Sales Hotline : 09448001653       Download App



အင်းစိန်ဂျီတီအိုင်တွင် စက်ချုပ်သင်တန်းနှင့် မော်တော်ယာဉ်ပြုပြင်နည်းသင်တန်းများ အခမဲ့သင်ပေးမည်

အင်းစိန်ဂျီတီအိုင်တွင် စက်ချုပ်သင်တန်းနှင့် မော်တော်ယာဉ်ပြုပြင်နည်းသင်တန်းများ အခမဲ့သင်ပေးမည်

သင်တန်းများကို အခြေခံအ ရေး၊ အဖတ်တတ်မြောက်သူတိုင်း တက်ရောက်နိုင်ပြီး သင်တန်း ကြေးအခမဲ့ဖြစ်သည့်အပြင် နေ ထိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာနက တာ ၀န်ယူပေးနိုင်ရန်ပါ စီစဉ်နေသည် ဟု ဆိုသည်။

‘‘အခု အင်းစိန်ဂျီတီအိုင်ပြန် ဖွင့်နေပြီ။ ဆရာတို့မှာလည်း နေ ရာပေးနိုင်တဲ့ အနေအထားရှိတဲ့ အတွက် စက်ချုပ်သင်တန်းကို မကြာခင်ကာလမှာ အင်းစိန်ဂျီတီ အိုင်ဝင်းထဲမှာ ဖွင့်လှစ်ပေးမှာပါ။ သင်တန်းကာလက တစ်လ၊ သုံး လရှိပါတယ်။ သူတို့နေဖို့၊ ထိုင်ဖို့ ဆရာတို့ဦးစီးဌာနကနေ တတ်နိုင် သလောက် ပံ့ပိုးပါမယ်။ အခမဲ့ သင်တန်းဖြစ်ပါတယ်’’ ဟု ဒေါက် တာအေးမြင့်က ပြောသည်။

READ - AGTI ပထမနှစ်သင်တန်းသားများအား အစိုးရက ပညာသင်ထောက်ပံ့ကြေး တစ်လသုံးသောင်းကျပ် ပေးမည်

စက်ချုပ်သင်တန်းကို မြန်မာ နိုင်ငံစက်ချုပ်လုပ်ငန်းရှင်များအ သင်းမှ ဆရာများက တာဝန်ယူ သင်ကြားမည်ဖြစ်ပြီး မော်တော် ယာဉ် ပြုပြင်နည်းသင်တန်းကို အင်းစိန်ဂျီတီအိုင်ကျောင်းမှ နည်း ပညာကျွမ်းကျင်ပညာရှင်များနှင့် Scania ကုမ္ပဏီမှ ပညာရှင်များ က သင်ကြားမည်ဖြစ်သည်။

သင်တန်းကာလ တစ်လမှ သုံးလအထိဖြစ်ပြီး သင်တန်းပြီး ဆုံးပါက ကျွမ်းကျင်မှုကာလတို သင်တန်းဆင်းလက်မှတ်ပေးအပ် မည်ဖြစ်သည်။ သင်တန်းဝင်ခွင့် လျှောက်လွှာများကို ပြန်ကြားရေး ၀န်ကြီးဌာနပိုင်သတင်းစာများမှ တစ်ဆင့်ခေါ်ယူမည်ဖြစ်သည်။

အဆိုပါသင်တန်းများကို ဒု သမ္မတဦးမြင့်ဆွေဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အ နေဖြင့် စက်မှုဇုန်များတွင်လိုအပ် နေသော ကျွမ်းကျင်လုပ်သားလို အပ်ချက်အပေါ်မူတည်ကာ သက် မွေးဝမ်းကျောင်းသင်တန်းများ ဖွင့် လှစ်ပေးခြင်းဖြစ်သည်ဟု ဒေါက် တာအေးမြင့်ကဆိုသည်။

အင်းစိန်ဂျီတီအိုင်သည် မြန် မာနိုင်ငံ၏ ပထမဆုံးစက်မှုလက်မှု ပညာသင်ကျောင်းဖြစ်ပြီး ကျောင်း အဆောက်အအုံသည် ၁၂၂ နှစ် သက်တမ်းရှိသည်။

အဆိုပါ ကျောင်းကို ၂၀၀၀ ပြည့်နှစ်တွင် ပိတ်ထားရာမှ ၂၀၁၇ ဒီဇင်ဘာ ၁ ရက်တွင်ပြန်လည်ဖွင့်လှစ်ပြီး မြို့ ပြအင်ဂျင်နီယာ၊ အီလက်ထရွန် နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်း အားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင် နီယာ၊ သုတနည်းပညာဘာသာ ရပ်ဟူ၍ A.G.T.I ဒီပလိုမာသင် တန်းငါးခုသင်ကြားနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 2966 times