Sales Hotline : 09448001653       Download App



ကိုရီးယားနှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပေးမည်

ကိုရီးယားနှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပေးမည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် KOMYRA (Korea Myanmar Research Association) တို့ ပူးပေါင်း၍ ဘဏ်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းဖြစ်သည့် (Global Banking Expert Program) ပြုလုပ်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရပါသည်။

 

ယင်းသင်တန်းကို KBZ ဘဏ်နှင့် Mobile Financial Service Forum တို့ကပံ့ပိုးကူညီပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ထုတ်ကုန်သွင်းကုန်ကုမ္ပဏီများနှင့် ဘဏ်များ၏ Global Translation Capacity တည်ဆောက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအခြေခံ သဘောတရားများ၊ လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ၄င်းအသင်းချုပ်ထံမှ သိရပါသည်။

 

သင်တန်းကို သြဂုတ်လ (၂၄) ရက်နေ့မှစက်တင်ဘာလ (၂၂) ရက်နေ့အထိ (အပတ်စဉ် စနေ၊ တနင်္ဂနွေ) နံနက် () နာရီမှ ညနေ () နာရီအထိ ပြုလုပ်မည်ဖြစ်ပါသည်။

 

Global Banking Expert Program သင်တန်းကို ဘဏ်များနှင့် ကုန်သွယ်မှုလုပ်ငန်းနယ်ပယ်တွင် ပါဝင်ဆောင်ရွက်နေသည့် ဝန်ထမ်းများတက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းသားဦးရေကိုလည်းကန့်သတ်ထားကာ လျှောက်လွှာများကို https://bit.ly/2MIoON7 တွင်ရယူလျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရပါသည်။

Read More>>>> “AutoCad (2D,3D) ပညာဒါနသင်တန်း"

 

သင်တန်းနှင့်ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ် HRD ဌာနဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄/၄၉ (Ext:၁၃၃,၁၃၄) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး Email- [email protected] သို့ သြဂုတ်လ (၁၅)ရက်နေ့ နောက်ဆုံးထားထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း ၄င်းအသင်းချုပ်ထံမှ သိရပါသည်။

 

Source: The Voice

 

News Read 1157 times