Sales Hotline : 09448001653       Download App



အဆင့်မြင့်တင်ရန်စီစဉ်နေသည့် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း

အဆင့်မြင့်တင်ရန်စီစဉ်နေသည့် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း

စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းကို အစိုးရလက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင်ရန်စီစဉ် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) ကို သုံးနှစ်ဒီပလိုမာပေးအပ်မည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၏ပြောကြားချက်အရသိရသည်။

 

အဆိုပါသင်တန်းကျောင်းတွင် လက်ရှိသင်ကြားနေသည့် ကာလတိုသက်မွေးသင်တန်းများအပြင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော AGTI Diploma Level သင်တန်းများ အဆင့်တိုးမြှင့်၍ အရည်အသွေးမြင့်သက်မွေးသင်တန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စီမံချက်များရေးဆွဲလျက်ရှိသည်။

 

Japanese (419) ဂျပန် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (419) ခုရှာရန်နှိပ်ပါ။

 

ထပ်မံဖွင့်လှစ်မည့် AGTI Diploma in Industrial Automation, AGTI Diploma in CNC Production, AGTI Diploma in Wooding Technology ဘာသာရပ်တို့အတွက်လိုအပ်သော သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများရေးဆွဲဆောင်ရွက်လျက်ရှိသည်။

 

Korean (184) ကိုရီးယား စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (184) ခုရှာရန်နှိပ်ပါ။

 

လက်ရှိတွင် အဆင့်မြှင့်တင်နိုင်ရန်လိုအပ်သည့် အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများဖြည့်ဆည်းခြင်း၊ ဆရာ/ဆရာမနှင့် ၀န်ထမ်းများကို လေ့ကျင့်ဖြည့်ဆည်းခြင်းများ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

 

အဆင့်မြှင့်တင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနဘက်ကလည်း လုပ်ဆောင်ပေးနေပါတယ်။၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ အဓိကကတော့ ဒေသရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဖြစ်လာဖို့ ဆောင်ရွက်နေတာပါ” ဟု ဦးထွန်းမြင့်ကပြောသည်။

 

Read More:>>>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

 

ယင်းကဲ့သို့အဆင့်မြှင့်တင်ရန် အမျိုးသားပညာရေး မူဝါဒကော်မရှင်ထံ တင်ပြထား၍ သဘောတူညီချက်ရယူမည်ဖြစ်ပြီး သဘောတူညီချက်ရရှိပါက ပညာရေးဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီမှ ထပ်မံအတည်ပြုချက်ရယူမည်ဖြစ်ကြောင်းသိရသည်။

 

Source: မြ၀တီ

 

News Read 1404 times