Sales Hotline : 09448001653       Download App



ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အခမဲ့ဂဟေဆက်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ

ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အခမဲ့ဂဟေဆက်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ

သင်တန်းကို သီတင်းပတ် ၁၀ ပတ်ကြာ တက်ရောက်ရမည် ဖြစ်ပြီး ထူးချွန်သူများအား သင်တန်းပြီးဆုံးပါက လက်တွေ့လုပ် ငန်းခွင်သင်တန်းလေးလမှခြောက် လအထိ ဆက်လက်တက်ရောက် နိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ပေးမည်ဟု ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြေ ညာထားသည်။

‘‘သင်တန်းသား ၁၅ ဦးလက် ခံမယ်။ သင်တန်းပြီးသွားလို့ ထူး ချွန်တယ်ဆိုရင် လက်တွေ့သ ဘောမျိုးကုမ္ပဏီတွေမှာ လုပ်ခွင့်ရ မယ်။ ကုမ္ပဏီဘက်က သဘောကျ တယ်ဆိုရင် အလုပ်ပါတစ်ခါ တည်းရပြီးသားဖြစ်မှာပေါ့’’ ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။

READ - ၂၀၁၇-၁၈ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် စာမေးပွဲကာလသတ်မှတ်ခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်းနှင့် အခြေခံပညာန၀မတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများ ကျင်းပ ဆောင်ရွက်မည့် အစီအစဉ်

အသက်(၁၈)နှစ်မှ (၃၅)နှစ် အတွင်း န၀မတန်းအောင်မြင်ပြီး အခြေခံအင်္ဂလိပ်စာနားလည်ကာ လုပ်ငန်းခွင်နှင့် သင့်တော်သော ကျန်းမာရေး ကောင်းသူများ အဆို ပါသင်တန်းသို့ လျှောက်ထားနိုင် ကြောင်း နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြေညာထားသည်။

သင်တန်းတက်ရောက်ခွင့်ရ သူများသည် သင်တန်းကြေးအခမဲ့ ဖြစ်ပြီး လုပ်ငန်းခွင်အန္တရာယ်ကာ ကွယ်ရေးဝတ်စုံအတွက် ကုန်ကျ စရိတ်ကိုသာ သင်တန်းသားက ကျခံရမည်ဖြစ်သည်။

လုပ်ငန်းခွင် ကျွမ်းကျင်သူများမွေးထုတ်ပေး ရေး စာတွေ့၊ လက်တွေ့သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းပြီး ဆုံးပါက အသိအမှတ်ပြုအောင်လက် မှတ်ရရှိမည်ဖြစ်သည်။

သင်တန်းလျှောက်လွှာများ ကို အင်းစိန်မြို့နယ် အောက် မင်္ဂလာဒုံလမ်းမကြီးရှိ ရတနာ ဂဟေဆက် နည်းပညာ သင်တန်း ကျောင်းတွင် ထုတ်ယူနိုင်ပြီး ဇန်န၀ါရီ ၁၇ ရက်နောက်ဆုံးထား လျှောက်ထားရ မည်ဖြစ်သည်။

အဆိုပါသင်တန်းကို ပညာ ရေးဝန်ကြီးဌာနနှင့်တိုတယ် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်း (ရတနာစီမံကိန်း) တို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 4957 times