Sales Hotline : 09448001653       Download App



ဂျပန်-မြန်မာ သက်မွေးသင်တန်းကျောင်းမှ ပထမနှစ်သင်တန်းသားများ စတင်ခေါ်ယူမည်

ဂျပန်-မြန်မာ သက်မွေးသင်တန်းကျောင်းမှ ပထမနှစ်သင်တန်းသားများ စတင်ခေါ်ယူမည်

ဂျပန်နှင့်မြန်မာအစိုးရ ပူးပေါင်းဖွင့်လှစ်မည့် ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (အောင်ဆန်း) (JMVTI-Aung San) မှပထမနှစ်သင်တန်းသားတွေကို ဒီဇင်ဘာလမှာ စတင်ခေါ်ယူမည်ဖြစ်ပါသည်။

 

ဘာသာရပ်နှစ်ခု သင်ကြားပေးမည်ဟု ပညာရေးဝန်ကြီးဌာန၊ နည်းပညာသက်မွေးလေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်သူက ပြောပါသည်။

 

မေဂျာတစ်ခုကို လူဦးရေ (၂၀) လောက်ဖြင့် မေဂျာနှစ်ခုခေါ်ယူမည်ဖြစ်ကြောင်း၊ အောင်ဆန်းစက်မှုလက်မှု အထက်တန်းကျောင်းနေရာမှာဖွင့်လှစ်မည် ဖြစ်ကြောင်းသိရပါသည်။

 

“ JICA နှင့် မြန်မာအစိုးရပူးပေါင်းဖွင့်လှစ်ဖြစ်ပြီး ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ ကျောင်းဆိုပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ သင်တန်းသားခေါ်ယူမှုကလည်း မေဂျာတစ်ခုမှာ လူဦးရေ (၂၀) ဦးသာ ခေါ်ယူခြင်းဖြစ်သည့်အတွက် ကန့်သတ်ချက်လည်း များနိုင်သည်ဟု ပြောပါတယ်။ဆယ်တန်းအောင်ကိုမှ အမှတ်အကန့်သတ်များနိုင်ပါတယ်" လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်သူက ပြောပါသည်။

 

Automobile Maintenance နှင့် Electrical Diploma မေဂျာနှစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံရဲ့အတွေ့အကြုံ ဗဟုသုတများ အပေါ်အခြေခံကာ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိုရပါတယ်။ ဘာသာရပ်တစ်ခုအတွက် သင်တန်းကာလ () နှစ်ကြာမြင့်မည် ဖြစ်သည်ဟုသိရပါသည်။

 

Read More>>>> ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်အကြောင်းသိကောင်းစရာ

 

သင်တန်းကျောင်းအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Ichiro MARUYAMA နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့က ဇွန် (၂၇) ရက်နေ့က အကူအညီပေးမည့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့တာဖြစ်ပြီး ကျောင်းစီမံကိန်းအတွက် ဂျပန်ယန်း (၂ ဒသမ ၇၂၆) ဘီလီယံကူညီရန် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။

 

Source: Internet

 

News Read 3280 times