Sales Hotline : 09448001653       Download App



အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ကာလတိုသင်တန်းများဖွင့်လှစ်မည်

အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ကာလတိုသင်တန်းများဖွင့်လှစ်မည်

နေပြည်တော်၊ ရန်ကုန် (ရွာမ)နှင့် မန္တလေးမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများမှာ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းတွေ ဖွင့်လှစ်မည်လို့ သိရပါသည်။

 

သင်တန်းတွေကို စက်တင်ဘာ () ရက်မှာစတင်ဖွင့်လှစ်မည်ဖြစ်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)မှာ အုတ်စီကျွမ်းကျင်သင်တန်းနဲ့ သံချည်သံကွေးကျွမ်းကျင်သင်တန်းလည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)မှာ ပုံဆင်၊ ပုံရိုက်ကျွမ်းကျင်သင်တန်းနှင့် လမ်းခင်းကျွမ်းကျင်သင်တန်းကိုလည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး)မှာ သံချည်သံကွေးကျွမ်းကျင်သင်တန်းကိုလည်းကောင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

 

သင်တန်းကို မူလတန်းအောင်မြင်ပြီး အသက် (၁၈)နှစ်ပြည့်ပြီး အသက် (၄၀) ထက်မကျော်လွန်သူတွေ တက်ရောက်နိုင်ပါသည်။

 

လျှောက်လွှာတွေကို သြဂုတ် (၁၆)ရက်မှ စက်တင်ဘာ () ရက်အထိသက်ဆိုင်ရာကျောင်းအသီးသီးမှာ ရယူလျှောက်ထားနိုင်ပါသည်။

 

Read More:>>>>> ရန်ကုန်တက္ကသိုလ်တွင် ဂျပန်၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ပညာရပ်များအား အခမဲ့သင်ကြားနိုင်ပြီ

 

သင်တန်းကြေးမှာအခမဲ့ဖြစ်ပြီး သင်တန်းသို့ ကျား/မ မရွေးတက်ရောက်နိုင်ပါသည်။ လျှောက်လွှာများကို www.mimu.info နှင့် https://bit.ly/2A3xiak မှာရယူနိုင်ပြီး [email protected] သို့လည်းပေးပို့လျှောက်ထားနိုင်ပါသည်။

 

အသေးစိတ်ကို အစိုးရနည်းပညာအထက်တန်း (နေပြည်တော်) ဖုန်း ၀၉-၄၄၈၅၃၆၂၀၀၊ ၀၆၇-၄၀၁၄၂၅ ၆၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) ဖုန်း ၀၉၂၅၀၃၇၇၁၈၈၊ ၀၁-၆၄၁၆၉၆၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး) ဖုန်း ၀၉-၇၉၁၃၇၁၂၇၄၊ ၀၂-၅၁၅၂၁၉၂ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

Source: Internet

 

News Read 4182 times