Sales Hotline : 09448001653       Download App



တိုင်းနှင့် ပြည်နယ်များတွင် စားသောက်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်သည့် နည်းပညာဖြန့်ဖြူးမည်

တိုင်းနှင့် ပြည်နယ်များတွင် စားသောက်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်သည့် နည်းပညာဖြန့်ဖြူးမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများကို စားသောက်ကုန် တန်ဖိုးမြှင့်ထုတ်လုပ်သည့် လက်တွေ့နည်းပညာများ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

 

ယင်းသင်တန်းများကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။

 

နာနတ်သီး၊ ခရမ်းချဉ်သီး၊ သရက်သီး၊ ချဉ်စော်ကားသီး၊ မက်လင်ချဉ်သီးများကို ဖျော်ရည်၊ ယို၊ အခြောက်ခံခြင်းနှင့် ဝိုင်ပြုလုပ်သည့် နည်းပညာ၊ ငှက်ပျောသီးကိတ်ပြုလုပ်သည့် နည်းပညာတို့ကို ကချင်ပြည်နယ်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် သင်ကြားပေးမည်ဖြစ်ပြီး ဝါးပါကေးပြုလုပ်သည့် နည်းပညာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် သင်ကြားပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

 

Preservative and Packaging သင်တန်းကို ကယားပြည်နယ်ရှိ သုတေသနဌာနတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး ပေါ့ခိုင်အုတ်ထုတ်လုပ်သည့်နည်းပညာကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် သင်ကြားပေးမည်ဖြစ်ကာ ဆေးဆိုးခြင်းနည်းပညာ၊ နာနတ်သီးခြောက်ပြုလုပ်သည့် နည်းပညာ၊ ပဲနို့ပြုလုပ်သည့်နည်းပညာတို့ကို ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် မေလတို့တွင် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

Read More >>>>> တက္ကသိုလ်နှစ်ခုပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းဖွင့်လှစ်မည်

 

ထို့ပြင် ကြက်သွန်ခြောက်ပြုလုပ်သည့် နည်းပညာ၊ ကြက်သွန်အမှုန့်ပြုလုပ်သည့် နည်းပညာတို့ကို မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပို့ချပေးမည်ဖြစ်ပြီး ကိတ်မှုန့်၊ ပေါင်မုန့်ဖုတ်သည့် နည်းပညာ၊ ဒန့်သလွန်သီးမှ ဒန့်သလွန်စေ့လှော် ထုတ်လုပ်သည့် နည်းပညာ၊ ခရမ်းချဉ်သီးခြောက်ပြုလုပ်သည့် နည်းပညာ၊ အပင်ထွက်ပစ္စည်းများမှ ခြင်ပြေးဆေးဖော်စပ်ပြုလုပ်သည့် နည်းပညာတို့ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် မတ်လတို့တွင် သင်ကြားပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

(www.edge.com.mm)


Source:The Voice

 

News Read 1057 times