Sales Hotline : 09448001653       Download App



သူနာပြုလိုအပ်ချက်မြင့်မားနေ၍ အကူသူနာပြုသင်တန်းများ ပြန်လည်ဖွင့်လှစ်မည်

သူနာပြုလိုအပ်ချက်မြင့်မားနေ၍ အကူသူနာပြုသင်တန်းများ ပြန်လည်ဖွင့်လှစ်မည်

သူနာပြုလိုအပ်ချက်မြင့်မားနေ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကူသူနာပြုသင်တန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ရန်ကန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများရှိ ဆေးရုံကြီးများတွင် လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားပါသည်။

 

ဝန်ကြီးဌာနအနေနဲ့ အကူသူနာပြုသင်တန်းတွေကို ပြန်လည်ဖွင့်လှစ်လေ့ကျင့်ပေးတော့မည်ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့ကြီးများမှာ ရှိတဲ့ ဆေးရုံကြီးတွေမှာ အကူသူနာပြုသင်တန်းသူ/သင်တန်းသားတွေကို လက်တွေ့သင်ကြားပေးမှာပါ။ ဒါ့အပြင် အခြားသင့်လျော်တဲ့ ပြည်သူ့ဆေးရုံကြီးများမှာလည်း သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့စီစဉ်နေပါတယ်" ဟုပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားပါသည်။

 

Nursing & Health Care (69) သူနာပြုနှင့် ကျန်းမားရေးပြုစုစောင့်ရှောက်မှုသင်တန်းများနှင့် ပတ်သက်ပြီး (69) ခုရှာရန်နှိပ်ပါ။

 

ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်းလေးကျောင်းဖွင့်လှစ်နိုင်ရန် ဝန်ကြီးဌာနဘက်က ပံ့ပိုးဆောင်ရွက်ပေးနေပြီး မကြာမီဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သြဂုတ် (၁၀) ရက်ကပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍတွင် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနှီးနှော ဆွေးနွေးပွဲ တွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားဆရာမများနှင့် သားဖွားဆရာမများ၏ အခန်းကဏ္ဍပိုမိုမြင့်မားလာစေရေး၊ သူနာပြုတက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် သင်တန်းသူများ ပိုမိုတိုးမြှင့်ခေါ်ယူတက်ရောက်စေခြင်း၊ အထူးပြုသူနာပြုသင်တန်းများပြုလုပ်၍ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စသည့်တို့ကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်ရှိတွင် ပုဂ္ဂလိက ကဏ္ဍမှ သူနာပြုနှင့် သားဖွားဒီပလိုလမာသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများပြင်ဆင်ရေးဆွဲပြုစုထားရှိပြီးဖြစ်ကြောင်းလည်း သိရပါသည်။

 

Oil & Gas Industry Safety Training (3) ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ အန္တရာယ်ကင်းရှင်းရေး သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

 

အဆိုပါသင်တန်းကျောင်းများဖွင့်လှစ်နိုင်ရန် ရန်ကုန်၊ မန္တလေးရှိ သူနာပြုတက္ကသိုလ်၊ ကျန်းမားရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန (သူနာပြု) မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ ပုဂ္ဂလိက ဆေးရုံများအသင်း (ဗဟို)စသည်တို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

 

Read More:>>>> ပညာရေးဝန်ကြီးဌာနရန်ကုန်တက္ကသိုလ်နှင့် KMD တို့ပူးပေါင်းဖွင့်လှစ်မည့်သင်တန်းများ

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုဂ္ဂလိက ကျန်းမာရေးလိုင်စင်ခွင့်ပြုထားရှိမှုအရ ၂၀၁၈ ခုနှစ်အတွင်း အထွေထွေရောဂါကုဆေးခန်းပေါင်း ၅၄၆၂၊ အထူးကုဆေးခန်း ၇၂၀၊ ဆေးရုံ ၂၃၉၊ ရောဂါရှာဖွေရေး (ဓာတ်ခွဲ) ၂၁၇၊ ရောဂါရှာဖွေရေး (ဓာတ်မှန်) ၁၃၇၊ သားဖွားခန်း ၄၅ ခန်းတို့ကို ခွင့်ပြုထားပြီးဖြစ်ပါသည်။

 

Source: Daily Eleven

 

News Read 5210 times