Sales Hotline : 09448001653       Download App



စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း

စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မေတ္တာလင်းအသင်း (Myitta-A-Lin Association)၊ Korea International Cooperation Agency (KOICA) နှင့်ကိုရီးယားနိုင်ငံ အခြေစိုက် WITH အဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ် (၃) ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည်။


၁။ သင်တန်းဖွင့်မည့်ရက်မှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်


၂။ သင်တန်းဖွင့်မည့်နေရာမှာ G.T.H.S(လှိုင်သာယာ)၊ ဗိုလ်အောင်ကျော်လမ်း၊(မီးခွက်ဈေးအနီး၊ မီးခွက်ဈေးမှတ်တိုင်တွင်ဆင်းရပါမည်။)


၃။ ပို့ချမည့်သင်တန်းများမှာ
- ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း (Baking & Confectionery Course) သင်တန်းသား(၂၀) ဦး
- အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်း (Food Service and Culinary Course) သင်တန်းသား (၂၀) ဦး
- ကော်ဖီနှင့်ဖျော်ရည်သင်တန်း (Beverage Course) သင်တန်းသား (၂၀) ဦး


၎။ သင်ကြားမည့်ကာလ စုစုပေါင်း (၁၆) ပတ်
- စာတွေ့နှင့်လက်တွေ့သင်ကြားခြင်း ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂) ရက်မှ နိုဝင်ဘာလ (၂၃) ရက် (၁၂) ပတ်
- လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂၅) ရက်မှ ဒီဇင်ဘာလ (၂၀) ရက် (၄) ပတ်


၅။ သင်တန်းသား။ သင်တန်းသူ တို့၏ လိုအပ်ချက်များ
- အခြေခံပညာအလယ်တန်း (အဌမတန်း) အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နည်းလည်သူဖြစ်ရပါမည်။ (အခြေခံပညာအထက်တန်း မအောင်မြင်သောသူများကို ဦးစားပေးခေါ်ယူသော အစီအစဉ်ဖြစ်ပါသည်။)
- အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့် သင့်တော်သော ကျန်းမာရေးရှိရပါမည်။
- သင်တန်းတက်ရောက်ခွင့်ရသောနေ့တွင် အသက် (၁၆) နှစ်ပြည့်ပြီး အသက် (၂၃) နှစ်မပြည့်သေးသူဖြစ်ရပါမည်။


၆။ ထောက်ပံ့မှုအစီအစဉ်များ
သင်တန်းများသည် အခမဲ့သင်တန်းဖြစ်သည့်အပြင်
- သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်း
- သင်တန်းတက်ရောက်နေသည့် ကာလအတွင်း လစဉ်လမ်းစရိတ် (၃၀၀၀၀) ကျပ်နှင့် နေ့လယ်စာကျွေးခြင်း
- သင်တန်းဝတ်စုံ (အင်္ကျီ) နှင့်လက်တွေ့ခန်းဝတ်စုံ ထောက်ပံ့ပေးခြင်း (အနက်ရောင် ဘောင်းဘီရှည်ကို သင်တန်းသားမှ ကိုယ်ပိုင်ဝယ်ယူ ဝတ်ဆင်ရပါမည်။)
-ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို သင်တန်းပို့ချသည့်ကာလ ပြီးဆုံးသည့်အချိန်တွင် အလုပ်အကိုင်နှင့် မိတ်ဆက်ပေးခြင်းတို့ကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။


၇။ သင်တန်းဆင်းလက်မှတ်
- သတ်မှတ်ကျောင်းခေါ်ချိန်ပြည့်မီ၍ူ စာမေးပွဲဖြေဆိုအောင်မြင်ပြီး လုပ်ငန်းခွင် လက်တွေ့သင်တန်း ပြီးမြောက်သူများသည် သင်တန်းပြီးဆုံးအောင်မြင်ကြောင်း အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ် (Certificate) ရရှိမည်ဖြစ်ပါမည်။


၈။ လျှေက်လွှာတင်ရန်
လိုအပ်သော စာရွက်စာတမ်းများ
- ဝင်ခွင့်လျှောက်လွှာ
- ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ
- နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
- ပညာအရည်အချင်းအတွက်ထောက်ခံချက်
- ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်


ဝင်ခွင့်လျှောက်လွှာကို အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) နှင့် WITH မေတ္တာအလင်းအသင်း ရုံးခန်းများတွင် ရယူနိုင်ပြီး FaceBook Page: F & BVT မှ လည်း Download ဆွဲယူနိုင်ပါသည်။


လျှောက်လွှာကို ကြော်ငြာပါသည့်ရက်မှ (၃၀-၈-၂၀၁၉) ရက်အထိနံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း အထက်ပါရုံးများသို့ လျှောက်ထားနိုင်ပါသည်။ (အစိုးရရုံးပိတ်ရက်များ ရုံးပိတ်မည်ဖြစ်ပါသည်။)


လူတွေ့မေမြန်ခြင်း
- သတ်မှတ်ထားသည့် အရည်အချင်းများ ပြည့်မီသော လျှောက်ထားသူများသည် လူတွေ့မေးမြန်ခြင်း (Interview) ဖြေဆိုရပါမည်။
- လူတွေ့မေးမြန်း၍ ဖြေဆိုအောင်မြင်သူများသည် ကျန်းမာရေးဆေးစစ်ချက်ဆက်လက်ခံယူပြီး ရောဂါကင်းရှင်းသူဖြစ်မှသာ ဝင်ခွင့်ရမည်ဖြစ်သည်။

 

Read More: တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းခေါ်ယူခြင်း


၉။ ဆက်သွယ်ရန်
အသေးစိတ်အချက်အလက်များသိရှိလိုပါက
- အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ)၊ ဗိုလ်အောင်ကျော်လမ်း(မီးခွက်ဈေးအနီး)၊ လှိုင်သာယာမြို့နယ်၊ ဖုန်းနံပါတ် (၀၉-၂၆၆၀၈၀၅၃၈)
- အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)၊ ပြည်တော်သာ၊ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်မြို့နယ်၊ ဖုန်း (၀၁၃-၆၄၁၆၉၆)
- WITH မေတ္တာအလင်းအသင်း၊ အမှတ် (၅၉၂)၊ ဓမ္မာရုံလမ်း၊ ရွာမအရှေ့ရပ်ကွက်၊အင်းစိန်မြို့နယ်၊ ဖုန်း(၀၉-၄၄၇၄၆၂၆၈၈) တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


(နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန)

 

Source: ကြေးမုံ

 

News Read 1387 times