Sales Hotline : 09448001653       Download App



နေပြည်တော်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းဖွင့်လှစ်မည်

နေပြည်တော်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းဖွင့်လှစ်မည်

နေပြည်တော်တွင် စက်မှုလက်မှုသိပ္ပံ (GTI) အဆင့် သက်မွေးပညာသင်တန်းကျောင်းဖွင့်ရန် ပညာရေးဝန်ကြီးဌာန စီစဉ်နေရာ ကျောင်းသစ်တည်ဆောက်ရန် ဆောက်လုပ်ရေးတင်ဒါများ ခေါ်ယူထားကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှနကြားရေးမှူးတစ်ဦးက ပြောပါသည်။

 

အစိုးစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) အတွက် အလုပ်ရုံနှစ်ခုနှင့် ဆရာ၊ ဆရာမဆောင်လေးခု ဆောက်လုပ်ရန် တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီများကို ဇွန်လ(၂၈) ရက်အထိ တင်ဒါခေါ်ယူပြီး ယခုဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် ဆောက်လုပ်မည်ဖြစ်ပါသည်။

 

ယခင်က နည်းပညာနှင့် သက်မွေးကျောင်းများကို နယ်မြေဖွံ့ဖြိုးရေး ရည်ရွယ်ချက်ဖြင့် တောင်ပေါ်ဒေသများ၊ ဝေးလံခေါင်ဖျားဒေသများတွင် ဖွင့်လှစ်သော်လည်း လက်ရှိတွင် ဒေသစီးပွားရေးလုပ်ငန်းများ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်အရ ကျောင်းသစ်များဖွင့်ရန် ပညာရေးဝန်ကြီးဌာနက မူဝါဒချမှတ်ထားပါသည်။

 

“ အရင်တုန်းကတော့ Supply Basic ပေါ့။ နယ်မြေဖွံ့ဖြိုးအောင်ရှမ်းတို့၊ တီးတိန်တို့မှာ ဘဏ္ဍာငွေသုံးပြီး ဖွင့်ပါတယ်။ အခုဒီဘက်ခေတ်မှာ Demand Basic ပေါ့။ ဘယ်နေရာကလိုလဲ၊ လိုတဲ့နေရာ ဖြည့်ပါတယ်။ နောင်လာမယ့်နှစ်တွေမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေက ပရောဂျက်ဧရိယာတွေ ဖြစ်ပါမယ် " ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါသည်။

 

Read More: အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဝင်ခွင့်စတင်ခေါ်ယူခြင်း

 

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ တောင်ဒဂုံမြို့နယ်များတွင် စက်မှုလက်မှုသိပ္ပံ (GTI) အဆင့် သင်မွေးပညာသင်တန်းကျောင်းသစ်များဖွင့်ရန် ဆောက်လုပ်ရေးတင်ဒါခေါ်ယူထားပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဒလမြို့နယ်တွင် စက်မှုလက်မှု သိပ္ပံအဆင့်သက်မွေးပညာသင် ကျောင်းသစ်ဖွင့်ရန် စတင်အကောင်အထည်ဖော်မည်ဟု ဦးဝင်းမော်ထွန်းက ပြောကြားထားပါသည်။

 

တစ်နိုင်ငံလုံးတွင် စက်မှုလက်မှု သိပ္ပံအဆင့် သက်မွေးပညာသင်ကျောင်း (၂၂) ကျောင်းရှိပြီး အင်ဂျင်နီယာ၊ အဆောက်အအုံနည်းပညာ၊ အိမ်တွင်းစက်မှုလက်မှုသင်တန်းများကို ကာလတိုနှင့် ကာလရှည် သင်တန်းများ ပို့ချနေပါသည်။

 

Source: 7 Days News

 

News Read 2750 times