Sales Hotline : 09448001653       Download App



Career Enhancement Program သင်တန်းလျှောက်လွှာခေါ်ယူခြင်း

Career Enhancement Program သင်တန်းလျှောက်လွှာခေါ်ယူခြင်း

၁။ Myanmar Business Executive Association (MBE) နှင့် Foundation for INcome Generating, EDUcational & COmmunity Developing Projects (INEDUCO), Switzerland တို့ပူးပေါင်းဖွင့်လှစ်မည့် KV Zurich Business School အသိအမှတ်ပြု လတ်မှတ်ရ အောက်ပါ Basic Course သင်တန်းများအတွက် လျှောက်လွှာတင်သွင်းရန် ခေါ်ယူအပ်ပါသည်။


၂။ သင်တန်းဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များမှာ -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား တိုင်းရင်းသားဖြစ်ရမည်။
(ခ) အနိမ်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူဖြစ်ရမည်။
(ဂ) သတ်မှတ်သင်တန်းချိန်အတိုင်း မပျက်မကွက်တက်ရောက်နိုင်သူဖြစ်ရမည်။


၃။ သင်တန်းဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) Financial Accounting နှင့် SME Development နှင့် Micro Finance သင်တန်းကို စက်တင်ဘာလတွင်လည်းကောင်း၊ စနေနှင့် တနင်္ဂနွေနေ့များတွင် စတင်ဖွင့်လှစ်ပါမည်။
(ခ) ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းမဟုတ်သည့်အတွက် သင်တန်းမှတ်ပုံတင်ကြေး (၄၀၀၀၀) ကျပ်မှအပ အခြားမည်သည့် အခကြေးငွေမျှ ပေးသွင်းရန်မလိုပါ။
(ဂ) SME Development သင်တန်းအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန် ကြံရွယ်နေသူများကို ဦးစားပေးပါမည်။ ကျန်သင်တန်းများအတွက် သက်ဆိုင်ရာနယ်ပယ်တါင် လက်ရှိလုပ်ကိုင်နေပြီး လုပ်ငန်းလိုအပ်ချက်အရ သင်တန်းတက်ရောက်လိုသူများကိုဦးစားပေးပါမည်။
(ဃ) သတ်မှတ်သင်တန်းချိန်ပြည့်မှီပြီး သက်ဆိုင်ရာသင်တန်းအလိုက် အရည်အချင်းစစ်ဆေးမှုအောင်မြင်သူများကိုသာ အောင်လတ်မှတ်ထုတ်ပေးပါမည်။


၎။ စိတ်ပါဝင်စားသူများသည် သင်တန်းတည်နေရာတွင် လျှောက်လွှာများကို အခမဲ့ထုတ်ယူပြီး အောက်ပါတို့နှင့်အတူ (၃၁.၈.၂၀၁၉) ခုနှစ်၊ ညနေ (၄) နာရီ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။
(က) ဓာတ်ပုံ (၃) ပုံ
(ခ) မှတ်ပုံတင်မိတ္တူ
(ဂ) ပညာအရည်အချင်း လတ်မှတ်မိတ္တူများ
(ဃ) အလုပ်အကိုင်ဆိုင်ရာ ထောက်ခံချက်
(င) မည်သည့်အတွက် မိမိကိုသင်တန်းတက်ရောက်ခွင့် ပြုသင့်ကြောင်းနှင့် သင်တန်းမှရရှိသောပညာကို မည်သို့အသုံးချရန်ရည်ရွယ်ထားကြောင်း ပင်ကိုယ်ရေးစာတစ်ပုဒ်။

 

Read More:>>>>ကုန်သွယ်ရေကြောင်းကောလိပ်တွင် ကျောင်းသား (၂၀၀) လေ့ကျင့်သင်ကြားမည်


၅။ ပဏာမရွေးချယ်ခြင်းခံရသောသူများကိုသာ လူတွေ့စစ်ဆေးရန်ခေါ်ယူပါမည်။

 

**သင်တန်းစီစဉ်ညွှန်ကြားရေးမှူး အခန်း (၅၀၈)၊ (၅) လွှာ၊ စံရိပ်ငြိမ်ဂမုန်းပွင့် Shopping Mall၊ အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၄၂၀၅၁၆၁၆၅၊ ၀၉ ၇၉၅၈၃၄၀၃၈၊ ၀၉ ၇၆၃၁၇၃၅၇၀

 

Source; ကြေးမုံ

 

News Read 1103 times