Sales Hotline : 09448001653       Download App



ဗြိတိသျှကောင်စီက ပေးအပ်သည့် IELTS ပညာသင်ဆု

ဗြိတိသျှကောင်စီက ပေးအပ်သည့် IELTS ပညာသင်ဆု

ပြည်ပတက္ကသိုလ်တစ်ခုခု တွင် တက်ရောက်ရန် တက္ကသိုလ် ဝင်ခွင့် အင်္ဂလိပ်စာအရည်အသွေး လိုအပ်ချက်အတွက် IELTS စာမေး ပွဲဖြေဆိုရင်း ပညာသင်ဆုပါ တစ်ပါ တည်း လျှောက်ထားရယူနိုင်သည့် အခွင့်အရေးဖြစ်သည်။

IELTS Scholarship ကို အမျိုးအစားနှစ်မျိုး သတ်မှတ်၍ ပေးအပ် မည်ဖြစ်သည်။

ပထမတစ်မျိုးသည် မြန်မာနိုင်ငံတွင် နေထိုင်သော ကျောင်းသားသုံးဦးအား တစ်ဦး လျှင် စတာလင်ပေါင် ၂,၀၀၀ (မြန် မာကျပ် ၃၂ သိန်းခန့်) ပေးမည် ဖြစ်ပြီး ဒုတိယတစ်မျိုးသည် အရှေ့အာရှနိုင်ငံများရှိ British Council များမှ စုပေါင်းချီးမြှင့်သော Regio-nal IELTS Scholarship ဖြစ်ကာ  အရှေ့အာရှနိုင်ငံများမှ ထူးချွန် ကျောင်းသားသုံးဦးရွေးချယ်ကာ စုစုပေါင်း စတာလင်ပေါင် ငါး သောင်းခွဲခန့် ပေးအပ်မည်ဖြစ် သည်။

READ - မြန်မာနိုင်ငံမှ ဆရာ၊ ဆရာများအတွက် အကောင်းဆုံး သင်ကြားခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ ပညာတော်သင် အစီအစဉ်

IELTS Scholarship ပညာသင်ဆု လျှောက်ထားလိုသူများသည် မြန်မာနိုင်ငံတွင် လက်ရှိနေ ထိုင်သူ၊ မြန်မာနိုင်ငံပြင်ပတွင် ၂၀၁၈-၁၉ ပညာသင်နှစ်က စ၍ ဘွဲ့ကြို(Undergraduate)နှင့် ဘွဲ့ လွန် (Postgraduate)ပညာသင် ကြားမည့်သူ၊ IELTS လက်မှတ်ကို ဝင်ခွင့်လိုအပ်ချက်တစ်ခုအနေဖြင့် လက်ခံသော တက္ကသိုလ်တွင် တက်မည့်သူ၊ IELTS Test Componentတစ်ခုချင်းစီတွင် အနည်းဆုံး Band Score 6 ရရှိသူ၊ IELTS စာမေးပွဲကို ၂၀၁၇ ဧပြီ ၁ ရက်နှင့် နောက်ပိုင်းဖြေဆိုထားသူ၊ ၂၀၁၈ ဇူလိုင် ၂ ရက် မတိုင်မီ မိမိလျှောက် ထားသော တက္ကသိုလ်မှ ဝင်ခွင့်အ ထောက်အထား (Acceptance Letter) ကို ပြနိုင်သူဖြစ်ရမည်။

ပညာသင်ဆု ရရှိသော ကျောင်းသားများအတွက် ၎င်းတို့ တက်မည့် ကျောင်းသို့ ဗြိတိသျှ ကောင်စီက တိုက်ရိုက်ငွေကြေး ပေးသွင်းပေးမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်လွှာ ကို https://www.ieltsasia.org/ ieltsprize/application/form တွင် ဧပြီ ၃၀ ရက် နောက်ဆုံး လျှောက်ထားရမည် ဖြစ်ပြီး လျှောက်လွှာနှင့်အတူ IELTS TestReport Form ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

လျှောက်ထားသူများအား ဇွန်လအတွင်း ပထမအကြိမ်အင် တာဗျူးခေါ်ယူမည်ဖြစ်ပြီး ပထမ အကြိမ်အောင်မြင်ပါက ဒုတိယအ ကြိမ်အင်တာဗျူးကို ဇူလိုင်အတွင်း ဖြေဆိုရမည်ဖြစ်သည်။

အသေးစိတ်ကို https:// www.ieltsasia.org/ieltsprize/ တွင် ကြည့်ရှုနိုင်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

International Read 1854 times