ ဓါတ်ဆီ အင်ဂျင်တွေကို ပြု ပြင်တဲ့ အတတ်ပညာ ၊ လျှပ်စစ် ၊ ဂဟေပညာရပ်နှင့် အိမ်တွင်း ၀ါယာရိမ်းလိုက် အတတ်ပညာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်း တက်ရောက်သော သင်တန်းသား များက စိတ်ဝင်စားစွာ သင်ကြားလေ့လာရန် ၊ သင်ကြားသော ပညာရပ်များဟာ လက်ရှိ မိမိတို့ ဒေသ / ကျေးရွာများမှ မဖြစ်မနေ အသုံးပြုနေ ရသောကြောင့် ၊ ဒီပညာ ရပ်တွေနဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း အဖြစ် ထူထောင် လုပ်ကိုင်နိုင်သော ပညာ ရပ်များ ဖြစ်ပါတယ်။

သင်တန်းသား အနေဖြင့် နိုင်ငံတော်က အချိန်နဲ့ ငွေကြေး အကုန်အကျ ခံပြီး ၊ သင်ကြား ပို့ချတဲ့ ပညာ ရပ်တွေနဲ့ မိမိဘ၀ အသက်မွေး ၀မ်းကြောင်း လုပ်ငန်း များကို ဆောင်ရွက်ရင်း မိမိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ မှာ တစ်တပ် တစ်အား ပါဝင် ကူညီဆောင်ရွက်စေချင်ပါတယ်။

အဆိုပါ သင်တန်းအား သင်တန်းသား(၆၀) ဦး ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဆိုင်မွန်စာကြည့်တိုက်



Government School Read 1369 times