Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ အနေဖြင့် လေယာဉ်မောင်း၊ လေယာဉ်မယ်သင်တန်း လျှောက်ထားနိုင်သည်ဟု သိရပါသည်။


လေကြောင်းလိုင်းများတွင် ဝင်ရောက်လုပ်ကိုင်သူများအနေဖြင့် တက်ရောက်နိုင်ပါသည်။


“ လေယာဉ်မောင်၊ လေယာဉ်မယ် ဖြစ်ရန် အရေးကြီးသည်မှာ စိတ်ရှည်၍ ကူညီတတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ယဉ်ကျေးချိုသာခြင်း၊ ကိုယ်ရည်ကိုယ်သွေး ကောင်းခြင်း၊ ဗဟုသုတကြွယ်ဝခင်း၊ ဖြတ်ထိုးဥာဏ်ရှိခြင်း၊ အလုပ်အပေါ်ထားသည့် သဘောထားကောင်းခြင်း အစရှိသည်တို့လိုအပ်သည်ဟု " Myanmar Flight Attendant School တည်ထောင်သူ မအင်ကြင်းက ပြောပါသည်။

 

Accountancy (စာရင်းကိုင်ပညာ) (222)/စာရင်းကိုင်နှင့်ပက်သက်ပြီး သင်တန်း (၂၂၂) ခု ရှာရန်နှိပ်ပါ။

 

Advertising & PR (ကြော်ငြာနှင့် လူမှုဆက်ဆံရေး) (8)/ကြော်ငြာခြင်းနှင့် PR သင်တန်းနှင့်ပတ်သက်ပြီး ရှာရန် နှိပ်ပါ။


Myanmar Flight Attendant School ၏ 2019 Dream Achievers Event ကိုလည်း သြဂုတ်လကနိုဗိုတယ်မှာ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လာအတွင်း ကျင်းပခဲ့သည့် လေကြောင်းလိုင်း လေးခု၏ လေယောဉ်မောင်၊ လေယာဉ်မယ် ခေါ်ယူမှု Recruitment များမှာ အရည်အချင်းစစ်စာမေးပွဲများ အဆင့်ဆင့်အောင်မြင်ပြီး လေယာဉ်မောင်၊ လေယာဉ်မယ် အဖြစ်တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရသူဦးရေ (၅၀) ကို ဂုဏ်ပြုပေးခဲ့ပါသည်။


၎င်းသင်တန်းကျောင်းသည်နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် IATA (International Air Transport Association) အသိအမှတ်ပြုလေယာဉ် မောင်မယ်သင်တန်းကျောင်း ATC (Authorized Training Center) ဖြစ်သည်ဟု သိရပါသည်။


ကမ္ဘာ့အကောင်းဆုံး ကြယ်ငါးပွင့်လေကြောင်းလိုင်းဖြစ်သည့် ကာတာလေကြောင်းလိုင်း၏ Official Recruitment Agency ဖြစ်သည့် Jobs Global Myanmar နှင့်လည်း Learning Partner အနေဖြင့် ဆောင်ရွက်နေသည်ဟု ဆိုပါသည်။


ကမ္ဘာ့အကောင်းဆုံးကြယ်ငါးပွင့် လေကြောင်းလိုင်းမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံပေါင်းများစွာမှ ဆရာဖြစ်သင်ကြားခွင့် လက်မှတ်ရ လေယာဉ်မယ်ဆရာမ၊ ပြည်တွင်းလေကြောင်းမှ လေယာဉ်မောင်ဆရာ၊ လေကြောင်းပညာသိပ္ပံမှ ဆရာဖြစ်သင်ကြားခွင့် လက်မှတ်ရ ဝါရင့်လေယာဉ်မယ် အရာရှိဆရာမတို့အပြင် သက်ဆိုင်ရာ ပညာရှင်များစွာကလည်း ပါဝင်ပို့ချပေးမည်ဖြစ်ပြီး အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ပေးမည်ဟု သိရပါသည်။


ကျောင်းရဲ့သဘောထားကတော့ ကျောင်းသူကျောင်းသားတွေ လေယာဉ်မောင်မယ်ဖြစ်သည့်အချိန်အထိ သင်တန်းပြီးဆုံးပြီဟု မယူဆထားပါ။


ထို့ကြောင့် သင်တန်းကာလပြီးဆုံးလျှင်လည်း သင်တန်းသူ သင်တန်းသားများသည် FLYCLUB ဟုခေါ်သည့် အသင်းများမှတစ်ဆင့် လေ့လာသင်ယူစရာတွေကို ကျောင်းနှင့် အဆက်အသွယ်မပြတ်စေဘဲ ဆက်လက်ဝေမျှပံ့ပိုးပေးပါတယ်ဟု မအင်ကြင်းမှ ပြောပါသည်။

 

Read More:>>>> အဋ္ဌမတန်းအောင်သူများ လာမည့်ပညာသင်နှစ်တွင် ဒဿမတန်းသို့ တက်ရောက်ရမည်


သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Myanmar Fligh Attendant School အမှတ် (၄၇၅) C၊ ပြည်လမ်း၊ Novotel Hotel အနီး၊ ကမာရွတ်မြို့နယ်။ ဖုန်းနံပါတ် ၀၉-၉၆၁၁၂၅၄၃၂ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။


Source: Kumudra 

 

News Read 14802 times