Sales Hotline : 09448001653       Download App



သက်မွေးပညာသင်တန်းများအတွက် သင်တန်းသား ၂၇၅ ဦး ခေါ်ယူရန် စီစဉ်

သက်မွေးပညာသင်တန်းများအတွက် သင်တန်းသား ၂၇၅ ဦး ခေါ်ယူရန် စီစဉ်

ယင်းသင်တန်းတွင် စီးပွားရေးပညာအထောက်အကူပြုသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ သင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တ်းနှင့် သတ္ထုပစ္စည်းအတတ်ပညာသင်တန်း စသည့် သင်တန်းများအတွက် ရည်ရွယ်၍ Vocational Education For Youth စကားဝိုင်းကို စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် ဆရာ၊ ဆရာမများတွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။

ထိုသင်တန်းများအတွက် လျှောက်လွှာများကို ဇန်န၀ါရီလမှ မတ်လအတွင်း သင်တန်းကျောင်း၌ လာရောက်ထုတ်ယူ လျှောက်ထားနိုင်သည်။

လျှောက်ထားသူများမှာ စာတွေ့လက်တွေ့တစ်ပြိုင်တည်းသင်ကြားမှု ပုံစံအရ မိမိတို့ ရွေးချယ်ရာလုပ်ငန်း၊ ကုမ္ပဏီအသီးသီးတွင် စတင်လုပ်ကိုင်သူများ သို့မဟုတ် လုပ်ငန်းခွင်တွင် အလုပ်သင် ၀န်ထမ်းငယ်များအဖြစ် ၀င်ရောက်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းတွင် ယခုနှစ်အတွက် သင်တန်းသား ၂၇၅ ဦး ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

READ - တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို စစ်ဆေးမည့် အထက်တန်းပြများအနေဖြင့် သင်ကြားနေသည့် ဘာသာရပ်နှင့် စစ်ဆေးမည့် ဘာသာရပ်များ ကိုက်ညီရန် လို

“ဒီကျောင်းမှာ တက်မယ့်ကလေးတွေက လက်ရှိအလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်မရှိဘဲ ဒီကျောင်းတက်လို့ မရပါဘူး။ ကျောင်းက တစ်ပတ်မှာ တစ်ရက်ပဲ တက်ရတာပါ။ ကျန်တဲ့ရက်တွေက လက်တွေ့လုပ်နေမှ သီအိုရီနဲ့ စာတွေ့လက်တွေ့ကအဆင်ပြေမှာပါ။ သူတို့ကို လက်ခံပြီးတော့ လုပ်ပေးမယ့် ကုမ္ပဏီလည်းရှိရမယ်။ စာတွေ့ပဲ ရှိပြီး လက်တွေ့လုပ်ရမယ့်နေရာမရှိရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ထို့ပြင် သင်တန်းစေလွှတ်မည့် ကုမ္ပဏီဘက်မျ ပထမဆုံးနှစ်တွင် သင်တန်းသားတစ်ဦးအတွက် ငွေကျပ် တစ်သိန်းပေးသွင်းရမည်ဖြစ်ပြီး နောင်နှစ်များတွင် ငွေကျပ် နှစ်သောင်း ပေးသွင်းရမည်ဖြစ်သည်။

သင်တန်းတစ်ခုချင်းစီအတွက် သင်တန်းကာလမှာ သုံးနှစ်ဖြစ်ကြောင်း သင်တန်းပြီးဆုံးပါက စာတွေ့လက်တွေ့ ဖြေဆိုရမည်ဖြစ်သည်။

ယင်းသင်တန်းဆင်းပြီးပါက သက်ဆိုင်ရာ ကုမ္ပဏီများမှ အားထားရလောက်သည့် မြန်မာနှင့် ဆွစ်ဇာလန် နိုင်ငံတို့မှ အသိအမှတ်ပြု ထားစသည့် Junior Professionals ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်လာနိုင်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 2579 times