Sales Hotline : 09448001653       Download App



စင်ကာပူ James Cook University Singapore တွင် စီးပွားရေးဘာသာရပ်များတက်ရောက်လိုသူများ ပထမနှစ်တွင် Full Scholarship ပညာသင်ဆုဖြင့် လျှောက်ထားတက်ရောက်နိုင်ပြီ

စင်ကာပူ James Cook University Singapore တွင် စီးပွားရေးဘာသာရပ်များတက်ရောက်လိုသူများ    ပထမနှစ်တွင် Full Scholarship ပညာသင်ဆုဖြင့် လျှောက်ထားတက်ရောက်နိုင်ပြီ

James Cook University မှ Bachelor of Business ၏ စာသင်နှစ် ၂ နှစ် ၏ ပထမစာသင်နှစ်အတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုကို လျောက်ထားနိုင်မည်ဖြစ်ပါသည်။

James Cook University သည် ကမ္ဘာ့ကောင်းဆုံး တက္ကသိုလ်ကြီးများ (၄) ရာခိုင်နှုန်း စာရင်းတွင် ပါဝင်ပြီး သြစတြေးလျ အစိုးရပိုင် ထိပ်တန်း တက္ကသိုလ်ဖြစ်ပါသည်။

နိုင်ငံတွင်းရှိ အကောင်းဆုံးတက္ကသိုလ်များ စာရင်းတွင် အဆင့်(၁၈) ၌ ရပ်တည်နေပြီး၊ ဘွဲ့ရရှိပြီး အလုပ်အကိုင်ရရှိမှုတွင်လည်း ကြယ်(၅)ပွင့် အဆင့်ရှိသည့် တက္ကသိုလ်ကြီး ဖြစ်ပါသည်။

READ - ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် Child’s Dream မှ ပညာသင်ဆုလျှောက်လွှာခေါ်ယူ

သုတေသနလုပ်ငန်းများ လုပ်ကိုင်ရာခြင်း Won Maximum Teaching Citations အသိအမှတ်ပြု လက်မှတ် ရရှိထားသည့်အပြင်၊ Innovative Research Universities Australia (IRUA) အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်အဖြစ် သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်ဖြစ်ပါသည်။

စင်ကာပူရှိ JCUS ကျောင်းခွဲသည် စင်္ကာပူအစိုးရအသိအမှတ်ပြု Edu Trust လက်မှတ် (၄) နှစ် ရရှိ ထားပြီးသည့် ကျောင်းဖြစ်ပါသည်။

ပညာသင်ဆု လျှောက်ထားရယူလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် Novotel Hotel တွင် Scholarship Test ဖြေရမည်ဖြစ်သည်။

ဖြေဆိုမှုအပေါ်မူတည်၍ ပထမနှစ်အတွက် ၁၀၀ % ပညာသင်ဆု၊ ၅၀ % ပညာသင်ဆု၊ ၂၅ % ပညာသင်ဆု များရယူရန် Scholarship Test ဖြေဆိုလိုသူများသည် AT&S (နိုင်ငံတကာတက္ကသိုလ်ပညာရေး ၀န်ဆောင်မှု ကုမ္ပဏီ) ၏  ရုံးများဖြစ်သော အဆောင် (၅)၊ အခန်း (၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း - ၀၁ ၆၅၂၃၂၀၊ ၀၉ ၇၉၉၅၉၅၉၄၉ နှင့် အမှတ် (၆၇)၊ မြေညီထပ်၊ ဘုန်းကြီးလမ်း (အလယ်ဘလောက်)၊ လမ်းမတော်။ ဖုန်း - ၀၉ ၅၀၆ ၂၁၇၁ နှင့် ၀၉ ၇၇၇ ၂၂၃ ၂၂၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

International Read 2079 times